Back to top ဆိုတဲ့ အကြောင်းလေးကို ရေးဖို့မလိုတော့ဘူးလို့ တွေးခဲ့ပေမဲ့လည်း၊ မာတီက တစ်ချို့ ဆိုဒ့်တွေမှာ Back to top icon လေးတွေက နေရာတစ်တကျမဖြစ်တာတွေလည်း တွေ့နေရသလို၊ အဲ့ဒီ back to top လေးက Home page မှာပဲ ပေါ်နေတယ် ပိုစ့်တိုင်းမှာ မပေါ်တာကိုလည်းတွေ့နေရပါတယ်။
အရင်ကတော့ ကိုလင်းထက်က Back to top အကြောင်းလေးကို ဒီမှာ ရေးခဲ့ပြီးပါပြီ။ အဲ့ဒီ ပိုစ့်ထဲမှာက CSS ထဲမှာရော သွားချိန်ရမဲ့ နည်းဖြစ်နေတယ်။ အခု နည်းကတော့ CSS ထဲမှာ သွားထည့်စရာတွေ ချိန်စရာတွေမလိုပါဘူး။
Back to Top
Back to top ဆိုတာကတော့ မာတီမှာ (တော်တော်များများ) မသုံးကြပါဘူး။ ဘလော့ဂ်စပေါ့တွေမှာတော့ တော်တော်လေးကို အသုံးပြုကြပါတယ်။ သုံးရတဲ့ အကြောင်းကတော့ ဒီလို....... တစ်ယောက်ယောက်ရဲ့ ဆိုဒ်က စာတွေ အများကြီးရေးထားတယ်။ အများကြီးရေးထားလို့ အများကြီး ဖတ်ရတယ်ပေါ့ဗျာ။ ဖတ်ရင်းနဲ့ အောက်ကိုရောက်သွားမယ်။ ဖတ်လို့ ပြီးသွားရင် အပေါ်ကို ပြန်တက်နေရမှာ Scroll Bar ကိုဆွဲရင်ဆွဲ၊ ဒါမှမဟုတ် Mouse မှာပါတဲ့ ballon လေးကို လှည့်ပြီးတော့ ဖြစ်ဖြစ်ပေါ့။ အခု ဒီ back to top လေးထည့်ထားတဲ့ရင်ကျတော့ အဲဒါလေးကို နှိပ်လိုက်တာနဲ့ ထိပ်ဆုံးကို တန်းပြီး ရောက်သွားပါလိမ့်မယ်။ Scroll Bar တွေလည်း ဆွဲစရာမလိုတော့ပါဘူး။
Welcome Box
Welcome Box ဆိုတာက Home page မှာပဲ အလုပ်လုပ်ပါတယ်။ blog ထဲသို့ music တို့ photo တို့ထဲကို ၀င်မယ်ဆိုရင် Welcome box က မပေါ်တော့ပါဘူး။ ဒါကြောင့် အခု Back to Top လေးကိုလည်း Welcome box ထဲမှာ ထည့်မယ်ဆိုရင်တော့ Home page မှာပဲ ပေါ်ပါလိမ့်မယ် ပိုစ့်တိုင်းလိုလိုမှ ပေါ်မှာမဟုတ်ပါဘူး။ အဲ့ဒီတော့ back to top လေးကို Welcome box ထဲမှာ မထည့်ပဲ တစ်ခြား တစ်နေရာမှာ ထည့်မှ ဖြစ်ပါလိမ့်မယ်။
Back to top လေးကို နေရာတိုင်းလိုလိုမှာ ပေါ်စေဖို့အတွက် ထည့်စရာ နှစ်နေရာပဲ ရှိပါတယ်။
- Site Title
- Sidebar {Rail} (အရင်က ကြော်ငြာနေရာ)
Back to top ယူမယ်ဆိုရင်
ဘယ်ဖက်သို့....
ညာဖက်သို့....
ညာဖက်သို့....
ဘယ်ဖက်သို့....
Back to Top အနေနဲ့ ပုံကို ညာဖက်မှာ ထားနိုင်သလို ဘယ်ဖက်မှာလည်း ထားနိုင်ရန်အတွက် ပုံများနဲ့ ဘယ်ညာပြပေးထားပါတယ်။ right နဲ့ left ကို ပြပေးထားပါတယ်။ ကြိုက်နှစ်သက်ရာကို သုံးပါ။
Code ထည့်သွင်းနည်း
Customize Site ကိုနိပ်လိုက်ရင် ဆိုင်ရာဆိုင်ရာ ကဏ္ဍ များမှာ edit ဆိုတာပေါ်လာပါလိမ့်မယ် အဓိက ထည့်ရမဲ့နေရာကတော့ အောက်က ပုံအတိုင်းဖြစ်ပါတယ်
{ဇောင်း}
0 comments:
Post a Comment
ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါတယ်. ♪♫#*♥winaung♥*#♫♪...၏
ဆိုဒ်လေးမှနွေးထွေးစွာကြိုဆိုပါ၏..သည်ဆိုဒ်လေးစတင်သည်ခုနုစ်
(03/october/2012)မှသည်ဆိုဒ်လေးသည်နည်းပညာများ
ဆာ့ဝဲလ်းများလေ့လာရှာဖွေရင်းစတင်စုဆောင်ထာသည်ဆိုဒ်လေးဖြစ်ပါသည်..
ကျွန်တော်လိုချင်တဲ့ချိန်မှာရှာရတာလွယ်ကူအောင်.သည်နေရာလေးမှာစုထာချင်းဖြစ်ပါသည်...
မိတ်ဆွေများလဲလိုချင်တာများခွင့်တောင်းစရာမလိုယူသွားနိုင်ပါသည် .....ရွှင်လန်းချမ်းမြေ့ပါစေ..