♫♪၀ါသနာတူMember ၀င်ထားကြတဲ့ မိတ်ဆွေများ♪♫
Showing posts with label အသိပေးခြင်း. Show all posts
Showing posts with label အသိပေးခြင်း. Show all posts
10/22/2013
မလေးရောက် 6P မြန်မာများကို တရားဝင်နေထိုင်ခွင့် ထပ်လုပ်ပေးမည်
မလေးရှားနိုင်ငံမှာ လွတ်ငြိမ်းချမ်းသာခွင့် 6P အစီအစဉ်နဲ့ မှတ်ပုံတင်ခဲ့ပြီး တရားဝင် အလုပ်လုပ်ခွင့် ပါမစ်မရသေးတဲ့ နိုင်ငံခြားသားတွေအတွက် တရားဝင်ဖြစ်အောင် ဒုတိယအကြိမ်အဖြစ် လုပ်ဆောင်ပေးမယ်လို့ မလေးရှားအစိုးရက ကြေညာပါတယ်။
အောက်တိုဘာ ၂၁ ရက်နေ့ကနေ စတင်ပြီး မလေးရှားနိုင်ငံ ပူထရာဂျာယာမှာရှိတဲ့ ပြည်ထဲရေးဝန်ကြီးရုံးမှာ  ၃ လတိတိ ဆောင်ရွက်ပေးမယ်လို့ မလေးရှားအာဏာပိုင်တွေက ကြေညာထားတဲ့အကြောင်း မလေးရှားရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားကူညီ စောင့်ရှောက်ရေး စင်တာ (အမ်အမ်အာရ်စီ)က ပြောပါတယ်။
မလေးရှားနိုင်ငံမှာ တရားမ၀င်နေထိုင်တဲ့ မြန်မာနိုင်ငံသားတွေဟာ မလေးရှားအစိုးရရဲ့ 6P အစီအစဉ်နဲ့ မလေးရှားအခြေစိုက် အကျိုးဆောင်ကုမ္ပဏီတွေကနေတဆင့် တရားဝင် ဖြစ်ရေး မှတ်ပုံတင်ခဲ့ပေမယ့် ပါမစ်မရဘဲ ငွေလိမ်ခံခဲ့ကြရပါတယ်။
အခုလုပ်ဆောင်ပေးမယ့် အစီအစဉ်မှာတော့ ကြားဝင်ဆောင်ရွက်ချက်တွေကို လက်မခံသလို အလုပ်ရှင်တွေ ကိုယ်တိုင် လွတ်ငြိမ်းချမ်းသာခွင့် 6P အစီအစဉ်နဲ့ ပါမစ်မရတဲ့ အလုပ်သမားတွေအတွက် ကိုယ်တိုင် သွားရောက် လျှောက်ထားရမှာ ဖြစ်တယ်လို့ အမ်အမ်အာရ်စီက ဦးရန်နိုင်ထွန်းက ပြောပါတယ်။
6P ကာလအတွင်းက ပါမစ်မရသူတွေကလည်း လက်ထဲမှာရှိတဲ့ နိုင်ငံကူးလတ်မှတ်နဲ့ ပါမစ်ရရှိအောင် ဆောင်ရွက်နိုင်သလို နိုင်ငံကူးလတ်မှတ် မရှိပါက မလေးရှားလ၀ကရုံးက ပေးတဲ့ အထောက်အထားနဲ့ မြန်မာသံရုံးမှာ နိုင်ငံကူးလက်မှတ် လျှောက်ထားနိုင်ကြောင်း ပြောပါတယ်။
ဒီအတွက် မြန်မာသံရုံးရဲ့ ပူးပေါင်းဆောင်ရွက်မှုက အရေးကြီးသလို အရင်က ပါမစ်ရဖို့ အတွက် အလုပ်သမားတွေ ငွေကုန်ခံထားရတဲ့ဖြစ်ရပ်တွေကို မလေးရှား အလုပ်သမား သမဂ္ဂတွေက မေးခွန်းထုတ်တာတွေ ရှိနေတယ်လို့ ဦးရန်နိုင်ထွန်းက ပြောပါတယ်။
ဒီအတွက် ပါမစ်မရရှိဘဲ ငွေပေးသွင်းတဲ့သူတွေဟာ အလုပ်ရှင်သူဌေးကို ခေါ်ယူပြီးတော့ 6P ကာလအတွင်းက ငွေပေးသွင်းထားတဲ့ အထောက်အထား၊ လူဝင်မှုကြီးကြပ်ရေး အထောက် အထား၊ ဆောင်ရွက်ခဲ့တဲ့ ကုမ္ပဏီအထောက်အထားနဲ့ လက်ရှိ လုပ်ကိုင်နေတဲ့ အလုပ်ရှင်တွေ စတဲ့ အချက် ၄ ချက်နဲ့ သွားရောက် လျှောက်ထားနိုင်ပြီဖြစ်တယ်လို့ ဆိုပါတယ်။
