♫♪၀ါသနာတူMember ၀င်ထားကြတဲ့ မိတ်ဆွေများ♪♫

5/20/2014

Blogger တွင် ZawGyi နှင့် Unicode Font များကို Embed လုပ်နည်း



သည်နေ့ ရေးဖြစ် တာလေး ကတော့ ဖုန်းတွေမှာ မြန်မာစာ မရှိတောင် ကျွန်တော် တို့ဘလော့မှာ ၀င်တာ နဲ့
မြန်မာစာ မြင်နိုင်မယ့် နည်းလမ်း ကောင်းလေး ပါဘဲ.. သည် နည်းလေး ကို တော့ ပထမ ကုဒ် နမူနာ ပြသ
လမ်းညွှန်ပေး ထားသော ကိုမိုးသကြားနဲ့ ကိုမြင့်မင်းစိုး တို့အား ကျေးဇူးတင်ရှိပါကြောင်း...။


Mobile အတော် များများတွင် မြန်မာဖောင့် သွင်းလို့ ရသော်လည်း အချို့ ဖုန်းများ/Jailbreak မရ သေးသော
IOS User တို့ အတွက် မိမိ တို့၏ ဆိုဒ် ကို ဝင်ရောက် ကြည့် ရှုရန် အခက်အခဲ တွေ့ရ ပါလိမ့်မည်။

ဒီနေ့ ကျွန်တော် ဆိုဒ် ကို ပြု.ပြင်ရင်း ဘလော့ကာ ညီအကို အချို့ လုပ်ထားသော နည်းလမ်းကို စမ်းကြည့်
လိုက်ရာ အောင်မြင်သွား သဖြင့် မသိသေးသော ဘလော့ ပိုင်ရှင် ဘော်ဘော် တို့ အတွက် ပြန်ရှယ်ပေး လိုက်ပါတယ်......ထည့်သွင်း လိုပါက အောက်မှာ ဆက်ဖတ်ပေးပါ ခင်ဗျ။

အသုံးပြုရန် ကုဒ်များ

မြန်မာ Unicode Font ကို သွင်းချင်ပါက အောက်က Code ကို သုံးပါ။

@font-face {
font-family:'MON3 Anonta 1';
src:local('MON3 Anonta 1'),url('http://mmwebfonts.comquas.com/fonts/mon3.ttf');
}
body,html,p,code,*,table,td,tr,span,div,a,ul,li,input,textarea{font-family:'MON3 Anonta 1'!important;}

မှတ်ချက် ။ ။ မြန်မာ ယူနီ ကုဒ် ထည့်သွင်း ပါက မိမိ ဘလော့မှာ စာလုံးတွေ ကမောက်ကမ ဖြစ်နေ
ပါမည်...ပြင်ဆင်ဖို့ လိုပါမည်... ကျွန်တော် ကတော့ Zawgyi Font ကိုဘဲ သွင်းပါသည်။

မြန်မာ Zawgyi Font ကို သွင်းချင် ပါက အောက်က Code ကိုသုံးပါ။

@font-face {
font-family:'Zawgyi-One';
src:local('Zawgyi-One'),url('http://mmwebfonts.comquas.com/fonts/zawgyi.ttf');
}
body,html,p,code,*,table,td,tr,span,div,a,ul,li,input,textarea{font-family:'Zawgyi-One'!important;}

Blogger တွင်မိမိတို့ သွင်းလိုသော blog ၏ template ကို နှိပ်လိုက်ပါ။


မိမိတို့ လုပ်လိုသော ဘလော့ရဲ့ Template ကို ၀င်လိုက် ပါနော် ပုံလေးတွေနဲ့ တဆင့်ဆီ သွားပြပါ့မယ်။


