♫♪၀ါသနာတူMember ၀င်ထားကြတဲ့ မိတ်ဆွေများ♪♫

10/31/2012

Firefox Browser မှာ အသံမလာ ၊ Video ကြည့်မရခြင်း

Software တွေ အသွင်းအထုတ်များတဲ့ ကျနော် ဒီနေ့ Software တစ်ခုကို Install လိုက်တာ အကောင်ပါသွားတယ်ဗျာ နောက်ပြီး Install ထားတဲ့ Software တွေကလည်း အရမ်းများနေတော့ သူတို့အချင်းချင်း မတည့်ကြဘူးနဲ့ တူပါတယ် Restart ကျသွားပြီး Window ပြန်မတတ်တော့ပါဘူး... ဒါနဲ့ Windowပန်တင်လိုက်ရတယ်ဗျာ...... ဒီနေရာမှာ တိုက်ဆိုင်နေလို့ Firefox Browser မှာ Video ကြည့်မရဘူး အသံမလာဘူး ဘယ်လိုလုပ်ရမလဲ ဆိုတာနဲ့ ပါတ်သက်ပြီးပြောချင်တာပါ... အင်း....တကယ်တမ်း Window 7 စသုံးကတည်းက ဒီလိုမျိုး ပြဿနာ တခါမှ မကြုံဖူးတာ အမှန်ပါ။ အင်းလေ ကွန်ပြူတာ ဆိုတာမျိုးကလဲ ကြာလာရင်တော့ ဖြစ်တတ်တာပါပဲ ကျနော်ဆိုပိုဆိုး တနေ့တနေ့ သွင်း/ထုတ် နေရတဲ့ Software တွေ စက်ဘယ်ခံနိုင်မလဲဗျာ.... Window ပြန်တင်တင်နေရတာလဲ ခဏခဏ ပါပဲ...သိတဲ့ အတိုင်းပဲလေ Window တင်ပြီးရင်တော့ Driver ကပြဿနာ မရှိပေမဲ့ ... စောစောကပြောနေတဲ့ Browser တွေမှာ Video တွေကြည့်လို့ရဖို့ အသံတွေလာဖို့ကျတော့ လိုအပ်တဲ့ Software တွေကို အသစ်ပြန်ထည့်ပေးရပါတယ် .. အသစ်ထည့်ပေးရတာလည်း ဘာမှမခတ်ပါဘူး Browser ကို ဖွင့်လိုက်တာနဲ့ သူအတွက်လိုအပ်နေတာတွေကို ပြပေးပါတယ် ကိုယ်က နောက်ကနေ ခလုတ်လေးနှိပ်ပေးရုံပါပဲ..။


Window ပြန်တင်ပြီး Firefox Browser မှာ Flash Player အလုပ် မလုပ်လို့ ပြန်ထည့်ပေးတဲ့ အတွေ့အကြုံလေးကို လုံးဝ မသိသေးတဲ့ သူငယ်ချင်းတွေအတွက် ဗဟုသုတ အဖြစ်ပြန်လည်မျှဝေပေးလိုက်ပါတယ်....:)

(အင်တာနက် ကွန်နက်ရှင် မရှိတဲ့နေရာမျိုးဆိုရင်တော့ ကွန်ပြူတာအတွက် အဓိက လိုအပ်တဲ့ Adobe Flash Player တို့ Adobe Reader တို့လိုမျိုးကို မိမိစက်ကောင်းနေစဉ် ဒေါင်းယူသိမ်းဆည်းထားသင့်ပါတယ် )

ကျနော် Window ပြန်တင်ပြီး Firefox Browser ကို ဖွင့်လိုက်တော့ အောက်ကပုံ အတိုင်း  မြင်တွေ့ရပါတယ်...။ Flash Player မရှိသေးလို့ပါ...။



အပေါ်နားက Install Missing Plugins ဆိုတာလေးကို (A Plugin is needed to display this content. Install plugin ဆိုတာကိုပဲ နှိပ်နှိပ်)  နှိပ်ပေးလိုက်ပြီးတော့ ပေါ်လာတဲ့ Box မှာ Next ကို နှိပ်ပေးလိုက်ရင် Flash Player ကို သူ့ဘာသာသူ Download လုပ်ယူသွားမှာပါ...ပြီးရင် Finish ကိုနှိပ်ပေးပြီး...




