♫♪၀ါသနာတူMember ၀င်ထားကြတဲ့ မိတ်ဆွေများ♪♫

Showing posts with label Mozilla Firefox. Show all posts
Showing posts with label Mozilla Firefox. Show all posts

5/17/2014

Mozilla Firefox 30.0 Beta 5 Download version(28.52MB)

post-image
Read More
Share/Bookmark

5/02/2014

Firefox 30.0 Beta 1 Download version(28.51MB)

post-image
Mozilla Firefox Browser နောက်ဆုံးဗားရှင်းလေး
ထွက်လာလို့ အလွယ်တကူဒေါင်းနိုင်အောင်
ပြန်တင်ပေးလိုက်ပါတယ်

Read More
Share/Bookmark

4/27/2014

Firefox 29.0 Beta 9 version(27.67MB)

post-image

Mozilla Firefox Browser နောက်ဆုံးဗားရှင်းလေး
ထွက်လာလို့ အလွယ်တကူဒေါင်းနိုင်အောင်
ပြန်တင်ပေးလိုက်ပါတယ်
Read More
Share/Bookmark

4/19/2014

How to speed up Firefox Browser (Firefox Browser ကို မြန်လာအောင် ပြုလုပ်နည်း)


ကွန်ပြူတာ သုံးတဲ့သူ အတော်များများ (အထူးသဖြင့်) မြန်မာပြည်မှ အင်တာနက်သုံးသူတိုင်း
Firefox Browser ကိုသာ အဓိက ထားပြီး အသုံးများကြပါတယ်။Firefox က အင်တာနက်
ကော်နက်ရှင်း မကောင်းတဲ့အခါ ဖွင့်လိုက်ရင်တော်တော်နဲ့ မတက်လာနိုင်ပါ။Start Up က
အရမ်းကြာသလို Web Site တခုခုဝင်ရင်လဲ Connecting လုပ်ပြီး လည်နေတာနဲ့ ဝင်ချင်တဲ့
ဆိုဒ်ထဲ အကြာကြီးစောင့်ရပါမယ်။
Read More
Share/Bookmark

11/08/2013

Firefox 26 Beta 2




Firefox ကတော့ ပုံမှန် update လုပ်ပေးနေပါတယ်။ update ကိုမှသုံးချင်တဲ့ 

ကျနော်ရဲ့ချစ်သူငယ်ချင်းတို့အတွက် အချိန်မီ update လုပ်နိုင်အောင်

 ပြန်လည်မျှဝေလိုက်ပါတယ် ခင်ဗျာ
Read More
Share/Bookmark

4/05/2013

Google.com.mm မှာ Zawgyi font ရော, Unicode ပါ အဆင်ပြေပြေဖတ်နိုင်ဖို့



 Google.com.mm မှာ Zawgyi font ရော, Unicode ပါ အဆင်ပြေပြေဖတ်နိုင်ဖို့
--------------------------------------------------------------------------------------------

www.google.com.mm မှာ သုံးထားတဲ့စာသားတွေက Unicode ပါ။အဲ့အတွက် Zawgyi ကိုပဲအမြဲတမ်းသုံးတဲ့ကျနော်တို့အတွက် font 2 ခုလုံးပေါ်ဖို့ အခက်အခဲဖြစ်စေပါတယ်။အခု
ကျနော်ပြောမယ့် နည်းလမ်းက Zawgyi ကော် Unicode ကော်ကို Font Setting မပြောင်းပဲ နဲ့ အဆင်ပြေပြေဖတ်နိုင်ဖို့ပါ။ လိုအပ်တာကတော့

Firefox Latest Version Download  ( http://www.mozilla.org/en-US/firefox/new/ )
GreaseMonkey firefox addon
Myanmar 3 font  Download ( http://www.myanmarlanguage.org/sites/default/files/mm3-multi-os.ttf_.zip )
MyanmarFontTagger( GreaseMonkey addon)

Zawgyi ကတော့လူတိုင်းရှိပြီးသားဖြစ်လို့ထည့်မပြောတော့ပါဘူး။
အရင်ဆုံး Myanmar 3 font ကို Download ချပါ။ Install လုပ်ပါ။
ပြီးရင် Firefox ကို install လုပ်ပြီး open ပါ။ အရင်ဆုံး Font setting ကို default အတိုင်းထားရပါမယ်။အဲ့အတွက် Tools>Options>Content ထဲက
Font setting မှာ Default font ကို TimeNewRomance ထားပေးပါ။
Advance မှာ proportional ကို Serif / Serif ကို Times New Roman ။
San-serif ကို Arial / Monospace ကို Courier New ထားပါ။
Default charcter encoding ကို Western(ISO-8859-1) ထားပါ။ဟုတ်မဟုတ်အရင်စစ်ပါ။မှန်တယ်ဆိုရင် OK နဲ့ထွက်ပါ။

GreaseMonkey addon သွင်းရပါမယ် အဲ့အတွက်
Firefox ရဲ့ Tools > addon ကိုသွားပါ။
Get addon ကိုရွေးပြီး Search box မှာ GreaseMonkey လို့ရိုက်ပါ။
ပြီးလျှင် install လုပ်ပါ။ Firefox ကို Restart လုပ်ပါ ။ firefox တက်လာရင် https://userscripts.org/scripts/show/103745 ကိုသွားပါ။
ညာဘက်နားမှာ Install ဆိုတဲ့အစိမ်းရောင် button လေးရှိပါတယ်။
အဲ့ဒါကို နှိပ်ပါ။ ခနစောင့်ပါ။ pop-up window တခုပေါ်လာပါလိမ့်မယ်။
Install ကိုနှိပ်ပါ။ MyanmarFontTagger Successfully Installed ဆိုတဲ့မျောက်ပုံလေးနဲ့စာသားလေးပေါ်လာရင်အဆင်ပြေပါပြီ။ http://www.google.com.mm/ ကိုသွားပါ။ မြန်မာဘာသာ ကိုရွေးပါ။ 

