ဘ၀တွင်အခွင့်အလမ်းကောင်းများသည်တစ်ကြိမ်မဟုတ်တစ်ကြိမ်
မိမိထံသို့ရောက်လာတတ်ပါသည်။ ထိုအခွင့်အလမ်းကောင်းကို
သိရှိပြီးမိမိရရ ဖမ်းယူလိုက်နိုင်ဖို့အရေးကြီး၏။
အခွင့်ကောင်းသည်နွေဦးတွင်ပြတင်းပေါက်ဘောင်တွင်
လာနားတတ်သောငှက်ငယ်နှင့်တူသည်။ ကြာကြာနားလေ့မရှိ့။
လူတို့ဂရုစိုက်မိသောအချိန်တွင် ထပျံသွားတတ်၏ ။
တကယ်ဘ၀တွင်လည်း အခွင့်ကောင်းဆိုက်ရောက်လာသည်ကိုတော်ရုံလူတို့မသိနိုင်။
ဇွဲးလုံ့လ၀ီရိယနှင့်အားကြိုးမာန်တတ် ကြိုးစားနေသော
အခွင့်ကောင်းကိုချောင်းနေသူတို့သာသိနိုင်၏။
ကံကြမ္မာသည်ထိုသူတို့ကိုသာမျက်နှာသာပေးပြီးအခွင့်ရေးပေးတတ်၏ ။
ထိုကြောင့် အခွင့်ကောင်းကိုရယူလိုသူတို့သည်အိမ်တွင်
ဘာမှမလုပ်ငုတ်တုတ်ထိုင်စောင့်နေ၍မရနိုင်။
ရုံးအလုပ်ကိုတာဝန်ကျေရုံလုပ်ပြီမျှော်လင့်နေ၍လည်းရမည်မထင်။
ကိုယ့်ရည်းမှန်းမျှော်လင့်ထာသောအလုပ်တစ်ခုကို
ဇွဲလုံ့လ၀ီရိယနှင့်အားထုတ်ကြိုးပမ်းနေရင်း သတိရှိရှိနှင့်
စောင့်ဆိုင်းနေတတ်သူတို့သာ အခွင့်ကောင်းကိုရတတ်၏ ။
အခွင့်ကောင်းကိုရယူတတ်ပါစေ။
0 comments:
Post a Comment
ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါတယ်. ♪♫#*♥winaung♥*#♫♪...၏
ဆိုဒ်လေးမှနွေးထွေးစွာကြိုဆိုပါ၏..သည်ဆိုဒ်လေးစတင်သည်ခုနုစ်
(03/october/2012)မှသည်ဆိုဒ်လေးသည်နည်းပညာများ
ဆာ့ဝဲလ်းများလေ့လာရှာဖွေရင်းစတင်စုဆောင်ထာသည်ဆိုဒ်လေးဖြစ်ပါသည်..
ကျွန်တော်လိုချင်တဲ့ချိန်မှာရှာရတာလွယ်ကူအောင်.သည်နေရာလေးမှာစုထာချင်းဖြစ်ပါသည်...
မိတ်ဆွေများလဲလိုချင်တာများခွင့်တောင်းစရာမလိုယူသွားနိုင်ပါသည် .....ရွှင်လန်းချမ်းမြေ့ပါစေ..