♫♪၀ါသနာတူMember ၀င်ထားကြတဲ့ မိတ်ဆွေများ♪♫

Showing posts with label Gtalk. Show all posts
Showing posts with label Gtalk. Show all posts

8/04/2013

မိမိ Gtalk မှာ စာရိုက်နေပါသည် စာသားလေး ပေါ်စေချင်တဲ့ သူငယ်ချင်းတွေ အတွက်

ကျွန်တော် ဒီတစ်ခါတော့ ကျွန်တော့ ဆီကို ညီလေး minkhant@gmail.com က Gtalk မှာ သူများက ကိုယ့်ဆီကို စာရိုက်တဲ့ အခါ Gtalk ရဲ့ Chat Box လေးရဲ့ ညာဘက်ဒေါင့်နေရာလေးမှာ စာရိုက်နေပါသည် လို့ ဆိုတဲ့ စာတန်းလေး ပေါ်အောင်လုပ်တဲ့ Software လေးရှိရင် ပေးပါလို့ တောင်းဆိုထားတဲ့ အတွက် ကျွန်တော် အခု တင်ပေးလိုက်ပါပြီဗျာ။

Protable လေးပေါ့ဗျာ။ဘာမှ Install တွေ ဘာတွေ လုပ်နေစရာမလိုပဲ။Double Click လေးနှိပ်လိုက်ယုံဖြင့် အသုံးလို့ရနိုင်တဲ့ Software မျိုးလေးပေါ့ဗျာ။မကောင်းဘူးလားဗျ။သူငယ်ချင်းတွေ လဲ လိုချင်ရင် ကျွန်တော်က ပေးဖို့ အဆင်သင့်ပါပဲနော်။အဲ့.....တစ်ခု သတိပေးချင်ပါတယ်ဗျာ။အဲ့ဒီ Software လေးရဲ့ အားနည်းချက် လေးကတော့ Gtalk Account ကို နှစ်ခုဖွင့်ပြီး သုံးလို့မရတာပါပဲဗျာ။ အဲ့ဒီ အတွက်တော့ စိတ်မကောင်းပါဘူးဗျာ။ အောက်ကပုံလေး အတိုင်း မြင်ရပြီး အသုံးပြုလို့ရမှာ ဖြစ်ပါတယ်ဗျာ။


ကဲ ..... ဘယ်လိုလဲ သူငယ်ချင်းတွေ စိတ်ဝင်စားသွားကြပြီ မဟုတ်လား။ Design လေး က လန်းတယ်ဟုတ်။ လိုချင်ရင်တော့ အောက်မှာ Download Link လေး ပေးထားပါတယ်ဗျာ။ သွားယူလိုက်ပါဦးနော်။

(ဒီ Link လေးမှာ Download ယူသွားလိုက်ပါနော်။)

သူငယ်ချင်းတွေ အားလုံး သဘောကျနှစ်ခြိုက်လိမ့်မယ်လို့ ကျွန်တော် ထင်ပါတယ်ဗျာ။ သူငယ်ချင်းတွေ သဘောကျရင် ကျွန်တော် ၀မ်းသာပါတယ်ဗျာ။ ကျွန်တော့ IT Bank Site လေးကိုလဲ အားရင် လာလည်ကြပါဦးလို့  တောင်းဆိုပါ ရစေဗျာ။
 
ရဲကျော်ဖြိုး 
(Yekyawphyo) 
9FEB2012-006 
Technique & Software 
 www.nayzawlin.com/ 
baby.blacklay4@gmail.com 
yekyawphyo@nayzawlin.com 
http://welcometoitbank.blogspot.com/ritten By နေဇော်လင်း- မီဒီယာ

6/23/2013

Gmail Gtalk အကြောင်းစုံလင်အောင်ရေးထားတဲ့ ဘာသာပြန်စာအုပ်




Gmail Gtalk အကြောင်းစုံလင်အောင်ရေးထားပါတယ်အကောင့်အသစ်မလုပ်တတ်

တဲ့ ကျနော့သူငယ်ချင်းများဖတ်ရမယ့်စာအုပ်လေးပါမေးထဲကနေတောင်းထားတဲ့

အကောင့်အခိုးမခံရအောင်လုပ်တဲ့နည်းလည်းဒီစာအုပ်လေးဖတ်ကြည့်လိုက်ပါတ

ကယ်ကောင်းတဲ့စာအုပ်လေးပါဒီစာအုပ်လေးထဲမှာ....



အကောင့်အသစ်လုပ်နည်းများ..အကောင့်မသုံးချင်တဲ့အခါဖျက်တဲ့နည်းမ၀င်လာ

စေချင်တဲ့မေးတွေကိုတားနည်း..သူငယ်ချင်းတစ်ယောက်မေးထားသလိုမျိုးချစ်သူ

ရဲ့အကောင့်ထဲမှာစပိုင်ထဲ့ထားတဲ့နည်းလေးချစ်သူဆီမေးဝင်ရင်ကိုယ့်ဆီပါCopy

တစ်ဆောင်ရောက်လာအောင်လုပ်တဲ့နည်းလေးပါတကူတကကိုယ့်ချစ်သူဆီသွား

စစ်စရာမလိုပဲကိုယ့်ချစ်သူကိုဘယ်သူတွေမေးပို့ နေတယ်ဆိုတာအကုန်သိနိုင်ပါ

တယ်ပြီးတော့ဟိုးအရင်မေးတွေကအစပြန်ဝင်လာတာတွေ့ ရပါတယ်ဝင်လာတဲ့

မေးတွေကိုလည်းခေါင်းစဉ်ခွဲလေးနဲ့ ထားလို့ ရပါတယ်ဥပမာချစ်သူဆီမှမေးများ

သူငယ်ချင်းဆီမှမေးများဖတ်ကြည့်ရင်တကယ်အကျိုး၇ှိမယ့်စာအုပ်လေးပါ
စာအုပ် ဒေါင်းရန်... ဒီမှာ
ရှာဖွေဖတ်မိသမျှ ပြန်လည်မျှဝေသည်...

2/19/2013

Gtalk Background



သိပြီးသားဆိုရင်တော့ ဆောရီးပေါ့ဗျာ... Gtalk မှာ အဲလို background လှလှလေးနဲ့ မချက်ချင်ဘူးလား? ချက်ချင်မှာပေါ့နော်...
ကဲ အရင်ဆုံး ဒီနေရာက ဖိုင်လေးကို ဒေါင်းလိုက်ပါ... ပြီးရင် ဖြည်လိုက်ပါ... ဖိုင်ဖြည်ဖို့ winrar software မရှိရင် ဒီနေရာမှာ ဒေါင်းလိုက်ပါ... ပြီးရင် ဒီကို ရောက်အောင် သွားပါ...