မလေးရှားအခြေစိုက် အလုပ်သမားအကျိုးဆောင် ကုမ္ပဏီတခုဖြစ်တဲ့ မဟာနန်းမှာ ပါမစ်လုပ်ခဲ့ပြီး အလိမ်ခံခဲ့ရတဲ့ မလေးရှားရောက် မြန်မာအလုပ်သမား ဦးသန်းစိုးဦးကတော့ ပါမစ်စောင့်တာ မရလို့ သူဌေးက အလုပ်ဖြုတ်လိုက်တဲ့အတွက်  ဒီတခေါက် လုပ်ဆောင်ဖို့ ငွေကြေးအခက်အခဲရှိနေတယ်လို့ ပြောပါတယ်။
မလေးရှားနိုင်ငံမှာ တရားမ၀င် အိုဗာစတေးနဲ့ နေထိုင် အလုပ်လုပ်ကိုင်နေကြတဲ့ မြန်မာအပါအ၀င် နိုင်ငံခြားသားအလုပ်သမားတွေကို မလေးရှားအစိုးရက ၂၀၁၁ ခုနှစ်တုန်းက အဆင့် ၆ ဆင့်ပါ 6P လွတ်ငြိမ်းချမ်းသာခွင့်အစီအစဉ်တခု ဆောင်ရွက်ပေးခဲ့တာ ဖြစ်ပါတယ်။
6P အစီအစဉ်မှာ မှတ်ပုံတင်တာ၊  တရားဝင်အဖြစ် လုပ်ဆောင်တာ၊ လွတ်ငြိမ်းချမ်းသာခွင့် စီစဉ်တာ၊ စစ်ဆေးမှုတွေ ပြုလုပ်တာ၊  အရေးယူတာနဲ့ ပြည်နှင်ဒဏ်ပေးတာတွေ ပါဝင်ပါတယ်။
အဲဒီအစီအစဉ်ကို မလေးရှား ပြည်ထဲရေးဝန်ကြီးဌာနက လုပ်ဆောင်တာဖြစ်ပြီး တရားမ၀င် အလုပ်သမားတွေ တရားဝင် မှတ်ပုံတင်နိုင်အောင် ဆောင်ရွက်ပေးတာလည်း ဖြစ်ပါတယ်။
အခုလို ပြန်လည် လုပ်ဆောင်ပေးတဲ့အစီအစဉ်မှာတော့ ယခင်  6P အစီအစဉ် လုပ်ဆောင်စဉ်က ပါမစ်မလုပ်ထားတဲ့သူတွေကိုတော့ လျှောက်ထားဖို့ ခွင့်ပြုမှာ မဟုတ်ဘူးလို့ လည်း သိရပါတယ်။
မလေးရှားနိုင်ငံမှာ  တရားမ၀င်နေထိုင်သူတွေကို  အစိုးရတာဝန်ရှိသူတွေက စက်တင်ဘာ လဆန်းပိုင်းကတည်းက  စီမံချက်ချပြီး  ဖမ်ဆီးနေရာမှာ  မြန်မာနိုင်ငံသား ၅၀၀ ကျော် အဖမ်းခံထားရသလို မလေးရှားမှာ သိန်းနဲ့ ချီတဲ့ မြန်မာနိုင်ငံသားတွေ အလုပ်လုပ်ကိုင်နေတာလည်း ဖြစ်ပါတယ်။
By : ကို​ထွေး​ (ဒီဗွီဘီ)
Ref : http://www.thithtoolwin.info
3/24/2013
မလေးရှားရောက် အရက်သောက်တတ်သူ မြန်မာများအတွက် အထူးသတင်း
ဒီနေ့ (အခုပဲ) Facebook မှာ လိုက်မွှေရင်း တွေ့လာတဲ့ သတင်းတစ်ပုဒ်ပါ... ဖတ်ကြည့်လိုက်တော့ စိတ်မကောင်းစရာတွေဖြစ်နေလို့ IT နည်းပညာနဲ့ မဆိုင်ပေမဲ့ မလေးမှာရှိနေတဲ့ သူငယ်ချင်း (ဘဝတူတွေ) သိသင့်တယ်ထင်လို့ တဆင့်ပြန်လည်မျှဝေပေးလိုက်ရပါတယ်...:(
(ဒီသတင်းဟာ လုံးဝ ဖြစ်နိုင်ပါတယ်) 
မလေးရှားရောက် အရက်သောက်တတ်သူမြန်မာများအတွက် အထူးသတင်း
FB ပေါ်မှာစိတ်မချမ်းသာစရာတွေနဲ့ ပြည်နှက်နေတဲ့ အချိန်ဒီသတင်းတွေကိုကျွန်တော်တင်လိုစိတ်မရှိပါဘူး၊