ရောက်တာနဲ့ Customise ဆိုတာလေးကို ကလစ်ပေး လိုက်ပါ။


ဘယ်ဘက် တန်းထဲက Advance ဆိုတာကို ဆက် ကလစ်ပေး လိုက်ပါ။


scorrl ဘားလေး ဆွဲချလိုက်ပါ အောက်ဆုံးက Add CSS ဆိုတာကို ကလစ်ပေးပါ။


အထဲမယ် ကုဒ်ဒင်းတွေ တွေ့နိုင် ပါလိမ့်မယ် အဲကုဒ်တွေရဲ့ အောက်ကနေ အပေါ်က ကူးလာသော Union
Code (သို့) zawgyi one ကုဒ်ကို ထည့်ပေး နိုပါတယ်...။

၂ ခုစလုံး ထည့်လိုပါက တစ်ခုကို ထည့်ပြီး တာနဲ့ အပေါ် ညာထောင့်က Apply to Blog ဆိုတာ ကလစ်ဆေ့
ပြီးမှ နောက်တကြိမ် ပထမကုဒ် ထည့်သလို ပြန်ဝင် ထည့် နိုင်ပါတယ်နော်....

ဘယ်ကုဒ်ကို ထည့်ထည့် အပေါ်က Apply to Blog ဆိုတာတော့ ကလစ်ပေးရမှာဖြစ်ပါတယ်...

အိုကေ ဒါဆို ထည့်နည်းတော့ အဆင်ပြေလောက် ပါပြီနော်...နောက် တစ်ခု ကျန်ပါသေးတယ်။

Mobile Theme ကို enable လုပ်ထားရင် mobile မှာ မြင်ရလိမ့်မည် မဟုတ်ပါ။

iPhone , iPad , Android (firefox) တို့တွင် မြင်လိုလျှင် mobile theme ကို disable လုပ်ထားပါ။

လုပ်နည်းကတော့


ဘလော့ကာ Template ကိုကလစ်ပြီး ညာဘက်မှာ ရှိတဲ့ Customise Mobile Template ဆိုတာလေးကို
ကလစ်ပေးရမှာ ဖြစ်ပါတယ်။


အပေါ်က ပုံလေးတိုင်း No. Show desktop template mobile device ဆိုတာကို အမှတ်ပေးပြီး Save
ပေးလိုက် တာနဲ့ မိမိတို့ လုပ်ဆောင်ချက် ပြီးဆုံး ခဲ့ပါပြီ။

အဆင်ပြေကြပါစေ

Internet for Myanmar by Kaung Khant

0 comments:

Post a Comment

ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါတယ်. ♪♫#*♥winaung♥*#♫♪...၏

ဆိုဒ်လေးမှနွေးထွေးစွာကြိုဆိုပါ၏..သည်ဆိုဒ်လေးစတင်သည်ခုနုစ်

(03/october/2012)မှသည်ဆိုဒ်လေးသည်နည်းပညာများ

ဆာ့ဝဲလ်းများလေ့လာရှာဖွေရင်းစတင်စုဆောင်ထာသည်ဆိုဒ်လေးဖြစ်ပါသည်..

ကျွန်တော်လိုချင်တဲ့ချိန်မှာရှာရတာလွယ်ကူအောင်.သည်နေရာလေးမှာစုထာချင်းဖြစ်ပါသည်...

မိတ်ဆွေများလဲလိုချင်တာများခွင့်တောင်းစရာမလိုယူသွားနိုင်ပါသည် .....ရွှင်လန်းချမ်းမြေ့ပါစေ..

မိမိဘလော့ကို submit မှန်မှန် လုပ်ပေးခြင်းဖြင့် မိမိဘလော့ မြန်ဆန်မည်ရှင်းလင်းမည် မောက်တင်ပြီး ကျလာတဲ့ဘောက်ထဲမှာ မိမိဘလော့လိပ်စာ ထည့်ကာ Submit ကလစ်လိုက်ပါ ဒါဆို နောက်ဇယားတစ်ခုမှ သင့်အီးမေးကို ထည့်ပြီးSubmit လုပ်လိုက်ပါ

<<<အထူးဧည့် သည်တော်များ>>> Flag Counter

Share

Twitter Delicious Facebook Digg Stumbleupon Favorites