♫♪၀ါသနာတူMember ၀င်ထားကြတဲ့ မိတ်ဆွေများ♪♫

2/12/2013

မိမိတို့ကိုယ်ပိုင်အိမ်(သို့)ကိုယ်ပိုင်ဆိုက်တွေမှာ သီချင်းလေးတွေတင်မယ်

အားလုံးပဲမင်္ဂလာပါဗျာ..ဒီနေ့တော့သီချင်းလေးတွေနဲ့အလုပ်ရှုပ်နေရင်း စိတ်ကူးပေါက်သွားလို့သူငယ်ချင်းတို့ကိုလည်း
ပြန်ရှယ်လိုက်ပါတယ်နော်.
ကိုယ်ပိုင်ဘလော့လေးတွေ၊အခြားအခြားလက်ဆော့ကလိထားတဲ့ဆိုက်လေးတွေမှာလည်း
ကိုယ့်ဆိုက်လာလည်မည့်ဧည့်သည်တွေမပျင်းရလေအောင် အခုလိုလေးသီချင်းလေးတွေထည့်ထားလိုက်မယ်ဆိုရင်
ပိုမလန်းဘူးလားဗျာ..
ဟိုးအရင်က mixpoad ဆိုတဲ့ဆိုက်လေးကနာမည်ကြီးလေးပါ ဒါပေမယ့်အခုတော့ပိတ်သွားရှာပြီ...အဲ့ဒီတော့ရှာဖွေရင်း
နဲ့ဒါလေးကိုတွေ့မိတယ် သူလည်းအတော်လေးလန်းတယ်ဗျ ဒီဇိုင်းတွေအများကြီးပါပဲ..ကဲစလိုက်ရအောင်..
အရင်ဦးဆုံး ဒီမှာ အဲ့ဒီဆိုက်လေးကိုသွားပါ။