C:\Documents and Settings\user\Local Settings\Application Data\Google\Google Talk\themes\system\chat

အနီနဲ့ပြထားတဲ့ User နေရာမှာ ကွန်ပျူတာ တစ်လုံးနှင့် တစ်လုံး မတူပါ... ပြီးရင်တော့ ခုနက ဖြည်ထားတဲ့ Rose ဖိုင်လေးကို ထည့်လိုက်ပါ... ပြီးရင် Gtalk Setting ကိုသွားရအောင်... Setting >> Appearance က Chat Theme နေရာမှာ Rose ကိုရွေး Apply >> ok ပေါ့... ဒါဆိုရင် အိုကေပါပြီး...
အထက်ပါ background ကိုမကြိုက်သူများ မိမိနှစ်သက်ရာ background ကိုထည့်သွင်းနိုင်ပါတယ်... အဲလိုထည့်ဖို့အတွက်
Rose>> Contents>> Resource>>Images က back.jpg ပုံလေးနေရာမှာ ကိုယ်ထည့်ချင်တဲ့ background ပုံလေးကို အစားထိုးလိုက်ပါ... ပေးရမည့် နာမည်ကလည်း back.jpg ဖြစ်ပါတယ်... အဲဒါဆိုရင် ကိုယ်နှစ်သက်ရာ background ဖြင့် ပျော်ရွှင်စွာ ချက်နိုင်ပါပြီ..
Read More
Share/Bookmark

1/12/2013

Gtalk Always Idel Free Download



Gtalk ကို Idle (၀ါအောင်) လုပ်တဲ့ Software ဆိုရင် တော်တော်များများသိကြပါတယ်..အခုလည်း Cbox မှာအစ်ကိုတစ်ယောက်က တောင်းဆိုလာတဲ့အတွက် တင်ပေးလိုက်ပါတယ်။ Download ရယူနိုင်ပါပြီ
အသုံးပြုနည်းကတော့..အောက်မှာမှာပြထားတဲ့အတိုင်း.....


Gtalk Icon လေးအပေါ်ကို Right Click ထောက်ပြီး Always Idle လို့ရွေးပေးလိုက်ရုံပါ..အသုံးမလိုတော့ဘူး ဆိုရင်တော့ Normal Idle လို့ပြန်ပြောင်းပေးလိုက်ရုံပါ။


Click Here to Download
Read More
Share/Bookmark

12/28/2012

ဂျီတောပွားနည်း

ကျွန်တော်တို့ Google Talk ကို နှစ်ခု သုံးခုဝင်လို့ရအောင်ဘယ်လိုလုပ်မလဲ? လွယ်ပါတယ်။ အရင်ဆုံး Desktop ပေါ်က Google Talk iCon လေးပေါ်မှာ Right Click ပြီးတော့ Properties ကိုနှိပ်လိုက်ပါ။ ပြီးရင်တော့ Target: Text Box မှာ အောက်ကစာလိုမျိုးလေးပေါ်နေပါလိမ့်မယ်။

"C:\Program Files (x86)\Google\Google Talk\googletalk.exe" /startmenu




ပုံမှာ Select လုပ်ထားတဲ့ startmenu ဆိုတာလေးကို ဖျက်ပြီးတော့ nomutex ဆိုတာလေးကို ရေးပြီး OK ကို နှိပ်လိုက်ပါ။ ပြီးရင် Google Talk အား နှစ်ခု သုံးခုဝင်လို့ရသွားပါပြီ။

Read More
Share/Bookmark

12/25/2012

Gtalk မှာ မြန်မာစာမပေါ်ခြင်း ပြဿနာ ဖြေရှင်းနည်း


ဒီနည်းလေးကတော့ ဆိုဒ်တော်တော်များမှာ တင်ထားပြီးသားပါ..။ ဒါပေမယ့်လည်း ကျနော်က ကောင်းတဲ့နည်းလေးတွေအပြင် နောက်ထပ်ကောင်းတာလေးတွေပါ ထပ်ဖြည့်ပြထားပါတယ်..။ ဟိုပြောင်းဒီပြောင်း မလုပ်ချင်တဲ့သူများကတော့ IE Zawgyi Gtalk Font ကို ဒေါင်းလော့ချပြီး Install ဆွဲထည့်ပေးလိုက်ပါ..။ ပြီးရင်တော့ စက်ကို Restart  ချပေးလိုက်ရင် Gtalk မှာ မြန်မာစာ ပေါ်လာပါပြီ..။ ဒါပေမယ့် IE Zawgyi Gtalk Font ရဲ့အားနည်းချက်က တချို့ဝင်းဒိုးတွေမှာ အင်စတောဆွဲတဲ့အခါ တဝက်နဲ့ ရပ်နေတတ်တာပါပဲ..။ အဲလိုဖြစ်ခဲ့ရင်တော့ နောက်ထပ်နည်းလေးတွေနဲ့ အောက်ကပုံလေးတွေအတိုင်း အပြောင်းအလဲလေး လုပ်ပေးလိုက်ပါ..။

IE Gtalk Zawgyi Font


Mediafire
Minus
Jumbofiles

အပေါ်က ဆော့ဝဲလ်ကိုသွင်းတဲ့ အခါ ဒီအောက်ကပုံလေး ပါလာပါလိမ့်မယ်..။ သေချာအောင် ပုံထဲကစာတွေ ဖတ်ကြည့်လိုက်ပါဗျာ..။ 


တကယ်လို့ အပေါ်က ဆော့ဝဲလ်မရခဲ့ရင် ဒီအောက်က ဆော့ဝဲလ်ကို ထပ်သွင်းကြည့်ပါ..။ ဒီကောင်လေးကတော့ ကျနော်အစောကြီးကတည်းက ဆိုဒ်ရဲ့ ညာဘက်ခြမ်းမှာ တင်ထားပေးပြီးသားပါ..။ သူ့မှာလည်း အားနည်းချက်က တချို့ဝင်းဒိုးတွေမှာ အင်စတောဆွဲရင် တဝက်နဲ့ ရပ်နေတတ်တာပါပဲ..။ အောက်မှာလင့်တွေ ထပ်ချိတ်ထားပေးလိုက်ပါတယ်..

IE Zawgyi Gtalk Font   


Mediafire
Minus
Jumbofiles

ဒီဆော့ဝဲလ်တွေထည့်သည့်တိုင်အောင် Gtalk မှာ မြန်မာစာမပေါ်သေးဘူး ဆိုရင်တော့ အဆင့်ဆင့် ပြောင်းလဲဖို့လိုလာပါပြီ...။ ဒါကြောင့် မိမိတို့ရဲ့ Gtalk ကိုဖွင့်လိုက်ပါ..


Gtalk ဖွင့်ပြီးရင်တော့ ဒီအောက်ကပုံအတိုင်း Setting ကနေ သွားလိုက်ပါ... နံပါတ်စဉ်တိုင်း နှိပ်သွားလိုက်ပါ..


အပေါ်အဆင့်ပြီးရင်တော့ နောက်တဆင့် ထပ်ပြောင်းပေးရ ပါအုန်းမယ်..။ မိမိတို့ကွန်ပျူတာရဲ့ Start Menu ကနေသွားပြီး Internet Explorer ကိုဖွင့်လိုက်ပါ.. အောက်ကပုံလေးအတိုင်း နံပါတ်စဉ်လိုက် ဆက်ကြည့်လိုက်ပါဗျာ..