အားလုံးကိုအဆင်ပြေပြေ မြင်ရပါလိမ့်မယ်။
Zawgyi နဲ့ တခုခုရှာကြည့်ပါ။ ဥပမာ မြန်မာ လို့ရှာကြည့်ပါ။
Zawgyi ရော unicode ရော အားလုံးအဆင်ပြေပြေမြင်ရတာတွေ့ရပါလိမ့် မယ်။
မရရရင် Firefox ကို Restart လုပ်ကြည့်ပါ။အဆင်ပြေပါစေခင်ဗျ။

BoBoAung(99poison)(ITN)

Credit to :  http://www.facebook.com/B0B0AUNG
Read More
Share/Bookmark

2/17/2013

Mozilla Firefox ရဲ့ Speed ကိုမြန်စေမယ့် နည်းလမ်းများ



သူငယ်ချင်းများရဲ့ တောင်းဆိုမှုအရ Mozilla Firefox ကို မြန်စေမယ့် နည်းလမ်းများကို လိုက်ရှာပါတယ်..။ အရင်တုန်းကတော့ ဝက်ဘ်ဆိုဒ်တစ်ခုမှာ ဖတ်ဖူးပါတယ်..။ အခုပြန်ရှာတော့ ဘယ်ဆိုဒ်မှန်း မမှတ်မိတော့ပါ..။ နေမင်းမောင်ဆိုဒ်ထဲမှာတော့ ရှိတယ်..။ မကြာသေးခင်ကမှ ဖတ်ကြည့်မိတာ ဆိုတော့ သိပ်မရှာလိုက်ရဘူး...။ ပြန်တွေ့တယ်..။ သူ့နည်းလေးသုံးကြည့်လိုက်တော့ မဆိုးဘူး..။ Mozilla တော်တော်မြန်လာတယ်..။ သူငယ်ချင်းတွေကို ဒီနည်းလေးပေးသုံးလိုက်တယ်... ကောင်းတယ်လို့ ပြောကြတယ်..။ မလုပ်တတ်တဲ့သူများလည်း ရှိမယ်ထင်လို့ ... နေမင်းမောင်ရဲ့မူရင်း စာသားအပြင် ကျနော်ကပုံလေးတွေနဲ့ပါ ထပ်ရှင်းပြထားပါတယ်..
နောက်တခုက မောင်စေတနာဆိုဒ်ထဲက ရှာတွေ့တာလေးလည်း တင်ပေးလိုက်ပါတယ်.. (နေမင်းမောင်ဝက်ဘ်ဆိုဒ်မှ-
အ၇င်ကလဲကျွန်တော်ပို့ဒ်တစ်ခုတင်ဖူးပါတယ်။အခုနည်းလမ်းလေးကတော့လွယ်လဲလွယ်ပါတယ်။သိသိသာသာ
လဲမြန်လာတာကိုတွေ့ ၇ပါလိမ့်မယ်။အောက်မှာပြောပြထားတဲ့အတိုင်းလိုက်လုပ်ကြည့်လိုက်ကြ၇အောင်နော်.....
အ၇င်ဆုံးကျွန်တော်တို့အသုံးပြုနေတဲ့ Firefox ၇ဲ့ Address bar မှာ about:config  လို့၇ိုက်ထည့်ပြီး Enter ခေါက်လိုက်ပါ။
I'll be careful, I promise! ဆိုပြီးပေါ်လာပါလိမ့်မယ်။ အဲ့ဒီကောင်လေးကိုကလစ်ပေးလိုက်ပါ။ သူ၇ဲ့browserလေးပေါ်လာပါလိမ့်မယ်။ကီးဘုတ်မှ Ctrl + F ကိုနှိပ်လိုက်ပါ။အပေါ်မှာ Search box လေးပေါ်လာပါလိမ့်မယ်။အဲ့ဒီ Search Box လေးထဲမှာကျွန်တော်အောက်မှာ ပေးထားတာလေး တွေကိုထည့်ပြီး၇ှာလိုက်ယုံပါပဲ။
အ၇င်ဆုံး  network.http.pipelining  ကို၇ှာပါ။တွေ့ ပြီဆို၇င် Right Click နှိပ်လိုက်ပါ။ပြီး၇င် Toggle ဆိုတာကိုနှိပ်လိုက်ပါ။ Value တန်ဖိုး false မှ true သို့ပြောင်းသွားပါလိမ့်မယ်။
နောက်ထပ် network.http.proxy.pipelining ကိုထပ်၇ှာပါ။တွေ့ ပြီဆို၇င် Right Click နှိပ်လိုက်ပါ။ပြီး၇င် Toggle ဆိုတာကိုနှိပ်လိုက်ပါ။ Value တန်ဖိုး false မှ true သို့ပြောင်းသွားပါလိမ့်မယ်။
နောက်ထပ် network.http.pipelining.maxrequests ကိုထပ်၇ှာပါ။တွေ့ ပြီဆို၇င် Right Click နှိပ်လိုက်ပါ။ပြီး၇င် Modify ကိုနှိပ်လိုက်ပါ။ကျလာသော Box ထဲတွင် value တန်ဖိုးကို 30 သို့ပြောင်းလိုက်ပြီး OK နှိပ်လိုက်ပါ။
နောက်ဆုံးအဆင့်အနေဖြင့်မိမိကြိုက်နှစ်သက်သောနေ၇ာတွင် Right Click နှိပ်လိုက်ပါ။ပြီးလျှင် New ထဲမှ Integer ကိုနှိပ်လိုက်ပါ။ ကျလာသောဘောက်ထဲတွင် nglayout.initialpaint.delay လို့၇ိုက်ထည့်ပြီး OK  ကိုနှိပ်လိုက်ပါ။ နောက်ထပ်ကျလာသောဘောက်ထဲတွင် Value တန်ဖိုးကို 0 ထားပြီး OK ကိုနှိပ်လိုက်ပါ။အားလုံးပြီးပါပြီ။ဒါဆို၇င်မိမိတို့၇ဲ့ Firefox browse ဟာအ၇င်ကထက်သိသိသာသာမြန်လာတာကိုတွေ့ ၇ပါလိမ့်မယ်။
အားလုံးပဲအဆင်ပြေကြပါစေ.......ကျေးဇူးတင်ပါတယ်ခင်ဗျာ....) အောက်မှာတော့ ကျနော်က ပုံလေးတွေနဲ့ ပြန်ရှင်းပြ ပေးထားပါတယ်..။
 Firefox ၇ဲ့ Address bar မှာ about:config  လို့၇ိုက်ထည့်ပြီး Enter ခေါက်လိုက်ပါ။