sign in လုပ်ရပါမယ်။သူကတစ်မျိုးဗျ FB,GMAL,Twitter အကောင့်တစ်ခုခုသုံးပြီးဝင်ရပါတယ်။ကိုယ်ကြိုက်ရာနဲ့သုံးပေါ့။
မန်ဘာဝင်ပြီးပြီဆိုရင်တော့သီချင်းထည့်ပါမယ်။သီချင်းထည့်ဖို့က ကိုယ့်အကောင့်တစ်ခုအပ်ပြီးသွားပြီဆိုရင် အကောင့်နာမည်ရဲ့ဘေးမှာ new playlist ဆိုတာလေးရှိပါတယ် အဲ့ဒါကိုနှိပ်ပြီးသီချင်းသွားထည့်ပါမယ်။
အဲ့မှာမြှား ၃ခုပြထားသလိုပဲ youtube ကလား ကိုယ့်ကွန်ပူတာထဲကလား ဒါမှမဟုတ် Record လုပ်မှာလားဆိုပြီး
ရွေးခွင့်ရှိပါတယ် ကျွန်တော်ကတော့ကွန်ပူတာထဲကသီချင်းတွေပဲယူမယ်။သီချင်းထည့်ပုံကတော့ ပုံထဲကအတိုင်းပါပဲ..
ဒီနေရာလေးမှာတစ်ခုအကြံပေးချင်ပါတယ် သီချင်းတွေအများကြီးမထည့်ပါနဲ့ ငါးပုဒ်ပဲထည့်ပါ။
ဘာလို့ဆိုတာနောက်ပိုင်းသိရပါမယ် အများကြီးထည့်ရင် အချိန်ကုန်တာပဲအဖတ်တင်သွားပါမယ် ကျွန်တော့်ပုံထဲ
မှာ 6ပုဒ်တောင်ရှိတယ်(အခုမှသိလို့)။သီချင်း ငါးပုဒ်တင်ပြီးသွားရင် Next ကိုနှိပ်ပြီး ဒီဇိုင်းဖန်င်္တီးပါမယ်။
ကြိုက်တဲ့ဒီဇိုင်းရွေးနော် အများကြီးပဲ..အောက်ကတော့ကိုယ်ရွေးထားတဲ့ဒီဇိုင်းနမူနာလေးပါ။
အဲ့ဒီစာမျက်နှာအောက်မှာပဲပြင်စရာရှိပါသေးတယ်
အပေါ်ကတော့ ဆိုက်အရွယ်အစားချိန်တာပေါ့ ဘလော့ဂါတွေအတွက်ဆိုရင်တော့ width ၂၂၀ လောက်ဆိုအိုကေပြီ
ထင်တယ် height ကတော့ကြိုက်သလိုပေါ့။
အဲ့ဒီအောက်မှာ playback options ဆိုတာလေးရှိပါတယ် အဲ့အောက်ကအကွက်တွေသုံးခုစလုံးကို အမှန်ခြစ်လေးတွေ
လုပ်ပေးလိုက်ပါ ဒါမှသီချင်းကအော်တိုလာနေမှာဖြစ်ပါတယ်.Color and style ကတော့ကိုယ်ကြိုက်သလိုကလိကြည့်ပေါ့။
စိတ်ကြိုက်ဒီဇိုင်းဖန်တီးပြီးပြီဆိုရင်တော့ စာမျက်နှာအပေါ်ဆုံးမှာ Finish ဆိုတာလေးကိုနှိပ် သိမ်းပြီးသီချင်းကုဒ်တွေ
ယူပါမယ်။
ကုဒ်တွေကော်ပီယူတာတော့ကြိုက်တာနဲ့ယူပေါ့ အရင်ကစနစ်ဟောင်းအတိုင်းပဲယူမလား iFrame နဲ့ယူမလား
အတူတူပါပဲသီချင်းသံကတော့...:P
ခုနကသီချင်း ၅ပုဒ်ပဲ ဘာလို့တင်ခိုင်းလည်းဆိုတော့ဒီနေရာရောက်မှသိရတာဗျ..သူကကုဒ်ကိုကော်ပီယူတဲ့အခါ
အနောက်မှာရေးထားပါတယ် ဖရီးမို့လို့သီချင်း ငါးပုဒ်ပဲပေးပါတယ်တဲ့ ဆိုလိုတာတော့ ဈေးခေါ်တယ်ပေါ့ဗျာ ဟီဟိ..
အများကြီးလိုချင်ရင်ဝယ်ပေါ့..အဲ့ဒီတော့ဖရီးရနေသမျှကာလပါတ်လုံး ဖရီး ငါးပုဒ်ကိုအကြိမ်ကြိမ်ဖန်တီးပြီးသုံးတာ
ပဲကောင်းပါတယ်။အရင်ကသီချင်း ၈ပုဒ်လောက်တင်ခဲ့ပြီး သီချင်းကုဒ်တွေယူတဲ့အခါမှာ ဖရီးယူထားတဲ့အတွက်
ငါးပုဒ်ပဲကြားနေရမှာဖြစ်ပါတယ် ဒါကြောင့်မမောရလေအောင် အရင်ကတည်းက ငါးပုဒ်ပဲတင်စေချင်ပါတယ်။
အဲ့ဒီက ရလာတဲ့ကုဒ်လေးတွေကို ning ကမိမိတို့အိမ်မှာသုံးမယ်ဆိုရင်တော့ text box ထဲ က html ဆိုတာလေးကို
တစ်ချက်နှိပ်ပြီး paste@save ရုံပါပဲ..ဘလော့ဂါများအတွက်ကတော့ HTML/JAVASCRIPT ဆိုတဲ့နေရာလေးမှာ
ထည့်ရပါတယ်။ ဒါပါပဲ..

0 comments:

Post a Comment

ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါတယ်. ♪♫#*♥winaung♥*#♫♪...၏

ဆိုဒ်လေးမှနွေးထွေးစွာကြိုဆိုပါ၏..သည်ဆိုဒ်လေးစတင်သည်ခုနုစ်

(03/october/2012)မှသည်ဆိုဒ်လေးသည်နည်းပညာများ

ဆာ့ဝဲလ်းများလေ့လာရှာဖွေရင်းစတင်စုဆောင်ထာသည်ဆိုဒ်လေးဖြစ်ပါသည်..

ကျွန်တော်လိုချင်တဲ့ချိန်မှာရှာရတာလွယ်ကူအောင်.သည်နေရာလေးမှာစုထာချင်းဖြစ်ပါသည်...

မိတ်ဆွေများလဲလိုချင်တာများခွင့်တောင်းစရာမလိုယူသွားနိုင်ပါသည် .....ရွှင်လန်းချမ်းမြေ့ပါစေ..

မိမိဘလော့ကို submit မှန်မှန် လုပ်ပေးခြင်းဖြင့် မိမိဘလော့ မြန်ဆန်မည်ရှင်းလင်းမည် မောက်တင်ပြီး ကျလာတဲ့ဘောက်ထဲမှာ မိမိဘလော့လိပ်စာ ထည့်ကာ Submit ကလစ်လိုက်ပါ ဒါဆို နောက်ဇယားတစ်ခုမှ သင့်အီးမေးကို ထည့်ပြီးSubmit လုပ်လိုက်ပါ

<<<အထူးဧည့် သည်တော်များ>>> Flag Counter

Share

Twitter Delicious Facebook Digg Stumbleupon Favorites