♫♪၀ါသနာတူMember ၀င်ထားကြတဲ့ မိတ်ဆွေများ♪♫
Showing posts with label Total video converter. Show all posts

11/16/2012
11/12/2012
Total video converter အသုံးပြုနည်းနှင့် Software
Total video converter လေးဟာ phone, mp3, mp4 စတဲ့ ပစ္စည်းများထဲကို ရုပ်ရှင်များ၊ ring tone များ၊ mp3 သီချင်းများ ပြောင်းပေး တဲ့ နေရာမှာ အရမ်း အသုံးဝင်ပါတယ်။ သုံးနည်းကို ရေးပေးလိုက်ပါတယ်။

Total video converter ကို ဖွင့်လိုက်ပါက ယခုလိုမျိုးမြင်ရပါလိမ့်မယ်။ save folder ဆိုတဲ့နေရာလေးဟာ ကိုယ်ပြောင်းထားတဲ့ file သိမ်းချင်တဲ့ နေရာလေးကို ရွေးရပါတယ်။ ဥပမာ desktop ပေါ့။ new task ဆိုတဲ့ နေရာလေးကို နှိပ်လိုက်ရင် အောက်မှာပြထားတဲ့ ပုံအတိုင်း မြင်ရပါလိမ့်မယ်။

Import file ကို နှိပ်ပြီး ကိုယ်ပြောင်းချင်တဲ့ file ကို သွားရွေးပါကအောက်မှာပြထားတဲ့ ပုံအတိုင်း မြင်ရပါလိမ့်မယ်။
phone, mp3, mp4 အမျိုးစားများပေါ်မူတည်ပြီး file format တွေဟာမတူညီကျပါဘူး။ အများဆုံးသော format တွေကတော့ ရုပ်ရှင်ထည့်ချင်လျှင် mp4, 3GP စတဲ့ format တွေဟာ ဖုန်းတော်တော်များများ၊ mp4 တော်တော်များနဲ့ အဆင်ပြေပါတယ်။ ဖုန်းထဲကို သွင်းချင်ရင်တော့ အပေါ်ဆုံးက ဖုန်းပုံစံဘေးမှာ ကိုယ်နဲ့လိုက်ဖက်မဲ့ format ကို ရွေးပေးရပါမယ်။ ဒုတိယကတော့ mp4 တွေအတွက်ပေါ့။ တတိယကတော့ အင်တာနက်ပေါ်တင်တဲ့ အခါမှာသုံးပါ။ flash file format အဖြစ်သုံးလို့ ရပါတယ်။ စတုတ္ထကတော့ DVD, VCD တွေပြောင်း ချင်ရင်သုံးပါ။ ပဉ္စမကတော့ apple computer နဲ့ apple ပစ္စည်းများမှာသုံးပါ။ ရုပ်ရှင်မှ ဓါတ်ပုံ ပြောင်းချင်ရင်တော့ jpeg ကို ရွေးလိုက်ပေါ့။ ဆဌမကတော့ mp3 နဲ့ audio file အမျိုးမျိုး အတွက်ပါ။ ကိုထည့်ရမယ့် file format ကို ရွေးလိုက်ပါ။

ကိုယ်ပြောင်းချင်သော file များ အားလုံးကို ရွေးပြီးသောအခါ convert now ကို နှိပ်လိုက်ပါက အောက်မှာ ပြထားသော ပုံသဏ္ဍန်မျိုးမြင်ရင်ခဏ စောင့်ရပါမယ်။

ပြီးသွားလျှင် ကိုယ်သိမ်းဖို့ရွေးခဲ့သောနေရာကို သွားဖွင့်ကြည့်လိုက်ပါက ပြောင်းထားပြီးသား file များကို တွေ့ရပါမယ်။ အလွယ်တကူ copy ကူးပြီး ကိုယ့်ဖုန်းထဲ၊ mp4, mp3 ထဲ ထည့်လိုက်ရုံပါပဲ။
total video converter software လေးကို ဒီမှာတင်ပေးထားပါတယ်။ ဒေါင်းလိုက်ပါအုံး၊ serial no ပါတဲ့အတွက် window 7 နဲ့လည်း အဆင်ပြေပါတယ်။

***********************************