ကီးဘုတ်မှ Ctrl + F ကိုနှိပ်လိုက်ပါ။


အ၇င်ဆုံး  network.http.pipelining  ကို၇ှာပါ။ Filter ဘေးက search အကွက်ထဲတွင် ၄င်းစာသားအား copy - paste နှင့် ထည့်ရှာပါ..။


ဒုတိယ network.http.proxy.pipelining ကိုထပ်၇ှာပါ။ အပေါ်နည်းအတိုင်း ကူးထည့်ပါ...။


 တတိယ network.http.pipelining.maxrequests ကိုထပ်၇ှာပါ..။ အပေါ်က နည်းအတိုင်း ကူးထည့်ပါ..။


နောက်ဆုံးအဆင့်အနေဖြင့်မိမိကြိုက်နှစ်သက်သောနေ၇ာတွင် Right Click နှိပ်လိုက်ပါ။ပြီးလျှင် New ထဲမှ Integer ကိုနှိပ်လိုက်ပါ။ ကျလာသောဘောက်ထဲတွင် nglayout.initialpaint.delay လို့၇ိုက်ထည့်ပြီး OK  ကိုနှိပ်လိုက်ပါ။


 နောက်ထပ်ကျလာသောဘောက်ထဲတွင် Value တန်ဖိုးကို 0 ထားပြီး OK ကိုနှိပ်လိုက်ပါ။အားလုံးပြီးပါပြီ။


ဒီအောက်က နောက်တနည်းကတော့ မောင်စေတနာဆိုဒ်မှ ကူးယူဖေါ်ပြပါသည်...။ လုပ်နည်း များသောကြောင့် ပုံများနှင့် မဖော်ပြတော့ပါ...။ (Firefox ရဲ့ Page Loading ကို ပိုမြန်အောင်လုပ်နိုင်တဲ့ နည်းလမ်း ( ၅ ) ခု

၁။ Pipelining ကို Enable ပြုလုပ်ခြင်း

ဒါကတော့ Friefox version တွေ အကုန်လုံးအတွက် အခြေခံကျတဲ့ နည်းလမ်းတစ်ခုပါ။ Firefox ရဲ့ address bar ထဲမှာ about:config လို့ရိုက် Enter ခေါက်လိုက်ပါ... သတိပေးတဲ့ message ပေါ်လာပါလိမ့်မယ်။ I'll be careful, I proxise! ဆိုတာကို click ပါ။ ပြီးရင် network.http.pipelining နဲ့ network.http.proxy.pipelining ဆိုတာတွေကို လိုက်ရှာပါ။ မတွေ့ရင် အပေါ်က Filter ထဲမှာ ရိုက်ပြီး ရှာလိုက်ရင်လည်း ရပါတယ်။ တွေ့ပြီးဆိုရင် ၄င်းတို့ပေါ်မှာ double click လုပ်ပြီး values တွေကို true လို့ပေးလိုက်ပါ။ ပြီးရင် network.http.pipelining.maxrequests ပေါ်မှာ double click လုပ်ပြီးရင် ၄င်းရဲ့ value ကို 8 လို့ပေးလိုက်ပါ။

၂။ Content switch threshold ကို လျှော့ချခြင်း

အကယ်၍ သင့်ရဲ့ mouse (သို့) keyboard ကို မရွှေ့ မထိပဲ 0.75 စက္ကန့် (Content Switch Threshold ) ကြာခဲ့မယ်ဆိုရင် Firefox ဟာ frequency နိမ့်တဲ့ interrupt mode ထဲကို ရောက်သွားပါလိမ့်မယ်။ ဆိုလိုတာကတော့ ၄င်းရဲ့ ကြားခံဆက်သွယ်ပေးတဲ့စနစ်ဟာ တုန့်ပြန်မှုနည်းလာပါလိမ့်မယ်...ဒါပေမယ့် သင့်ရဲ့ page loadတွေကတော့ ပိုပြီးမြန်ဆန်လာမှဖြစ်ပါတယ်။ ဒါကြောင့် အခုလိုပိုပြီးမြန်ဆန်လာစေဖို့ Content Switch Threshold ကို လျှော့ချပေးဖို့လိုပါတယ်။ about:config ကိုရိုက် Enter ခေါက် ပြီးရင် ပွင့်လာတဲ့ windows ပေါ်မှာ right-click လုပ်၊ ပြီးရင် New ထဲကမှာ Integer ကို click ၊ အဲဒီနောက် content.switch.threshold လို့ရိုက် OK ပေး ပြီးရင် 250000 ( a quarter of a second ) ကိုထည့် OK ပေးလိုက်... ဒါဆိုရပါပြီ။