အပေါ်ကပုံလေးတွေအတိုင်း အဆင့်ဆင့်ပြောင်းလဲပြီးသွားရင်တော့ Gtalk မှာ မြန်မာစာပေါ်လာပါပြီ...။


တကယ်လို့ ဒီအဆင့်တွေအားလုံး လုပ်ပြီးတဲ့အထိ မြန်မာစာမပေါ်သေးဘူးဆိုရင်... အောက်ကပုံ အတိုင်းထပ်ပြောင်းပေးဖို့ လိုလာပါပြီ... Start ကနေ Control Panel ကိုဖွင့်.. ပုံမှာဆက်ကြည့်လိုက်ပါဗျာ..



ဒါတွေအားလုံးပြီးရင်တော့ Gtalk မှာ သေချာပေါက် မြန်မာစာ ပေါ်လာပါပြီ..
အားလုံးပဲ လုပ်တတ်ကိုင်တတ်၍ ပျော်ရွှင်ကြပါစေ..
by
Read More
Share/Bookmark

Gtalk မှာ မြန်မာလို မပေါ်ပဲ စာရိုက်ရင် အတုံးလေးတွေပဲ ပေါ်နေလို့ စိတ်ညစ်နေတဲ့ သူတွေအတွက်



အောက်က ပုံလေး အတိုင်းပြီးသွားရင်တော့ Gtalk Setting ရဲ့ General ဆိုတဲ့နေရာလေးကို ရောက်သွားပါလိမ့်မယ်။အဲ့ဒီမှာ Change Font ဆိုတဲ့နေရာလေးကို Click လိုက်ပါ။ မလုပ်တက်သေးရင် ကျွန်တော်အောက်မှာ ပုံလေး နဲ့ တကွရှင်းပြပေးထားပါတယ်ဗျာ။



အပေါ်က ပုံလေး အတိုင်းကော စာလေးကော လုပ်လို့ပြီးသွားရင် Change Font ဆိုတဲ့နေရာလေး ကို နှိပ်လိုက်ရင် Box တစ်ခု ကျလာပါလိမ့်မယ်။ အဲ့ဒီ Box လေးမှာ Zawgyi-One ဆိုတာလေးကို ရှာပြီး Click လိုက်ပါ။ပြီးရင် တော့ Ok ပေါ့။မရှင်းသေးရင် အောက်ကပုံလေး ကိုကြည့်လိုက်ပါနော်။


အဲ့ဒါမှ အဆင်မပြေသေးဘူး ဆိုရင် Internet Explorer ရဲ့ Tools က Internet Options ကို Click လိုက်ပါ။ အောက်က ပုံလေး အတိုင်းပေါ့ဗျာ။


Click ပြီးပြီဆိုရင်တော့ Internet Options က General ဆိုတဲ့ စာမျက်နှာလေး မှာ Fonts ဆိုတဲ့ နေရာလေးကို Click လိုက်ပါ ။ေ အာက်က ပုံလေး အတိုင်းပေါ့။


Fonts ဆိုတဲ့ နေရာလေးကို Click ပြီးသွားရင် ကျွန်တော်တို့ က နောက်တစ်ဆင့်မှာ Language script: ဆိုတဲ့နေရာမှာ Latin Based ကို ရွေးထားရမှာဖြစ်ပါတယ်ဗျာ။ပြီးရင် အောက်နားလေးမှာ Webpage Font: ဆိုတဲ့ နေရာလေးမှာတော့ Zawgyi-one ကို ရေးထားရမှာ ဖြစ်ပါတယ်ဗျာ။ကျွန်တော် အောက်ကပုံလေး အတိုင်း ပြောင်းရမဲ့ နေရာလေးတွေကို အနီဝိုင်းလေး ပြထားပါတယ်ဗျာ။အောက်ကပုံလေး အတိုင်း အဆင့်ဆင့် လုပ်သွားလိုက်ပါဗျာ။


အဲ့ဒါမှ အဆင်မပြေသေးရင် ကျွန်တော် အပေါ်မှာ ပြောခဲ့တဲ့ အတိုင်း Language script: ဆိုတဲ့နေရာလေးကို Latin Based မပြောင်းတော့ဘဲ Myanmar ဆိုတာလေးကို ရွေးလိုက်ပါ။ပြီးရင် Webpage Font: နေရာလေးမှာတော့ Zawgyi-one လေးပေးထားလိုက်ပါဗျာ။ပြီးရင် တော့ နောက်ဆုံး အဆင့်အနေနဲ့ Ok ပြီးရင် Apply ပေါ့ဗျာ။

ဒါဆိုရင် မိမိ Gtalk မှာ မြန်မာလို စာရိုက်လို့ရပါပြီဗျာ။အဲ့... တစ်ခုတော့ ရှိတယ်နော်။ Zawgyi Font ကို မိမိ PC မှာ Install လုပ်ထားဖို့တော့ လိုအပ်ပါလိမ့်မယ်။ Zawgyi Font ကို မိမိ စက်ထဲ ထည့်ရမှာက နှစ်မျိုးရှိပါတယ်။ ZawGyi Keyboard ဆိုတာရယ် Font ရယ်ဆိုတာပါပဲ။ Keyboard ဆိုတာကတော့ မြန်မာလို Keyboard နဲ့စာရိုက်လို့ရအောင် လုပ်တဲ့ Software လေးပေါ့။Font ဆိုတာကတော့ မြန်မာ Gtalk တွေ Internet Browser တွေမှာ မြန်မာလို မြင်ရနိုင်အောင် အသုံးပြုတဲ့ Font ဆိုတဲ့ Software အသေးလေးပေါ့ဗျာ။

အဲ့ဒီ Software လေးကို ကျွန်တော့ ၀က်ဆိုဒ်ရဲ့ ဘယ်ဘက်ဒေါင့်လေးမှာ ဇော်ဂျီဖောင့် ရယူရန် ဆိုတဲ့နေရာလေးမှာ Download ရယူနိုင်ပါတယ်ဗျာ။ZawGyi Font Install လုပ်နည်းကို ကျွန်တော် နောက်ကျရင် Post တစ်ခု အနေနဲ့ရှင်းပြပေးပါ့မယ်ဗျာ။သိတဲ့ သူတွေအတွက် မခက်ဘူး ဆိုပေမဲ့ မသိတဲ့ သူတွေ အတွက်တော့ မလွယ်လှဘူးပေါ့ဗျာ။မဟုတ်ဘူးလား။ကျွန်တော် အခုလို ရှင်းပြထားတာလေးတွေကလဲ မသိတဲ့ သူတွေ အတွက်ပါဗျာ။

ကျွန်တော် သူငယ်ချင်းတွေ နားလည်အောင် ကျွန်တော် အတက်နိုင်ဆုံးလေး ရှင်းပြပေးထားပါတယ်ဗျာ။ သူငယ်ချင်းတွေလဲ ကျွန်တော်ရှင်းပြထားတာလေးကို အဆင်ပြေကြပါစေလို့ ဆုတောင်းပေး လိုက်ပါတယ်ဗျာ။ ကျွန်တော်ဘက်က သူများတကာ ဆိုဒ်တွေထက် လိုအပ်မှုလေးတွေ ရှိရင် ဝေဖန်အကြံပေးနိုင်ပါတယ်နော်။ကျွန်တော် အတက်နိုင်ဆုံး ကြိုးစားပေးသွားပါ့မယ်ဗျာ။
byနေဇော်လင်း

