ဒီကောင်လေးကတော့ Greeting Card Designer လေးပါ..။ မနေ့၊ တနေ့က တင်ပေးလိုက်တဲ့ Business Card ဆော့ဖ်ဝဲလ်ထက် ပိုလန်းသလိုပဲ.. ဒါလေးနဲ့ တော်တော်များများကို အသုံးဝင်ပါလိမ့်မယ်..။ သူ့ထဲမှာ ဒီဇိုင်းမျိုးစုံ စတိုင်မျိုးစုံ ပါပါတယ်..။ ဆော့ဖ်ဝဲလ်လေး သေးသလောက် အတော်လေးကောင်းပါတယ်..။ အရောင်စုံ ကာလာစုံ ပါလို့ ဒီကောင်လေးကို ပိုသဘောကျနေမိတယ်..။ Effect တွေလည်း အများကြီးပါတယ်..။ အားလုံးကို ပြပေးဖို့ မဖြစ်နိုင်တဲ့အတွက် တခုတော့ လုပ်ပြထားပါတယ်..။ ကျန်တာတွေကိုတော့ မိမိတို့ဖါသာ စမ်းသပ်ရှာဖွေကြပါ..။ အများကြီးအသုံးဝင်ပါတယ်..။ အပျော်တမ်းသမားများ အတွက်တင် မကပါဘူး.. စီပွါးရေးသမားများအတွက်ပါ အသုံးတည့်ပါတယ်..။ ဒီကောင်လေးအတွက် Key လေးပါ ထည့်ပေးထားပါတယ်..။ ဒီကီးလေး ထည့်ပေးလိုက်ရင် ဖူးသုံးလို့ ရသွားပါပြီ..။ အောက်မှာ ကျနော် သူ့ရဲ့ကီးလေးကို ထည့်ပြထာပြီး.. နမူနာတခုပါ လုပ်ပြထားပါတယ်..။ လိုအပ်တဲ့သူများ အောက်ကလင့်ကနေ ဒေါင်းယူပြီး လုပ်နည်းလေးပါ ဆက်ကြည့်လိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့ 15 MB ရှိပါတယ်..။
အပေါ်ဆုံးပုံမှာ ပြထားတဲ့အတိုင်း သူ့ Key လေးထည့်ပေးလိုက်ရင် ဖူးဖြစ်သွားပါပြီ..။ ပုံမှာပြထားတဲ့ အတိုင်း အဆင့်ဆင့်နှိပ်သွားလိုက်ပါ..။
ကီးထည့်ပြီးသွားရင် ဒီကောင်လေးကို ပိတ်ချလိုက်ပါ..။ ပြီးမှ ပြန်ဖွင့်ပါ..။ ဖွင့်လိုက်တာနဲ့ အောက်ကပုံလေးအတိုင်း ပေါ်လာပါလိမ့်မယ်..။ မိမိတို့ကြိုက်နှစ်သက်တဲ့ ဒီဇိုင်းကို ရွေးလိုက်ပါ..။ ဒီပုံမှာတော့ ကျနော် ကြိုက်တဲ့ စတိုင်လေးတခုကို ပုံမှာပြထားတဲ့ အတိုင်း ယူလိုက်ပါတယ်..။
အပေါ်မှာ စာတကြောင်း ရေးပြီးသွားလို့ နောက်တကြောင်းရေးဖို့ ဆိုရင် ဒီအောက်ကပုံလေးအတိုင်း Add Text ကနေ သွားယူပါ..။ မနေ့က Business Card ဆော့ဝဲလ်လိုပဲ.. မြန်မာစာ ရိုက်လို့မပေါ်ရင် Text Element ဆိုတဲ့ အင်္ဂလိမ်စာသားကို တဝက်ဖြတ်ပီး ဒါမှမဟုတ် နောက်ကနေ ရိုက်ပါ..။ မြန်မာစာ ရိုက်လို့ အဆင်ပြေပါတယ်..။ မြန်မာစာလုံးအလှတွေပါ သုံးလို့ ရပါသေးတယ်..။ အောက်မှာ ကျနော်စာရိုက်လိုက်ပါပြီ..
အပေါ်ပုံကတော့ စာလုံးအရောင်ပြောင်းပြထားတာ ဖြစ်ပြီး.. အောက်ပုံကတော့ စာလုံးရဲ့အရိပ်ကို ထည့်ပြထားတားပါ..။ အားလုံးပဲ ပုံကြည့်ပြီး အဆင်ပြေလိမ့်မယ်လို့ ထင်ပါတယ်..။
အောက်ကပုံကတော့ ရေးထားပြီးသား စာလုံးကို နောက်ထပ်ဒီဇိုင်းတမျိုး လုပ်ယူလို့ရတယ်ဆိုတာ ပြပေးထားတာပါ..
်မိမိတို့စိတ်ကြိုက်ဖြစ်လို့ သိမ်းတော့မယ်ဆိုရင်တော့ အောက်ကပုံလေးအတိုင်း သိမ်းပေးလိုက်ပါ..။
အောက်ဆုံးမှာတော့ ကျနော်လုပ်လိုက်တဲ့ပုံလေး ရလာပါပြီ..။ ဒီလောက်ဆိုရင်တော့ ဒီကောင်လေးကို အသုံးပြုတတ်လောက်ပါပြီ..။ အားလုံးပဲ လုပ်တတ်ကိုင်တတ်၍ အဆင်ပြေကြပါစေဗျာ..
0 comments:
Post a Comment
ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါတယ်. ♪♫#*♥winaung♥*#♫♪...၏
ဆိုဒ်လေးမှနွေးထွေးစွာကြိုဆိုပါ၏..သည်ဆိုဒ်လေးစတင်သည်ခုနုစ်
(03/october/2012)မှသည်ဆိုဒ်လေးသည်နည်းပညာများ
ဆာ့ဝဲလ်းများလေ့လာရှာဖွေရင်းစတင်စုဆောင်ထာသည်ဆိုဒ်လေးဖြစ်ပါသည်..
ကျွန်တော်လိုချင်တဲ့ချိန်မှာရှာရတာလွယ်ကူအောင်.သည်နေရာလေးမှာစုထာချင်းဖြစ်ပါသည်...
မိတ်ဆွေများလဲလိုချင်တာများခွင့်တောင်းစရာမလိုယူသွားနိုင်ပါသည် .....ရွှင်လန်းချမ်းမြေ့ပါစေ..