၃။ Flash ကို Block ခြင်း

Flashblock extension ကို Install လုပ်ဖို့လိုက်ပါ။ ( http://flashblock.mozdev.org တွင် download ပြုလုပ်ပါ။) ၄င်းက Flash appletတွေ အားလုံးကို loading ပြုလုပ်ခြင်းမှာ block လုပ်ပါလိမ့်မယ်။ ဒါကြောင့် web pages တွေဟာ ပိုပြီးမြန်မြန်ဆန်ဆန် ဖော်ပြပေးပါလိမ့်မယ်။ အကယ်၍ Flash content အချို့ ကို ရှာဖွေချင်တယ် ဆိုရင်တော့ ၄င်းရဲ့ Placeholder ကို download အတွက် click လိုက်ခြင်းအားဖြင့် ပုံမှန်အတိုင်း applet ကို ပြသပေးပါလိမ့်မယ်။

၎။ cache အရွယ်အစားကို တိုးစေခြင်း

သင် web တစ်ခုကို ဖွင့်ကြည့်လိုက်စဉ်မှာ Firefox က site ရဲ့ images နဲ့ scriptတွေ ကို local memory cache တစ်ခုထဲမှာ သိမ်းဆည်းထားလိုက်ပြီး အကယ်၍ သင်က တူညီတဲ့ page တစ်ခုကို ပြန်ပြီးဖွင့်မယ်ဆိုရင် locak memory cache ကနေ သိမ်းထားတဲ့ အချက်အလက်တွေကို ပိုပြီး မြန်မြန်ဆန်ဆန် ပြန်ထုတ်ပေးနိုင်ပါတယ်။ သင့်မှာ RAM အများကြီး( 2GB နဲ့အထက် ) ရှိတယ်ဆိုရင် ဖွင့်ပြီးသား page တစ်ခုကို ပြန်ဖွင့်တိုင်းမှာ မြန်မြန်ဆန်ဆန်ဖွင့်လို့ရစေဖို့အတွက် cache size ကို တိုးထားသင့်ပါတယ်။ ဒီ့အတွက် about:config လို့ရိုက် Enter နှိပ် ပြီးရင် ပွင့်လာတဲ့ window ထဲက ဘယ်နေရာမှာမဆို right-click ပြီးရင် New ထဲက Integer ကိုသွားပါ။ အဲဒီထဲမှာ browser.cache.memory.capacity လို့ရိုက် OK ပေး၊ ပြီးရင် ၄င်းပေါ်မှာ double-click လုပ်၊ value ကို 65536 လို့ရိုက် OK ပေး၊ အဲဒီနောက် သင့်ရဲ့ browser ကို restart ပေးလိုက်ပါ။

၅။ Render မြန်စေခြင်း

ကြီးမားပြီး ရှုပ်ထွေးတဲ့ web pageတွေကို ဖွင့်တဲ့ အခါမှာ အချိန်တော်တော်ကြာတတ်ပါတယ်။ Firefox က သင့်ကို မစောင့်စေချင်ပါဘူး ... ဒါကြောင့် 0.12 စက္ကန့်တိုင်းမှာ ရရှိတဲ့အချက်အလက်တွေ(content notify interval)ကို default အားဖြင့်ဖော်ပြပေးပါတယ်။ ဒီလိုအချိန်တွေမှာ browser ဟာ တဖြည်းဖြည်း ဖျက်ကနဲ့ ဖျက်ကနဲ ဖော်ပြပေးပြီး တိုးလာတဲ့ စုစုပေါင်း page loading လုပ်တဲ့ အချိန်ကိုလည်း မကြာမကြာလျော့ကျစေပါတယ်။ ဒါကြောင့် ကြီးမားတဲ့ content notify interval ဟာ ပိုပြီး မြန်ဆန်စေပါလိမ့်မယ်။ ဒီ့အတွက်... about:config ကိုရိုက်၊ Enter နှိပ်၊ ပြီးရင် ပွင့်လာတဲ့ Window ရဲ့ တနေရာရာမှာ right-click ( Apple userတွေအတွက်က ctrl-click)လုပ်၊ New ထဲက Integer ကို click ပြီး preference name ကို content.notify.interval လို့ရိုက် OK ပေး ပြီးတော့ 500000 ( ငါးသိန်း) လို့ရိုက်ထည့် ပြီးရင် OK ထပ်ပေးပါ။
Window ထဲမှာ right-click ထပ်လုပ်ပါ။ ပြီးရင် New ထဲက Boolen ကို click ပါ။ ဒီတကြိမ်မှာတော့ content.notify.ontimer ဆိုတဲ့ value တစ်ခုပြုလုပ်ပြီး True ပေးလိုက်ပါ။ ဒါဆိုပြီး ပါပြီ။

အသုံးဝင်မယ်ထင်လို့    မောင်စေတနာ  ဆီမှပြန်လည်မျှဝေဖော်ပြပေးထားပါတယ်ခင်ဗျာ..
Read More
Share/Bookmark

11/13/2012

Mozilla Firefox ကိုမြန်မာလိုမြင်အောင်လုပ်မယ်.