11/18/2012

ဂျီပုန်းများ သတိထားဖို့

အိမ့်သံစဉ် ရေးသားသည်

ကိုယ် ဘယ်နိုင်ငံ၊ ဘယ်နေရာကနေ အင်တာနက်သုံးနေတာကို မသိစေချင်သူများ
ဒါမှမဟုတ်
တဖက်လူ ဘယ် နိုင်ငံ၊ ဘယ် နေရာက အင်တာနက် သုံးနေတယ်ဆိုတာ သိချင်ရင်တော့ G-Talk ကနေ Call ခေါ်လာလိုက်ရင် ကိုယ့်ရဲ့ IP Address နဲ့ တဖက်ရဲ့ IP Address ကို အလွယ်တကူ သိနိုင်ပါတယ်။
ယခုခေတ်မိန်းကလေးများ သက်ဆိုင်သူ ယောင်္ကျားလေးများ အင်တာနက် အသုံးပြုနေသည့်နေရာကို အလွယ်တကူ သိရှိနိုင်မှာပါ။

ကိုယ်က ဘယ်နိုင်ငံ၊ ဘယ်နေရာက သုံးတယ်ဆိုတာ မသိချင်သူများကတော့ တဖက်က G-Talk ကနေ Call (အသံနဲ့ စကားပြောခေါ်ဆိုခြင်း) ကို လက်မခံလိုက်ပါနဲ့။ လက်ခံ လိုက်ရင်တော့ သင် ဘယ်နေရာကနေ အင်တာနက် သုံးနေ တယ် ဆိုတာ တဖက်လူက ခြေရာခံမိသွားနိုင်ပါတယ်။
တဖက်လူရဲ့ IP Address ကို သိချင်ရင်တော့ G-Talk ကနေ တဖက်လူကို Chatting လုပ်ပြီး အသံနဲ့စကားပြောဖို့ Call ကိုခေါ်ရမှာဖြစ်ပါတယ်။
ဒါအတွက် ပထမဆုံးကတော့ G-talk ရဲ့ အောက်မှာ အနီဝိုင်းပြထားတဲ့ Setting ကို အရင် Click လုပ်ပြီး အရင်သွားလိုက်ပါ။

ဒါဆိုရင် အောက်ကလို Box ကလေး တခု ပေါ်ထွက်လာမယ်။ အဲဒီမှာ Connection ဆိုတဲ့ မှင်နီဝိုင်းပြထားတာကို ရွေးပြီး ကလစ်ပေးလိုက်ပါ။ အောက်မှာပြထားတဲ့အတိုင်းလေး ဖြစ်နေစေရပါမယ်။ အဲဒီမှာတော့ နောက်ထပ်မှင်နီ အကြီးနဲ့ ၀ိုင်းထားတဲ့ Start Monitor ကို ကလစ်ပေးလိုက်ပါ။
အပေါ်ကပြောတဲ့အတိုင်းလုပ်ပြီးရင်တော့ ဒါဆိုရင်တော့ အောက်မှာ မြင်ရတဲ့ မှင်နီဝိုင်းထားတဲ့ Connection Monitor ဘောက်စ်ကျလာပါမယ်။ အဲဒီအနေအထားရှိနေပြီ ဆိုရင် တဖက်လူနဲ့ Chatting လုပ်နေရင်းက သူ့ရဲ့ IP Address ကို သိဖို့အတွက် အဆင်သင့်ဖြစ်နေပါပြီ။
ကိုယ်နဲ့ Chatting Box ကနေ စကားသံနဲ့ ပြောဖို့ အောက်မှာ မှင်နီပြထားတဲ့ Call ဆိုတာကို ခေါ်ရပါမယ်။ တဖက်လူက လက်ခံလိုက်သည်အထိ ခေါ်လိုက်ပါ။
တဖက်လူက လက်ခံလိုက်ပြီဆိုရင်တော့ အောက်မှာပြထားသလို Connection Monitor ဘောက်စ်ထဲမှာ တဖက်လူရဲ့ IP Address နံပါတ်တွေ ပေါ်လာပါပြီ။
သင်မြင်နေရတဲ့ တဖက်လူရဲ့ မှင်နီဝိုင်းပြထားတဲ့ IP Address ကို သေချာကူးယူပြီး Google ထဲကနေ IP address locator ကိုသွားရပါမယ်။ ပြီးရင် အောက်မှာ ပေါ်လာတဲ့ ဘောက်စ်ပေါ်လာမယ်။ အောက်မှာ မှင်နီဝိုင်းပြထားတဲ့ ဗလာအကွက်ဖြစ်နေတဲ့ Google custom search ဆိုတဲ့ နေရာမှာ မှတ်ထားတဲ့ IP address ကို ရိုက်ထည့်လိုက်ပါ။
ပြီးရင် မှင်နီဝိုင်းပြထားတဲ့ Search ဆိုတာလေးကိုကလစ်လိုက်ရင် နောက်ထပ်ဘောက်စ်တခု ကျလာပြီး တဖက် လူဟာ ဘယ်နိုင်ငံ၊ ဘယ်ပြည်နယ်၊ ဘယ်နေရာကနေ သုံးတယ်ဆိုတဲ့ အသေးစိပ် အချက်အလက်တွေကို မြင်သိရ ပြီဖြစ်ပါတယ်။
ချွင်းချက်အနေနဲ့ တဖက်လူက IP address ကို ပုန်းထား၊ ၀ှက်ထားလို့ရတဲ့ Software တခုခုကို သုံးထားရင်တော့ ထွက်ပေါ်လာတဲ့အချက်အလက်တွေက အမှန်မဖြစ်နိုင်ဘူးဆိုတာကိုတော့သိထားသင့်ပါတယ်။ များသောအားဖြင့် အဲဒီလို Hide your IP address ဆော့ဖ်ဝဲလ်သုံးလေ့သုံးထ မရှိတာများကြပါတယ်။
Read More
Share/Bookmark

11/17/2012

G-talk နဲ့Mobile ဖုန်းခေါ်မယ် .....


နိုင်ငံ ၃၀ ကို gtalk ကနေ အခမဲ့ အကန့်အသတ်မရှိ ဆက်သွယ်နိုင်တဲ့ နည်းလမ်းလေးပါ...
အသုံးပြုနည်းကတော့ ....

