♫♪၀ါသနာတူMember ၀င်ထားကြတဲ့ မိတ်ဆွေများ♪♫

8/01/2010

စည်းလုံးကြဟေ့ ရွှေမြန်မာ

ဒီချိန်ခါ ''ဒို့''ခေတ်ရောက်ပြီ..
ဇာတိမြေဒို့တွေခွဲခွာ
တိုင်းခြားပြည်မှာစီးပွားရှာဖို့
သမီးသားကြင်ရာနှင့်
နှစ်ဖြာမိခင်ထားကာပင်
အလွမ်းသခင်ရင်နှင့်ခဲ့ရလေပြီ
စကားကနားမလည်
မှားတယ်မှန်တယ်ဒို့မသိ
''မလေးရှား''အမည်ရှိတဲ့
သည်တိုင်းပြည်ကို
''ဓန''လှိုင်းရိုက်ခတ်သံကြောင့်
''ယခု''မဆိုင်းရောက်ခဲ့လေပြီ
ကျွဲးနွား လှည်းအရင်းနှီးလုပ်လို့
အမေ့နားတောင်းလည်းပြုတ်ခဲ့လေပြီ
ယာမြေကိုအပေါင်ခ့
''အမောင်''မကြံတတ်လေတော့
ဗီဇာလက်မှတ်အမြန်ဖြတ်ခဲ့သည်
ရောက်ခဲ့ပါပြီသီတိုင်းပြည်သို့
အလုပ်လည်းဝင်စိတ်မရွှင်ပါ
Basic ကဆယ့်ရှစ်ကျပ်
OT ပြတ်လစဉ်
အထင်နှင့်အမြင်တကွဲတပြား
အေးဂျင်းကရောင်းစားသွားတော့
ဒို့တတွေနားကားခဲ့ရလေပြီ
အို....ဒါတွေမပြေားတော့ပါဘူး
ရွှေမြန်မာ ဒို့လူထုတို့
ရွှေအကြင်နာရင်မှာပွေ့ဖက်
ရွှေစိတ်ဓာတ်နှင့်ကူညီ
တူညီသောလက်တို့နှင့်ရည်ရွယ်ချက်တွေဆီ..
ထင်စည်းသည်မကျိုးနိုင်သလိုပ
''စည်းလုံးကြဟေ့ရွှေမြန်မာ''
နေအ၀င်မှာရွှေပဒေသာပင်စိုက်နိုင်ပါမှ
ရွှေနိုင်ငံဇာတိခရီး
ရွှေလေရင်ကြီးနှင့်ပြန်ကြမယ်.....



မျိုးကျော်(သက္ကယ်ကျင်း)

4 comments:

လာဖတ်သွားပါတယ်

အားပေးသွားပါတယ်ရှင် ....

အလှူသတင်းကိုလည်းတွေ့ရပါတယ် ။စည်းလုံးနေတာကို သတိထားမိပါတယ်။

Post a Comment

ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါတယ်. ♪♫#*♥winaung♥*#♫♪...၏

ဆိုဒ်လေးမှနွေးထွေးစွာကြိုဆိုပါ၏..သည်ဆိုဒ်လေးစတင်သည်ခုနုစ်

(03/october/2012)မှသည်ဆိုဒ်လေးသည်နည်းပညာများ

ဆာ့ဝဲလ်းများလေ့လာရှာဖွေရင်းစတင်စုဆောင်ထာသည်ဆိုဒ်လေးဖြစ်ပါသည်..

ကျွန်တော်လိုချင်တဲ့ချိန်မှာရှာရတာလွယ်ကူအောင်.သည်နေရာလေးမှာစုထာချင်းဖြစ်ပါသည်...

မိတ်ဆွေများလဲလိုချင်တာများခွင့်တောင်းစရာမလိုယူသွားနိုင်ပါသည် .....ရွှင်လန်းချမ်းမြေ့ပါစေ..

မိမိဘလော့ကို submit မှန်မှန် လုပ်ပေးခြင်းဖြင့် မိမိဘလော့ မြန်ဆန်မည်ရှင်းလင်းမည် မောက်တင်ပြီး ကျလာတဲ့ဘောက်ထဲမှာ မိမိဘလော့လိပ်စာ ထည့်ကာ Submit ကလစ်လိုက်ပါ ဒါဆို နောက်ဇယားတစ်ခုမှ သင့်အီးမေးကို ထည့်ပြီးSubmit လုပ်လိုက်ပါ

<<<အထူးဧည့် သည်တော်များ>>> Flag Counter

Share

Twitter Delicious Facebook Digg Stumbleupon Favorites