ကျွန်တော်အခုတင်မဲ့ဟာက သူငယ်တို့သိပြီးသားလည်းဖြစ်ပါတယ်
ဒါပေမဲ့မသိသေ:တဲ.သူတွေအတွက်ရည်ရွယ်ပါတယ်
Mozilla Firefoxမှာမြန်လိုဘယ်လိုလုပ်မလဲကြည်.မယ်နော်


Mozilla Firefox ကိုဝင်လိုက်ပါ
ပြီးရင်အောက်ပါပုံတိုင်ပေါ်လာပါလေ.မယ်



ဝင်ပြီးသွားရင် အပေါ်ဆုံးမှာ Tools ကလစ်ပေးလိုက်ပါ ပြီးရင် Options.. လေးကလစ်ထက်ပေးလိုက်ပါ
ပေးပြီးရင်ဒီပုံအတိုင်:ပေါ်လာပါမယ်


အဲဒီပုံထဲမှာ Content ဆိုတာလေးကိုကလစ်ပေးလိုက်ပါ
ပေးပြီပြီးဆိုရင် Advanced ...ဆိုတာလေးကိုကလစ်ထက်ပေးလိုက်ပါ
ပေးပြီးရင်ဒီပုံလေးပေါ်လာပါမည်


အဲဒီအပုံမှာပါတဲ. serif
Sans-serif Monospace ကို Zawgyiဖေါင်တည်.ယုံပါပဲ တည်.ပြီးရင်
ok လုပ်ဖို့မမေ.နဲ့နော်
နောက်တစ်ခုကzawgyi ကို download လုပ်ထားရပါမယ်
Mozilla Firefox Zawgyiဖေါင်တည်.တဲ.အခါ Desktop ပေါ်မှာMozilla Firefoxမဖွင့်ထားရဘူးနော်
ဖွင့်ထားရင်မြန်မာလိုပြောင်းလို.မရပါဘူး



အစဉ်ပြေပါစေခက်ခဲနေပါကကျွန်တော်အိမ်လေးကိုလာရောက်မေးနိုင်တယ်

Read More
Share/Bookmark

11/12/2012

Mozilla Firefox in easy Find ( မော်ဇီလာ ၌ Code

Mozilla Firefox ကို သုံးနေတဲ့ သူတွေထဲမှာ သိပြီးလူတွေလည်းရှိနိုင်သလို မသိသေးတဲ့သူအတွက် အဓိက ရည်ရွယ်ပါတယ်...။

ကျနော်တို့ မာတီမှာ CSS code တွေကို ထည့်ရတဲ့အခါ ထည့်ပြီးသား code တွေကို ပြန်ဖျက်ချင်တာပဲ ဖြစ်ဖြစ် လိုတိုးပိုလျှော့လုပ်ချင်တာပဲဖြစ်ဖြစ် အလွယ်တစ်ကူ code ရှာနည်း Mozilla Firefox မှာရှိပါတယ်...။

Customize My Site ------> Custom CSS   ထဲကိုရောက်ပြီဆိုရင် Ctrl+F ကို တွဲနိပ်လိုက်ပါ

Ctrl+F နိပ်လိုက်သောအခါ


Find ဆိုသော အပန်းရောင် ဘောင်ခတ်ပြထားတဲ့နေရာမှာ ရှာလိုတဲ့ code အမည်ကို ရေးလိုက်ရင် ပုံထဲကအတိုင်း အစိမ်းရောင်ဖြင့် ပြပေးပါလိမ့်မယ်။
အနီရောင် နဲ့ အပြာရောင် ဘောင်ကတော့ ဆက်လက်ရှာဖွေဖို့ ရှေ့တိုးနောက်ဆုတ် သဘောပါ။

ဘာရယ်တော့ ဟုတ်ပါဘူး မသိသေးတဲ့ သူတွေအတွက်သာ 
မူရင်းကိုဇောင်း
Read More
Share/Bookmark

Firefox ရဲ့နောက်ဆုံး Web Browser ဖြစ်တဲ့ Firefox Nightly


Firefox ကနေအသစ်ထွက်လာတဲ့ Firefox Nightly လေးပါ မသိသေးတဲ့သူတွေအတွက်ပါ
Firefox နဲ့ နည်းနည်းကွာတယ် နည်းနည်းလည်းမြန်သလိုပါဘဲ သုံးကြည်ရင်တော့သိကြမှာပါ
အသစ်ထွက်လာလို့တင်ပေးလိုက်တာပါ
Download

Firefox Nightly ကိုအသစ်ပြောင်းလိုက်ရင် Myanmar font မရတဲ့သူတွေရှိတက်ပါလိမ့်မယ်နော်
မရတဲ့သူငယ်ချင်းများအတွက်
Options > Options > Content > မှာ  Default font မှာ Zawgyi-one ကို ပြောင်းပါ (ဘေးနားမှာ
မြှားရှိပါသည်)
ပြီးရင် ဘေးနားမှာပဲ ရှိနေတဲ့  advanced ကို ကလစ်ပါ fonts for မှာ other languages ကို ပြောင်းပါ
serif  မှာ Zawgyi-one ပါ sans-serif မှာ Zawgyi-one ပါ Monospace မှာလည်း Zawgyi-one ပါ
အားလုံးပြောင်းပြီးသွားရင် Ok >Ok နဲ့  ပြန်ထွက်ပါ အဆင်ပြေပါလိမ့်မယ် အခု နောက်ပိုင်းထွက်တဲ့ Firefox  တွေမှာလည်း ဒီနည်းနဲ့  အဆင်ပြေပါတယ်
 သူငယ်ချင်းတို့အဆင်ပြေမယ်လို့ထင်ပါတယ်
Read More
Share/Bookmark

11/03/2012

Mozilla Bookmarks Back up လုပ်နည်း

ကိုယ့်ကွန်ပျူတာမှာ အင်တာနက်သုံးတဲ့ သူများအတွက် မော်ဇီလာမှာ မှတ်သားထားတဲ

့Bookmarks တွေကို Backup လုပ်ပြီးသိမ်းထားတဲ့ နည်းလေးပါ..