1. Google Talk ကိုဖွင့်ပါ။

2. ကိုယ်ဆက်ချင်တဲ့ ဖုန်းနံပါတ်ကို ပုံမှန် gtalk address တွေကို Add သလိုပဲ add လုပ်ပါ။

3. အဲလိုရိုက်တဲ့နေရာမှာ နိုင်ငံကုဒ်၊ ဒေသကုဒ်တွေကို ပါထည့်ပေးရပါမယ်။ gmail.com နေရာမှာ talkster.gtalk2voip.com ကို ပြင်ဆင်ရိုက်ထည့်ပေးပါ။

(phonenumber@talkster.gtalk2voip.com)
ဥပမာ: for UK, use 442071234567@talkster.gtalk2voip.com or for USA , use 12125551212@talkster.gtalk2voip.com

4.Talkster မှ ပေးပို့တဲ့ confirmation ကို instructions တွေနဲ့ အတူ မြင်ရပါလိမ့်မယ်။ တဘက်မှ သင်ဆက်သွယ်ချင်တဲ့သူသုံးဖို့ local Talkster number တစ်ခုကို ရရှိလာမှာ ဖြစ်ပါတယ်။ သူ့အနေနဲ့ အဲဒီနံပါတ်ကို ဖုန်းပြန်ခေါ်ဆိုရမှာ ဖြစ်ပါတယ်။

ဒီနေရာမှာ မရှင်းတဲ့ သူတော်တော်များများရှိလို့ ထပ်ပြောပြပါမယ်။ အဲဒီ နံပါတ်က ကိုယ့် ဂျီတော့အိုင်ဒီကို အဲဒီသူက အဲဒီနိုင်ငံကနေ ဖုန်းပြန်ခေါ်လို့ ရအောင် စီစဉ်ထားတာပါ။ Call back system သုံးဘူးတဲ့သူဆို သိပါတယ်။


ကိုယ်က ဒီကနေ ခေါ်လိုက်တာနဲ့ သူ့ဖုန်းမှာ အဲဒီ နံပါတ်ပေါ်ပါတယ်။
ဆယ်စက္ကန့်ပြီးလို့ ကျသွားတာနဲ့ သူက အဲဒီ နံပါတ်ကို ပြန်ခေါ်လိုက်ရုံပါပဲ။
လွယ်ပါတယ်။ တကယ်လို့ သူ့ဖုန်းမှာ နံပါတ်မပေါ်ရင် ကိုယ်က တနည်းနည်းနဲ့ ပို့ပေးပေါ့ဗျာ။ ဂျီမေးလ် ကိုတော့ အမြဲ အွန်ထားဖို့ လိုပါမယ်။

5. တကယ်လို့ mobile phone ကိုဆက်တာဖြစ်ခဲ့မယ်ဆိုရင်, သူ့အနေနဲ့ SMS ကတစ်ဆင့် သင့်ကိုပြန်လည်ဆက်သွယ်ရန် Talkster call-in number တစ်ခုကိုရရှိမှာဖြစ်ပါတယ်။ မရသေးဘူးဆိုရင် Talkster number ကို IM ဒါမှမဟုတ် email နဲ့ပေးပို့နိုင်ပါတယ်။ Make calls from your Google Talk


1. Google Talk Contact List က ကိုယ်ဆက်ချင်တဲ့ နံပါတ်ကို select လုပ်ပါ

2. Call button ကို Click လုပ်ပြီး စတင်ခေါ်ဆိုပါ။

3. Talkster က သင်ဆက်သွယ်လိုတဲ့ နံပါတ်ကို gtalk ကတဆင့် ဆက်သွယ်ပေးပါလိမ့်မယ်။

4. တကယ်လို့ တဘက်လူက ဖုန်းကိုင်ခဲ့မယ်ဆိုရင် သူစကားပြောဖို့ အားရဲ့လား ဆိုတာကို စစ်ဆေးဖို့ 10 secondsအချိန်ရမှာဖြစ်ပါတယ်။ သူ့ကို ဖုန်းချပြီး သင့်အတွက် ရထားတဲ့ Talkster local phone number ကို ပြန်ခေါ်ခိုင်းပါ။

5. သူပြန်ခေါ်တာကို စောင့်စားနေပါ။ (တကယ်လို့ သူပြန်ခေါ်ရမယ့် သင့်နံပါတ်ကို မသိသေးဘူးဆိုရင် တစ်နည်းနည်းနဲ့ ဆက်သွယ်ပေးပို့ပါ)

6. သူပြန်ခေါ်တဲ့ အချိန်ကစပြီး သင့်အနေနဲ့ ကြိုက်သလောက် စကားပြောဆိုလို့ ရပြီဖြစ်ပါတယ်။

7. ပြီးသွားရင် ဖုန်းချလိုက်ရုံပဲပေါ့။

8. တဘက်လူကို အဲဒီ Talkster call-in number လေးကို သိမ်းထားဖို့ သတိပေးပါ။ သူက သင့် Google Talk ကို ဖုန်းနဲ့ခေါ်ဆိုလိုတိုင်း အဲဒီ နံပါတ်ကို အသုံးပြု ဆက်သွယ်နိုင်ပါပြီ။

no catches, no limits, and no conditions! လို့ သူတို့က ဆိုထားပါကြောင်း။စိတ်မကောင်းစွာဖြင့် ဒီlist ထဲမှာ စင်ကာပူနှင့် မြန်မာနိုင်ငံပါမလာပါဘူး ...

ဆက်သွယ်လို့ ရတဲ့ နိုင်ငံ ၃၀ ဖော်ပြပေးလိုက်ပါတယ်။

Country name Country code Dialing code
Argentina AR +54
Australia AU +61
Austria AT +43
Belgium BE +32
Canada CA +1
Chile CL +56
China CN +86
Czech Republic CZ +420
Denmark DK +45
El Salvador SV +503
Finland FI +358
France FR +33
Germany DE +49
Hong Kong HK +852
Hungary HU +36
Ireland IE +353
Israel IL +972
Italy IT +39
Latvia LV +371
Lithuania LT +370
Luxembourg LU +352
Mexico MX +52
Netherlands NL +31
Norway NO +47
Peru PE +51
Poland PL +48
Romania RO +40
Slovakia SK +421
Slovenia SI +386
Spain ES +34
Sweden SE +46
Switzerland CH +41
United Kingdom GB +44
United States US +1
Helpful Hints
ဒီ service လေးကို သုံးဖို့ တဘက်လူမှ Caller ID ကိုဖွင့်ထားပေးဖို့လိုပါမယ်။ ဒီနည်းလမ်းနဲ့ တဘက်ကလူကို အဲဒီ service မှ မှတ်မိသိရှိပြီး ဆက်သွယ်ပေးနေတာ ဖြစ်လို့ပါပဲ။ login တွေ password တွေမလိုတဲ့ လွယ်ကူစွာ ဆက်သွယ်နိုင်တဲ့ နည်းလမ်းတစ်ခုဖြစ်ကြောင်း သတင်းကောင်းပါးလိုက်ပါရစေ။

အသေးစိတ် သိလိုသေးရင်တော့ www.talkster.com ကို သွားရောက် ဖတ်ရှုနိုင်ပါတယ်။ ZEALOT မှကူးယူပါတယ်။

