သက္ကရာဇ်ခုနှစ်
ထုဆစ်တဲ့ရာသီသံရာ
ဒီဇင်ဘာဆိုတာရောက်ခဲ့ပြီ
ခေတ်တစ်ခေတ်ရဲ့အဆိုးကောင်းတွေနဲ့
အသစ်တွေအမျိုးမျိုးပြောင်းလဲနေချိန်မှာ
အသစ်တွေကရောတိမ်းစောင်းသွားပြီလား
ဘယ်အ၇ာတွေများအပြစ်ဖြစ်ခဲ့လို့လဲ
ဝေခွဲရန်မစဉ်းစားချင်မိ
သတိမရှိခဲ့ချေပြီ
ဇန်န၀ါရီတဲ့
အမှန်တရားသည်ဘယ်လိုပဲ
ဖန်တရာတေ၏လို့ပြေား''ပြေား
စောဒကတက်တဲ့လူတွေဘေးဖယ်
သွေးစက်တွေတစ်စက်ချင်းရွေးချယ်ကာ
ချွေးစက်တွေဖွဲစကွဲလို
အလဟဿမဖြစ်စေဘဲ
အတွေးကျယ်ရေးချယ်ဆန်းစစ်လို့
ဟို.....အရှေ့ဆီကပန်းခင်းတစ်ခုရောက်ဖို့
ပိတောက်ပွင့်သစ်တို့နဲ့အတူလင်းကျင်းလို့
ရွှေဝါရောင်နှစ်ကူးရန်....တို့တစ်တွေ
အတောင်ပံဖြန့်ပြန်ခဲ့ပြီ.....
(ကြိုးကြာနီ)
3 comments:
အရှေ့ဆီပန်းခင်းတစ်ခုကို ရောက်ဖို့ ပိတောက်ပွင့်သစ်တို့နဲ့အတူ ရွှေဝါရောင်နှစ်ကူးဖို့ ပြန်လာပုံလေးက လှပပါတယ်ရှင်.....
ဖတ်ခဲ့ပါ၏ ...။
ကောင်းတယ်ဗျာ
Post a Comment
ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါတယ်. ♪♫#*♥winaung♥*#♫♪...၏
ဆိုဒ်လေးမှနွေးထွေးစွာကြိုဆိုပါ၏..သည်ဆိုဒ်လေးစတင်သည်ခုနုစ်
(03/october/2012)မှသည်ဆိုဒ်လေးသည်နည်းပညာများ
ဆာ့ဝဲလ်းများလေ့လာရှာဖွေရင်းစတင်စုဆောင်ထာသည်ဆိုဒ်လေးဖြစ်ပါသည်..
ကျွန်တော်လိုချင်တဲ့ချိန်မှာရှာရတာလွယ်ကူအောင်.သည်နေရာလေးမှာစုထာချင်းဖြစ်ပါသည်...
မိတ်ဆွေများလဲလိုချင်တာများခွင့်တောင်းစရာမလိုယူသွားနိုင်ပါသည် .....ရွှင်လန်းချမ်းမြေ့ပါစေ..