တခါတလေ virus ကိုက်လို့ ပဲဖြစ်ဖြစ် ၀င်းဒိုးအသစ်တင်လို့ ပဲဖြစ်ဖြစ်

အဲဒီအခါမှာ မော်ဇီလာမှာမှတ်ထားတဲ့ Bookmarks တွေက ပျောက်ဆုံးသွားတတ်ပါတယ်..

အဲဒိလိုမပျောက်သွားစေဘဲ သိမ်းထားနိုင်ဖို့ အတွက် Bookmarks တွေကို

အပြင်ထုတ်ပြီး သိမ်းထားဖို့ နည်းလမ်းလေး ပြောပြချင်လို့ ပါခင်ဗျာ..

ပထမဆုံး မော်ဇီလာကိုဖွင့်လိုက်ပါ.. ပြီးတော့ အပေါ်ဆုံးဘားလေးက Bookmarks

ဆိုတာလေးကို တချက်နှိပ်ပေးပါခင်ဗျာ.. ပြီးတာနဲ့ အောက်ကပုံမှာပြထားသလို

organize bookmarks ဆိုတာလေး နှိပ်လိုက်ပါ..အောက်ကပုံမှာ မြှားနဲ့ပြထားပါတယ်ခင်ဗျာ..





အဲဒါလေးကို နှိပ်ပြီးသွားရင် box အသစ်တစ်ခုပေါ်လာပါလိ့မ်မယ်. အဲဒီ box ရဲ့ 

အပေါ်ဆုံးမှာ ရှိတဲ့ import and backup ဆိုတာက တချက်ထပ်နှိပ်ပေးပါ..

အောက်ကပုံလေးအတိုင်း ဘောက်သေးသေးလေး ကျလာပါလိမ့်မယ်..

အဲဒီထဲကမှ export HTML ဆိုတာကို နှိပ်ပေးလိုက်ပါ.. သိမ်းဆည်းမယ့်နေရာကို မေးပါလိမ့်မယ်။
မိမိသိမ်းချင်သော နေရာ(သို့မဟုတ်) USB stick ထဲ ထည့်သိမ်းထားလည်း ရပါတယ်။


Export ဆိုတာကတော့ ကိုယ့်ဆီမှာ ရှိနှင့်ပြီးသား bookmarks တွေကို

တနေရာထုတ်ပြီးသိမ်းဆည်းထားဖို့အတွက်ပါ..
Import ဆိုတာကတော့ ၀င်းဒိုးအသစ်တင်ပြီးလို့  မော်ဇီလာကို run ပြီးသွားရင် အဲဒီ bookmarks

တွေကို ပြန်ထည့်ဖို့ အတွက်ပါ...

လောလောဆယ် ရှိပြီးသားတွေကိုသိမ်းမှာဖြစ်တဲ့ အတွက် export HTML ဆိုတာကို နှိပ်ပေးပါ..

အဲဒီအခါမှာ သိမ်းရမယ့်နေရာကို ပြပေးတဲ့ box တခုကျလာပါလိ့မ်မယ်..

အဲဒီကနေတဆင့် မိမိသိမ်းချင်တဲ့ နေရာမှာ bookmark HTML ဆိုတဲ့ အမည်လေးနဲ့ ဖိုင်တခုကို သိမ်းထားလိုက်လို့ ရပါပြီခင်ဗျာ..
အဲဒါလေးကို တော့စိတ်ချရမယ့်နေရာမှာ သိမ်းထားဖို့ လိုတာပေါ့..

နောက်ထပ် ၀င်းဒိုးတင်ပြီးလို့ မော်ဇီလာကို install လုပ် ပြီးရင်တော့ အဲဒီ

ဖိုင်လေးကို ပြန်ထည့်ပေးရပါတယ်.. အဲဒါမှ အရင် bookmarks အဟောင်းတွေကို

ပြန်လည်အသုံးပြုနိုင်မှာ ဖြစ်ပါတယ် ခင်ဗျာ..သိမ်းထားတာတွေကိုပြန်

ထည့်ပေးဖို့ ကလည်း မခက်ပါဘူး..