Source by :http://blog.irrawaddy.org/
Read More
Share/Bookmark

11/12/2012

Skype သုံးသူများအတွက်ပါ


ဒီပို့စ် လေးကတော့ သယ်ရင်းတယောက်မေးထားလို့ တင်ပေးလိုက်တာပါ မသိသေးတဲ့ သယ်ရင်းတွေအတွက်လဲ အဆင်ပြေအောင်ပေါ့
Skype သုံးသူတွေ မြန်မာစာသုံးလို့ရအောင်လုပ်တဲ့ နည်းလေးပါ လွယ်ပါတယ် ပုံလေးတွေနဲ့ပြထားပါတယ်

  ဒါဆို မြန်မာစာလဲ ရိုက်လို့ရ ရုပ်လဲမြင်ရပါပီ။ ကျွှန်တော်ကတော့ skype က vzo ထက်ပြောရတာကောင်းတယ်လို့မြင်ပါတယ်၊  အဆင်ပြေပါစေ..ဆော့ဝဲလ်လေးပါလိုချင်ရင် တင်ပေးလိုက်ပါတယ်။ အားလုံးအဆင်ပြေပါစေဗျာ
 ဒီနေရာလေးမှာ သွားယူလိုက်ဗျာ
Read More
Share/Bookmark

11/11/2012

Skype အသုံးပြုနည်း


မင်္ဂလာပါခင်ဗျာ... စုကြည်ထွေး ရေးသားပြုစုထားတဲ့ Skype အသုံးပြုနည်း စာအုပ်ကလေးမျှဝေပေးလိုက်ပါတယ်... ဒီစာအုပ်မှာ အခန်းပေါင်း (၃၁) ခန်းပါဝင်ပြီး  ၁။ မိတ်ဆက် ၂။ Skype ၏သမိုင်းကြောင်း ၃။ Skype ဆော့ဝဲလ်ကို အင်တာနက်မှ အခမဲ့ ဒေါင်းလုတ်ဆွဲခြင်း ၄။ Skype ဆော့ဝဲလ်ကို Install ပြုလုပ်နည်း ၅။ Skype အကောင့်အသစ်တစ်ခု ဖန်တီးခြင်း ၆။ Skype တွင် ပိုက်ဆံထည့်နည်း ၇။ Skype Profile ပြင်ဆင်ခြင်း ၈။ Skype  Account ၏ Password ပြောင်းခြင်း ၉။ Skype တွင်ဘာသာစကားပြောင်းပြီး အသုံးပြုခြင်း ၁၀။ Skype အသုံးပြုရာတွင် သိထားသင့်သည့် နေရာများ ၁၁။ Testing Call နှင့် ဖုန်းစမ်းသပ်ခေါ်ဆိုခြင်း ၁၂၊ နိုင်ငံခြားဖုန်းနံပါတ်များကို တိုက်ရိုက်ခေါ်ပြီး စကားပြောခြင်း ၁၃။ ခေါ်ပြီးသားဖုန်း နံပါတ်များကို ပြန်ခေါ်ခြင်း ၁၄။ Phone Number ကို Contact List တွင်ပေါင်းထည့်ခြင်း ၁၅။ Contact Lists တွင် သူငယ်ချင်းများ ပေါင်းထည့်ခြင်း ၁၆။ Contact Lists တွင်ရှိသော သူများနှင့် စကားပြောခြင်း ၁၇။ Facebook (or) Mail မှ သူငယ်ချင်းများ ပေါင်းထည့်ခြင်း ၁၈။ ရုပ်ပါမြင်အောင် Video Call နှင့် အသုံးပြုခြင်း ၁၉။ Group ဖွဲ့ပြီး Video Call အသုံးပြုခြင်း ၂၀။ Group ဖွဲ့ပြီး Conference Call အသုံးပြုနည်း ၂၁။ SMS & Instant Messages ပေးပို့ခြင်း ၂၂။ privacy Setting ကို Control လုပ်ခြင်း ၂၃။  History ကို Mange လုပ်ခြင်း ၂၄။ Contact List မှ သူကို Block လုပ်ခြင်း ၂၅။ Block လုပ်ထားသူအား Unblock ပြန်လုပ်ခြင်း ၂၆။ Screen ကို Share လုပ်ခြင်း ၂၇။ Connestion Setting ချိန်ညှိခြင်း ၂၈။ Phone Call အတွက် အသံ Voice Setting ချိန်ညှိခြင်း ၂၉။ Video Call အတွက် ရုပ် Video Setting ချိန်ညှိခြင်း ၃၀။ Skype ကို Protable လုပ် အသုံးပြုခြင်း ၃၁။ Skype အသုံးပြုဖို့အတွက် Hardware လိုအပ်ချက် စသည်ဖြင့် ပြည့်စုံအောင် ရေးသားဖော်ပြထားပါတယ်... လေ့လာလိုတဲ့ သူငယ်ချင်းများအတွက် Mediafire နှင့် Minus နှစ်နေရာတင်ပေးထားပါတယ် ယူသွားလိုက်ပါခင်ဗျာ.....


Skype အသုံးပြုနည်း
Minus

>>>  Download  <<<
Mdiafire

>>>  Download  <<<

Download ယူနည်းများ


Read More
Share/Bookmark

မိမိ Gtalk မှာ ဘာသာပြန်စနစ်ထည့်နည်း

မိမိ က အင်တာနက် မှာ အခြားနိုင်ငံက သူငယ်ချင်းတွေနဲ့ chat တဲ့ အခါ အင်္ဂလိပ်လို မသိတဲ့အခါ အလွယ်တကူ ဘာသာပြန်နိုင်အောင် အောက်ပါ ဘာသာစနစ်တွေကို မိမိအကောင့်မှာ add ထားပြီ အလွယ်တကူးဖြေရှင်းနိုင်ပါသည်
လုပ်ဆောင်ရမှာကတော့ မိမိက English ကနေ Russia ကို ဘာသာပြန်စေချင်ရင် en2ru@bot.talk.google.com လို့ မိမိ Gtalk မှာ add လိုက်ပါ။ဒါဆိုရင် မိမိက အင်္ဂလိပ်နဲ့ ရေးထားတဲ့ စာတွေကို ရုရှား အဖြစ်ပြောင်းပြီးဖတ်နိုင်ပါပြီ။
အောက်ပါ နိုင်ငံတွေကိုလည်း မိမိ gtalk မှာ ထည့်သွင်းပြီး အသုံးပြုနိုင်ပါသည်။ fb ကတစ်ယောက်တောင်းဆိုထားလိုတင်ပေးလိုက်တာပါ။
Arabic – English ar2en en2ar
Bulgarian - English bg2en en2bg
Czech - English cs2en en2cs
Danish - English da2en en2da
German - English de2en en2de
German - French de2fr fr2de
Greek - English el2en en2el
Spanish - English es2en en2es
Finnish - English fi2en en2fi
French - English fr2en en2fr
Hindi - English hi2en en2hi
Croatian - English hr2en en2hr
Italian - English it2en en2it
Japanese - English ja2en en2ja
Korean - English ko2en en2ko
Dutch - English nl2en en2nl
Norwegian - English no2en en2no
Polish - English pl2en en2pl
Portuguese - English pt2en en2pt
Romanian - English ro2en en2ro
Russian - English ru2en en2ru
Swedish - English sv2en en2sv
Chinese - English zh2en en2zh
Englishzh-hant2en en2zh-hant
Traditional Chinese -Chinesezh-hant2zh zh2zh-hant
myanmar -en2mm12@mmgeeks.org
Read More
Share/Bookmark