Double Click နဲRun >> Install 


Firefox Browser ကိုပိတ်ပြီး ပြန်ဖွင့်ကြည့်လိုက်ရင် အောက်ကပုံအတိုင်း Flash Player 
 အလုပ်လုပ်သွားပါပြီ..။




နောက်တစ်ခုကတော့ Video တွေကြည့်မရသေးဘူးဆိုရင် Browser ရဲ့ Add on မှာ ပြန်စစ်ဆေးကြည့်ပါဦး....

Plugins မှာ Enable ဖြစ်နေရင် အားလုံး Disable ပြင်ပေးလိုက်ပါ...ပြီးရင် Browser ကို Restart ပေးပါ (ပိတ်ပြီး ပြန်ဖွင့်ကြည့်ပါ)




ကဲ... ကျနော်သိသလောက်တော့ ဒါလောက်ပါပဲ...။
 အသံမလာဘူး Video တွေ ကြည့်မရသေးဘူးဆိုရင်တော့ အပေါ်က အကြောင်းရာအတိုင်း ဖြစ်နိုင်သလို Virus ကြောင့်လည်းဖြစ်နိုင်ပါတယ် ဒါမှမဟုတ် Driver တွေ Update မဖြစ်တော့တာမျိုးကြောင့်လည်းဖြစ်နိုင်ပါသေးတယ်...Driver ကြောင့်လို့ထင်ရင် ဒီ Software လေး Download ချပြီး စစ်ပေးကြည့်ပါ ... Virus ကြောင့်ထင်ရင် Antivirus နှစ်မျိုး သုံးမျိုးနဲ့  Full Scan  လုပ်ပေးပါ ...။ Firefox ကို Your Uninstaler နဲ့ Uninstall လုပ်ပေးပြီး CCleaner လိုမျိုး Cleaner တခုခုနဲ့ ရှင်း... ပြီးတော့ Firefox ကိုပြန် Install ပေးကြည့်ပါ...။

အပေါ်ကနည်းလမ်းတွေအတိုင်း လုပ်ပေးကြည့်တာမှ မရသေးဘူးဆိုရင်တော့..........
(ဥပမာ ကျနော်ဆိုရင်)

Window ပဲပြန်တင်လိုက်ပါတော့မယ်.....:D


အားလုံးအဆင်ပြေကြပါစေ..... မိုးလင်းသွားပြီဗျာ .. အိပ်တော့မယ်....:P

လေးစားစွာဖြင့်



နားလည် တတ်ကျွမ်းတဲ့ သူငယ်ချင်းများရှိလို့ တခြားနည်းလမ်းလေးများရှိခဲ့ရင် အောက်က Comment မှာ မိမိ တို့ အတွေ့အကြုံ လေးတွေကို အများ ဗဟုသုတ ရစေဖို့  ဖြည့်စွက်ရေးသားပြီး  မျှဝေသွားကြပါဦးလို့ ဖိတ်ခေါ်ပါရစေ.....:) 

မူရင်း
ဝင်းကမ္ဘာကျော်

0 comments:

Post a Comment

ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါတယ်. ♪♫#*♥winaung♥*#♫♪...၏

ဆိုဒ်လေးမှနွေးထွေးစွာကြိုဆိုပါ၏..သည်ဆိုဒ်လေးစတင်သည်ခုနုစ်

(03/october/2012)မှသည်ဆိုဒ်လေးသည်နည်းပညာများ

ဆာ့ဝဲလ်းများလေ့လာရှာဖွေရင်းစတင်စုဆောင်ထာသည်ဆိုဒ်လေးဖြစ်ပါသည်..

ကျွန်တော်လိုချင်တဲ့ချိန်မှာရှာရတာလွယ်ကူအောင်.သည်နေရာလေးမှာစုထာချင်းဖြစ်ပါသည်...

မိတ်ဆွေများလဲလိုချင်တာများခွင့်တောင်းစရာမလိုယူသွားနိုင်ပါသည် .....ရွှင်လန်းချမ်းမြေ့ပါစေ..

မိမိဘလော့ကို submit မှန်မှန် လုပ်ပေးခြင်းဖြင့် မိမိဘလော့ မြန်ဆန်မည်ရှင်းလင်းမည် မောက်တင်ပြီး ကျလာတဲ့ဘောက်ထဲမှာ မိမိဘလော့လိပ်စာ ထည့်ကာ Submit ကလစ်လိုက်ပါ ဒါဆို နောက်ဇယားတစ်ခုမှ သင့်အီးမေးကို ထည့်ပြီးSubmit လုပ်လိုက်ပါ

<<<အထူးဧည့် သည်တော်များ>>> Flag Counter

Share

Twitter Delicious Facebook Digg Stumbleupon Favorites