ခုနကပြောသလိုပဲ organize ကနေသွားပြီး import HTML

ဆိုတာကိုရွေးလိုက်ပါ..အဲဒီခါမှာ from HTML ဆိုတာလေးကို select လုပ်ပြီးသား

box လေး တခုပေါ်လာပါလိမ့်မယ်.. next ကိုထပ်နှိပ်ပြီး

ယခင် မိမိတို့ သိမ်းထားတဲ့ bookmark HTML ဖိုင်လေးကို ရွေးပြီး open

လုပ်ပေးလိုက်ရင် အရင် bookmarks အဟောင်းတွေက အသစ် install လုပ်ထားတဲ

့မော်ဇီလာ ထဲကို အလိုလိုရောက်နှင့်နေပြီး ဖြစ်ပါလိ့မ်မယ်..


bookmarks တွေများလွန်းလို့ မမှတ်မိသူတွေအတွက် ဒီလိုမျိုးလေး backup

လုပ်ပြီး သိမ်းဆည်းထားခြင်းဖြင့် ၀င်းဒိုး အသစ်တင်တာပဲဖြစ်ဖြစ်

တခြားအကြောင်းတခုခုကြောင့်ပဲဖြစ်ဖြစ် မိမိစက်ထဲက bookmarks

မှတ်သားထားတာတွေကို မဆုံးရှုံးနိုင်တော့ဘူးပေါ့.
နည်းပညာဖြန့်ဝေပေးသောကိုသူရအားကျေးဇူးတင်ပါသည်။

မူရင်း  လမ်းပြကြယ်
Read More
Share/Bookmark

10/31/2012

Firefox Browser မှာ အသံမလာ ၊ Video ကြည့်မရခြင်း

Software တွေ အသွင်းအထုတ်များတဲ့ ကျနော် ဒီနေ့ Software တစ်ခုကို Install လိုက်တာ အကောင်ပါသွားတယ်ဗျာ နောက်ပြီး Install ထားတဲ့ Software တွေကလည်း အရမ်းများနေတော့ သူတို့အချင်းချင်း မတည့်ကြဘူးနဲ့ တူပါတယ် Restart ကျသွားပြီး Window ပြန်မတတ်တော့ပါဘူး... ဒါနဲ့ Windowပန်တင်လိုက်ရတယ်ဗျာ...... ဒီနေရာမှာ တိုက်ဆိုင်နေလို့ Firefox Browser မှာ Video ကြည့်မရဘူး အသံမလာဘူး ဘယ်လိုလုပ်ရမလဲ ဆိုတာနဲ့ ပါတ်သက်ပြီးပြောချင်တာပါ... အင်း....တကယ်တမ်း Window 7 စသုံးကတည်းက ဒီလိုမျိုး ပြဿနာ တခါမှ မကြုံဖူးတာ အမှန်ပါ။ အင်းလေ ကွန်ပြူတာ ဆိုတာမျိုးကလဲ ကြာလာရင်တော့ ဖြစ်တတ်တာပါပဲ ကျနော်ဆိုပိုဆိုး တနေ့တနေ့ သွင်း/ထုတ် နေရတဲ့ Software တွေ စက်ဘယ်ခံနိုင်မလဲဗျာ.... Window ပြန်တင်တင်နေရတာလဲ ခဏခဏ ပါပဲ...သိတဲ့ အတိုင်းပဲလေ Window တင်ပြီးရင်တော့ Driver ကပြဿနာ မရှိပေမဲ့ ... စောစောကပြောနေတဲ့ Browser တွေမှာ Video တွေကြည့်လို့ရဖို့ အသံတွေလာဖို့ကျတော့ လိုအပ်တဲ့ Software တွေကို အသစ်ပြန်ထည့်ပေးရပါတယ် .. အသစ်ထည့်ပေးရတာလည်း ဘာမှမခတ်ပါဘူး Browser ကို ဖွင့်လိုက်တာနဲ့ သူအတွက်လိုအပ်နေတာတွေကို ပြပေးပါတယ် ကိုယ်က နောက်ကနေ ခလုတ်လေးနှိပ်ပေးရုံပါပဲ..။

Window ပြန်တင်ပြီး Firefox Browser မှာ Flash Player အလုပ် မလုပ်လို့ ပြန်ထည့်ပေးတဲ့ အတွေ့အကြုံလေးကို လုံးဝ မသိသေးတဲ့ သူငယ်ချင်းတွေအတွက် ဗဟုသုတ အဖြစ်ပြန်လည်မျှဝေပေးလိုက်ပါတယ်....:)

(အင်တာနက် ကွန်နက်ရှင် မရှိတဲ့နေရာမျိုးဆိုရင်တော့ ကွန်ပြူတာအတွက် အဓိက လိုအပ်တဲ့ Adobe Flash Player တို့ Adobe Reader တို့လိုမျိုးကို မိမိစက်ကောင်းနေစဉ် ဒေါင်းယူသိမ်းဆည်းထားသင့်ပါတယ် )

ကျနော် Window ပြန်တင်ပြီး Firefox Browser ကို ဖွင့်လိုက်တော့ အောက်ကပုံ အတိုင်း  မြင်တွေ့ရပါတယ်...။ Flash Player မရှိသေးလို့ပါ...။



အပေါ်နားက Install Missing Plugins ဆိုတာလေးကို (A Plugin is needed to display this content. Install plugin ဆိုတာကိုပဲ နှိပ်နှိပ်)  နှိပ်ပေးလိုက်ပြီးတော့ ပေါ်လာတဲ့ Box မှာ Next ကို နှိပ်ပေးလိုက်ရင် Flash Player ကို သူ့ဘာသာသူ Download လုပ်ယူသွားမှာပါ...ပြီးရင် Finish ကိုနှိပ်ပေးပြီး...




Double Click နဲRun >> Install 


Firefox Browser ကိုပိတ်ပြီး ပြန်ဖွင့်ကြည့်လိုက်ရင် အောက်ကပုံအတိုင်း Flash Player 
 အလုပ်လုပ်သွားပါပြီ..။




နောက်တစ်ခုကတော့ Video တွေကြည့်မရသေးဘူးဆိုရင် Browser ရဲ့ Add on မှာ ပြန်စစ်ဆေးကြည့်ပါဦး....