11/03/2012

Gtalk အင်္ဂလိပ်-မြန်မာအဘိဓာန် (တဖက်က ဘိုလိုtalkလာရင်....)

http://www.mmgeeks.org/forum/
က ပြုလုပ်ထားတဲ့ အင်္ဂလိပ်-မြန်မာ အဘိဓာန်လေးကို ဖော်ပြချင်ပါတယ်။ ဒီအဘိဓာန်လေးကတော့ အားလုံးကြိုက်ကြမှာပါ။ လူတိုင်း တွင်တွင်ကျယ်ကျယ် သုံးနေတဲ့ Gtalk မှာ တစ်ဖက်က အင်္ဂလိပ်လို
ရိုက်လာတဲ့ စာသားလေးတွေကို မဖတ်တတ်၊ ဘာသာမပြန်တတ်ရင် ချက်ချင်း Gtalk မှာပဲ ဘာသာပြန် ခိုင်းလို့ရတဲ့ ဆော့ဝဲလ်လေးပါ။ Gtalk သုံးစွဲသူများ အကြိုက်တွေ့စေမယ့် ဆော့ဝဲလ်လေးပါ။



နည်းလမ်းကတော့ မခက်ပါဘူး။ en2mm2@mmgeeks.org ကို မိမိတို့ gtalk အကောင့်မှာ add လိုက်ပါ။ ပြီးရင် မိမိသိလိုတဲ့ စာသားကို ရိုက်ပြီး မေးနိုင်ပါပြီ။ ဥပမာ-( book, welcome, bat စသဖြင့် ) ။ မြန်မာလို ရှင်းလင်းချက်များ ကျလာပါလိမ့်မယ်။

မူရင်း   အေးနန္ဒာအောင်

Galk မှာ ကိုယ့်ကို ဘယ်သူတွေ block လုပ်ထားသလဲ... စမ်းသပ်နည်း.

Galk မှာ ကိုယ့်ကို ဘယ်သူတွေ block လုပ်ထားသလဲ... စမ်းသပ်နည်း. Gtalk မှာ ကိုယ် မ chat ချင်တဲ့/မကျေနပ်တဲ့ သူကို block လုပ်လို့ရတယ်ဆိုတာ အားလုံးသိပြီးသား ဖြစ်မှာပါ။ ကိုယ် block လုပ်ချင်တဲ့သူရဲ့ ID ပေါ်မှာ right-click လုပ်ပြီး block ကို ရွေးလိုက်ရုံပါပဲ။ ကိုယ့်ဘက်မှာ အဲဒီID ပျောက်သွားပြီး၊ သူ့ဘက်မှာတော့ ကိုယ်က offline ဖြစ်နေမှာပါ(သူများကိုသာ block လုပ်ချင်တာ...ကိုယ့်ကို block လုပ်တာကိုတော့ သိပ်ကျေနပ်တာမဟုတ်ဘူး။ ဟုတ်တယ်မဟုတ်လား..။ ) အဲဒီတော့ ကိုယ့်ကို block လုပ်ထား/မထားကို စစ်ကြည့်လို့ရပါတယ်။ ပထမဆုံး ကိုယ်သိချင်တဲ့သူကို ရွေးပါ..ပြီး.. 'Send voicemail' button ကိုနှိပ်ပြီး call လုပ်လိုက်ပါ။ (သူ့ကို offline အနေနဲ့ပဲမြင်ရမှာမို့ အဲဒီအချိန်မှာ 'Send voicemail' button ပဲပေါ်နေမှာပါ။) မိန်းကလေးသံနဲ့ 'The person you are trying to reach is unavailable. Please leave a message...' ဆိုတဲ့ အသံမျိုး ကြားရရင်တော့ ကိုယ့်ကို block လုပ်မထားပါဘူး။ တကယ့်ကို offline ဖြစ်နေတာပါ။ အဲလိုမဟုတ်ပဲ ခေါ်လိုက်တာနဲ့ကျ ကျသွားတယ်၊ ဘာသံမှလည်းမကြားရဘူးဆိုရင်တော့... စိတ်မကောင်းပါဘူး...သင့်ကို block လုပ်ထားတာပါ... ကဲ...ကိုယ့်ကို ဘယ်သူတွေ block လုပ်ထားသလဲသိချင်ရင် စမ်းကြည့်လိုက်ပါလား...။ သိလာပါလိမ့်မယ်....။

Gtalk ကနေ offline chat(သူခိုးချက်) ဖမ်းနည်း

ကိုယ့်ရဲ့ Gtalk က လူတယောက်ကို offline အနေနဲ့ တွေ့နေရတယ် ဆိုပါတော့။ အဲ့ဒီ့လူ ကတကယ် offline ဖြစ်မဖြစ်ကို သိချင်တယ်ဆိုပါတော့။ ဒါဆို စစ်တဲ့ နည်းလေးရှိပါတယ်။ offline အစစ်လား offline အတုလား သိချင်ရင် ဒီလိုလေးလုပ်ပါ။ (၁) Gtalk မှာ ကိုယ်သိချင်တဲ့ offline ဖြစ်နေတဲ့ လူနဲ့ ပုံမှန်ချက်သလိုပဲ ဖွင့်လိုက်ပါ။ (၂) Send voicemail ရယ် Call ရယ် စတဲ့ ခလုပ်တွေဘေးနားက အောက်ဘက်ညွှန်ပြနေတဲ့ ခလုပ်ကိုနှိပ်လိုက်ပါ။ ပြီးရင်.. Go off the record ကို နှိပ်ပါ။ (၃) သူ့ကို ပုံမှန်ချက်သလို စာတခုခု ရိုက်ထဲ့ပြီး ချက်ကြည့်ပါ။ ဥပမာ… hi လို့ ရိုက်ပြီး ချက်ကြည့်ပါ။ (၄)..............@gmail.com is offline and can’t receive messages right now. လို့ ပေါ်လာခဲ့ရင် သူတကယ် offline ဖြစ်နေတာပါ။ တကယ်လို့ ဘာမှ မပေါ်လာရင် သူ Invisible လုပ်ထားတာပါ။ (၅) စစ်ပြီးသွားရင် “Stop chatting off the record” ကို ပြန်နှိပ်ပေးပါ။ ဒါမှ နောက်ပိုင်း သူနဲ့ ချက်ရင် Gmail က Chat section မှာ Chat history ပြန်ကြည့်နိုင်မှာ ဖြစ်ပါတယ်။
Read More
Share/Bookmark