အလားတူသတင်းမျိုးကိုဦးကျော်သူအပါအဝင်ကပုန်း နာရေးကူညီမူ့ အသင်းမှညီလေးဇော်ကြီးတို့ လည်းတင်ထားပြီးဖြစ်ပါတယ်ကျွန်တော်တို့ မှီခိုလုပ်ကိုင်းစားသောက်နေကြရတဲ့ မလေးရှားနိုင်ငံမှာပြီးခဲ့ တဲ့ ဖေဖေါ်ဝါရီလကစလို့ မြန်မာနိုင်ငံသားအချို့ အရက်သောက်ပြီးသေဆုံးနေကြပါတယ် ။
သေဆုံးပုံတွေကလည်း၃ယောက်တဖွဲ့ ၊၂ယောက်တဖွဲ့ ၊တယောက်ချင်း..နေရာဒေသကွဲပြားပြီးသေဆုံးနေကြပါတယ်၊ဒီနေ့ သောက်နောက်နေ့ သေ၊ဒီညသောက်ဒီညသေတွေဖြစ်နေပါတယ်၊အရက်ထဲမှာလူသေစေလောက်တဲ့ အဆိပ်ပါနေလို့ သေရတာပါ၊
ဒီအရက်တွေဟာလိုင်စင်မဲ့ ခိုးထုပ်နေတဲ့ အရက်တွေဖြစ်ပါတယ်။
ဒီနိုင်ငံသားတွေရဲ့ ဈေးကွက်မှာဖြန့် ချီလို့ မရပါဘူး မြန်မာနိုင်ငံသားတွေသာဝင်ထွက်သွားလာစားသောက်နိုင်တဲ့ မြန်မာလူမျိုးများဖွင့် လှစ်ထားတဲ့ မြန်မာဆိုင်တွေကိုသာဖြန်ချီထားတာဖြစ်ပါတယ်၊ဆိုတော့ ကာသေစရာရှိမြန်မာနိုင်ငံသားအရက်သောက်တတ်သူများသာသေနေကြပါတယ်၊ခုဆိုရင်သေနုန်းကပိုမြင့် လာနေပါပြီ ။
မြန်မာနိုင်ငံသားအပေါင်းဘေးအန္တရယ်ကင်းရှင်းနိုင်ကြပါစေ
လေးစားစွာဖြင့် 
အောင်(နီလိုင်း)
ဤဘလော့အား မလေးရောက် ဧဒင်ဥယျာဉ်အဖွဲ့အားလုံးသို့ email 175000 ကျော်ကို www.edinooyin.com မှ တစ်ချိန်းတည်းဖြန့်ချီပြီးဖြစ်သည်။
လာမည့် သင်္ကြန်တွင် မြန်မာလူငယ်အချို့ နှစ်စဉ် အရက် သောက်လေ့ရှိသည့်အတိုင်း သောက်သုံးကြသဖြင့် ယခုအချိန်သည် သတိပေးရမည့် အကောင်းဆုံးအချိန်ဖြစ်သည် ။
ဤသတင်း ဂျာနယ်များတွင် မဖော်ပြသေးသောကြောင့် မိမိ၏ သူငယ်ချင်းများမှ အရက်သောက်တတ်သူများအားလုံးထံ ဖုန်းဖြင့်အသိပေးရန် ။
ဤသတင်းဖတ်အပြီး မြန်မာစာလုံးတံဆိပ်ပါသော မလေးရှားရှိမည်သည့်အရက်ကိုမျှ မသောက်သုံးဖို့တားရန် ။
ဤ သတင်းဖတ်အပြီး မြန်မာဆိုင်များအားလုံး မလေးရှားရှိ လိုင်စင်ရ အရက်များကိုသာ ပြောင်းလဲရောင်းချပေးရန် ။
ဧဒင်ဥယျာဉ်မှ အထူးတိုက်တွန်းသည် ။
Credit:ဧဒင်ဥယျာဉ်
Ref:www.facebook.com
မိမိဘလော့ကို submit မှန်မှန် လုပ်ပေးခြင်းဖြင့် မိမိဘလော့ မြန်ဆန်မည်ရှင်းလင်းမည် မောက်တင်ပြီး ကျလာတဲ့ဘောက်ထဲမှာ မိမိဘလော့လိပ်စာ ထည့်ကာ Submit ကလစ်လိုက်ပါ ဒါဆို နောက်ဇယားတစ်ခုမှ သင့်အီးမေးကို ထည့်ပြီးSubmit လုပ်လိုက်ပါ
<<<အထူးဧည့် သည်တော်များ>>> Flag Counter
Share
Twitter Delicious Facebook Digg Stumbleupon Favorites