Plugins မှာ Enable ဖြစ်နေရင် အားလုံး Disable ပြင်ပေးလိုက်ပါ...ပြီးရင် Browser ကို Restart ပေးပါ (ပိတ်ပြီး ပြန်ဖွင့်ကြည့်ပါ)




ကဲ... ကျနော်သိသလောက်တော့ ဒါလောက်ပါပဲ...။
 အသံမလာဘူး Video တွေ ကြည့်မရသေးဘူးဆိုရင်တော့ အပေါ်က အကြောင်းရာအတိုင်း ဖြစ်နိုင်သလို Virus ကြောင့်လည်းဖြစ်နိုင်ပါတယ် ဒါမှမဟုတ် Driver တွေ Update မဖြစ်တော့တာမျိုးကြောင့်လည်းဖြစ်နိုင်ပါသေးတယ်...Driver ကြောင့်လို့ထင်ရင် ဒီ Software လေး Download ချပြီး စစ်ပေးကြည့်ပါ ... Virus ကြောင့်ထင်ရင် Antivirus နှစ်မျိုး သုံးမျိုးနဲ့  Full Scan  လုပ်ပေးပါ ...။ Firefox ကို Your Uninstaler နဲ့ Uninstall လုပ်ပေးပြီး CCleaner လိုမျိုး Cleaner တခုခုနဲ့ ရှင်း... ပြီးတော့ Firefox ကိုပြန် Install ပေးကြည့်ပါ...။

အပေါ်ကနည်းလမ်းတွေအတိုင်း လုပ်ပေးကြည့်တာမှ မရသေးဘူးဆိုရင်တော့..........
(ဥပမာ ကျနော်ဆိုရင်)

Window ပဲပြန်တင်လိုက်ပါတော့မယ်.....:D


အားလုံးအဆင်ပြေကြပါစေ..... မိုးလင်းသွားပြီဗျာ .. အိပ်တော့မယ်....:P

လေးစားစွာဖြင့်



နားလည် တတ်ကျွမ်းတဲ့ သူငယ်ချင်းများရှိလို့ တခြားနည်းလမ်းလေးများရှိခဲ့ရင် အောက်က Comment မှာ မိမိ တို့ အတွေ့အကြုံ လေးတွေကို အများ ဗဟုသုတ ရစေဖို့  ဖြည့်စွက်ရေးသားပြီး  မျှဝေသွားကြပါဦးလို့ ဖိတ်ခေါ်ပါရစေ.....:) 

မူရင်း
ဝင်းကမ္ဘာကျော်
Read More
Share/Bookmark

Firefox Browser မှာ Tab bar, Bookmark Menu က မြန်မာ Font ပြဿနာ ဖြေရှင်းနည်း



 han nwe soe: Mozilla Firefox က Tab and Menu bar မှာ မြန်မာဖောင့်တွေမပေါ်ဘူးဖြစ်နေတယ်.. Webpage မှာတော့ဖတ်လို့ရတယ်.. ဘယ်လိုလုပ်ရမလဲ ပြောပြပေးပါဦး...

တိုက်တိုက် ဆိုင်ဆိုင်ပါပဲ.... သူငယ်ချင်းတစ်ယောက်ကလည်း ဒီကိစ္စ နဲ့ ပါတ်သတ်ပြီး  အိမ်ရောက်လာလို့ နည်းလမ်းရှာပြီး လက်တွေ့ ဖြေရှင်းပေးလိုက်တာ အဆင်ပြေသွားလို့ ဒီနည်းလမ်းလေးကို မသိသေးသူအားလုံးအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ် .....:)


 အပေါ်ကပုံထဲကလို Firefox ရဲ့ Tab Bar , Bookmark Menu တွေမှာ မြန်မာစာတွေ လေးထောင့်တုံးဖြစ်နေရင်...  အောက်က နည်းလမ်းအတိုင်းပြင်ပေးလိုက်ပါ....

 Desktop > Right Click > Presonalize >
Window Color > Advanced appearance setting... > Menu  နဲ့  Message Box  မှာ  Zawgyi One  ကို ရွေးပေးပြီး Apply > OK  ပြောင်းပေးလိုက်ပါ....

အဆင်ပြေမပြေဆိုတာကိုတော့ ပုံတွေကြည့်ခြင်းအားဖြင့်သိနိုင်ပါတယ်...

ဝင်းကမ္ဘာကျော်

ကဲ... ပုံမှာ မြင်တွေ့ရတဲ့အတိုင်းပါပဲ.....:)



အခြား မြန်မာလို မပေါ်တဲ့ ပြဿနာအတွက်ကိုတော့ ကိုစေတန်ဂေါ့ ရေးထားတဲ့ ဒီ Add On လေးကို add ပေးလိုက်ပါ...

အားလုံးအဆင်ပြေကြပါစေ.....

ဝင်းကမ္ဘာကျော်
Read More
Share/Bookmark

မိမိဘလော့ကို submit မှန်မှန် လုပ်ပေးခြင်းဖြင့် မိမိဘလော့ မြန်ဆန်မည်ရှင်းလင်းမည် မောက်တင်ပြီး ကျလာတဲ့ဘောက်ထဲမှာ မိမိဘလော့လိပ်စာ ထည့်ကာ Submit ကလစ်လိုက်ပါ ဒါဆို နောက်ဇယားတစ်ခုမှ သင့်အီးမေးကို ထည့်ပြီးSubmit လုပ်လိုက်ပါ

<<<အထူးဧည့် သည်တော်များ>>> Flag Counter

Share

Twitter Delicious Facebook Digg Stumbleupon Favorites