အကောင့်ဟောင်းထဲကသူငယ်ချင်းတွေကို အကောင့်သစ်ထဲထည့်မယ်

အခု ပြောမှာက mail အကောင့် အဟောင်းထဲက လူတွေ အကုန်လုံးကို အကောင့်အသစ်ထဲကို အကုန်လုံး ပေါင်းထည့်ချင်တယ်ဆိုရင်တော့ တစ်ယောက်ချင်း စီ ပြန်ပြီး လိုက်အပ်နေစရာ မလိုပါဘူး ။ အကောင့်တစ်ခု က သူငယ်ချင်း အကုန်လုံးကို နောက်အကောင့် တစ်ခုကို ပြောင်းထည့်တာပေါ့ ။ အရင်ဆုံး gmail ထဲကို ၀င် ။(အကောင့်အဟောင်းနော်) ။ အခု နောက်ပိုင်း mailက style တစ်မျိုး ပြောင်းသွားတော့ mail ရဲ့ ဘယ်ဘက် အပေါ်ထောင့် composemail , inbox တို့ အပေါ်မှာ Contact ဆိုပြီး ရှိပါတယ် ။ အဲ့ထဲကို ၀င် .. ။ အဲ့ဒါဆိုရင် အဲ့မှာ ကိုယ့်သူငယ်ချင်းတွေ အားလုံး ပေါ်လာပါလိမ့်မယ် ။အဲ့နေရာမှာ More Action ဆိုတဲ့ နေရာလေးကို နှိပ် ပြီးရင် export ... ။အဲ့လို export လုပ်လိုက်ရင်တော့ google က ဒေါင်းလုပ် ဖိုင်လေး တစ်ခု ပေးပါလိမ့်မယ် ။ သူ့ အလိုလို .csv file ကို ရွေးပြီးသားမို့ ဒေါင်းလုပ်လုပ်လိုက်ပါ ။ တစ်နေရာရာမှာ save လိုက်ပေါ့ ။ ပြီးရင် ပြောင်းထည့်ချင်တဲ့ အကောင့် အသစ်ထဲကို ၀င် .. ။ ခုန က အဆင့်တွေအတိုင်းပြန်သွား ။ ပြီးရင် More Action ထဲမှာ Import ကို နှိပ် .. ။ပြီးရင် ခုန က ဒေါင်းလုပ် လုပ်ထားတဲ့ google.csv file ကို ရွေးပေးလိုက်ရင် မိမိရဲ့ အကောင့်အဟောင်းထဲက သူငယ်ချင်းတွေ အားလုံး အကောင့်အသစ်ထဲကိုတစ်ဦးချင်းစီ လိုက်အပ်နေစရာမလိုတော့ပဲ ရောက်ရှိသွားပါလိမ့်မယ် ။

မိမိအသုံးမပြုချင်တဲ့ Gtalk,Gmail အကောင့်ဖျက်နည်း

ကိုယ်ဖျက်ဖြစ်ချင်တဲ့ အကောင့်ကို sign in လိုက်ပါ

အဆင့်(၁) Settings မှာကလစ်နှိပ်လိုက်ပါ............



အဆင့်(၂) Accounts and import မှာကလစ်နှိပ်လိုက်ပါ

အဆင့်( ၃) Other Google Account settings မှာကလစ်နှိပ်လိုက်ပါ



အဆင့်(၄) My products.Edit မှာကလစ်နှိပ်လိုက်ပါ



အဆင့်(၅) စာတွေကများတယ် လေးထောင့်ကွက်ထဲကစာတွေကိုပဲကလစ်နှိပ်လိုက်ပါ



အဆင့်(၆)ဒီနေရာမှာတော့ကြည့်လိုက်ပါ နံပါတ်(၇) မှာသုံးမျိုးပြထားတယ်

နံပါတ်(၈)မှာနှစ်မျိုးပြထားတယ်အဲတာတွေတော့ ဆူးလည်းနားမလည်းဘူး :D

အားလုံးကိုသံယောစဉ်ပြက်ချင်ရင်တော့ (၇) နှင့်(၈) မှာအားလုံးကိုအမှန်ခြစ်ပေးလိုက်ပါ

ပြီးရင်နံပါတ်(၉)မှာကိုယ်ဖျက်မည့်အကောင့်password:ရိုက်ထည့်လိုက်ပါ...

နံပါတ်(၁၀)Delete GoogleAcccuntမှာကလစ်နှိပ်ပြီးဖျက်ပြစ်နိုင်ပါပြီ။



မူရင်းဆိုဒ် ဖူးစာရင်လေး
Read More
Share/Bookmark

မိမိပုံနှင့် Gmailနောက်ခံလုပ်လိုသူများအတွက်

gmail. နောက်ခံမှာ ကိုယ်စာတ်ပုံလေးကို ထည့်ချင်သူများ....
1...ညာဘက် အပေါ် ထောင့်က settings ကို ကလစ်ပါ...

2...Themes ကို ကလစ်ပါ...

3...ပြီးရင် အပေါ်က ပုံလို အောက် ဆုံးနား ညာဖက် က create your own theme ကို ကလစ်ပါ..
4...ပြီးရင် ပေးလာတဲ့ ၀င်းဒိုးရဲ့ ညာဘက်ဒေါင့် ( အပေါး်က ပုံလို ) က Text Link မှာ ကလစ် လုပ်ရင် မိမိစိတ်ကြိုက် ကာလာ ရွေးစရာ
နေရာ ကို တွေ့ ရပါမယ်...


5...ပြီးရင် အပေါ်ကပုံလို Aling ကတော့ Left / Right ကြိုက်တာရွေးပါ...
နောက် Tiling ကတော့ Both ရွေး ရင် ပုံ ကဘေး ဘယ် ညာ ပေါ်မယ်...


6...ပြိးရင် ပုံတင်ဖို့ Select ကို ကလစ်လုပ် ပုံရွေး ..ပြီးရင် အောက်နားက
www.freeimagehosting.net/newuploads/f0905.jpg%5Dhttp://www.freeimag..." class="bbc_img"/>

7...Upload ပေါ့

8...ပြီးရင် body ၇ယ် Sidebar ရယ် Header ၇ယ် Footer တို့ မှာ Background color , Link color , Text color တို့ ကို
အသေးစိတ်ရွေး...လှအောင်ရွေး...
www.freeimagehosting.net/newuploads/ce0a6.jpg%5Dhttp://www.freeimag..." class="bbc_img"/>

9...ပြီးရင် Save

10...မိမိပုံအကြီး အသေးပေါ်မူတည် ပြီး Gmail မှာ နောက်ခံလေးပေါ်နေပါမယ်...
Read More
Share/Bookmark

မိမိဘလော့ကို submit မှန်မှန် လုပ်ပေးခြင်းဖြင့် မိမိဘလော့ မြန်ဆန်မည်ရှင်းလင်းမည် မောက်တင်ပြီး ကျလာတဲ့ဘောက်ထဲမှာ မိမိဘလော့လိပ်စာ ထည့်ကာ Submit ကလစ်လိုက်ပါ ဒါဆို နောက်ဇယားတစ်ခုမှ သင့်အီးမေးကို ထည့်ပြီးSubmit လုပ်လိုက်ပါ

<<<အထူးဧည့် သည်တော်များ>>> Flag Counter

Share

Twitter Delicious Facebook Digg Stumbleupon Favorites