♫♪၀ါသနာတူMember ၀င်ထားကြတဲ့ မိတ်ဆွေများ♪♫

11/30/2013

Blog မှာ တပ်ထားပြီးသား Label ကို ဖြုတ်မယ်/အမည်ပြောင်းမယ်


ကျွန်တော်တို့ဟာ ဘလော့ပို့စ်တွေ ရေးတဲ့အခါ သက်ဆိုင်ရာ Label လေးတွေ တပ်ပေးလေ့ရှိပါတယ် ..
ဒါပေမယ့် တစ်ခါတစ်ခါတော့ ကိုယ်တပ်ထားပြီးသား Label တွေ ပြန်ဖြုတ်ချင်တာမျိုး နံမည်ပြန်ပြောင်းချင်တာမျိုးတွေ ရှိလာတဲ့အခါ အောက်က နည်းလေးအတိုင်း အလွယ်တကူ လုပ်လို့ရပါတယ် ..




ပထဆုံး Blogger ကို Log in ၀င်လိုက်တဲ့အခါ အောက်မှာပြထားတဲ့ပုံအတိုင်း Blogger Dashboard ကိုရောက်ပါမယ် ..


အဲဒီပုံထဲက ကျွန်တော် အနီရောင်နဲ့ ၀ိုင်းပြထားတဲ့နေရာမှာ Click ပေးလိုက်ရင် ကျလာထဲက Posts ကိုရွေးလိုက်ရင် All Posts ကို ရောက်ပါမယ် .. (တခြားနည်းတွေနဲ့လည်း All Posts ကို သွားလို့ရပါတယ်)

အဲဒီမှာ Post တွေရဲ့ဘေးနားလေးက ကိုယ်ဖြုတ်ချင်တဲ့ အ၀ါရောင်နဲ့ Label လေးတွေကို တွေ့ရမှာပါ .. အဲဒီထဲကမှ ကိုယ်ဖြုတ်ချင်တဲ့ Label ကို ကလစ်လိုက်ရင် အဲဒီ Label နဲ့ သုံးထားတဲ့ Post တွေချည်းပဲ ပေါ်လာပါမယ် ..
အဲဒီလိုပေါ်လာတဲ့ Label တစ်ခုအောက်မှာ ရှိနေတဲ့ Post တွေထဲက ကိုယ် Label ဖြုတ်ချင်တဲ့ Post ရဲ့ရှေ့မှာ အမှန်ခြစ်တပ်ပေးပါ .. အဲဒီ Label ကို ဘလော့ကနေ အပြီးအပိုင် ဖြုတ်ပစ်ချင်တာဆိုရင်တော့ တစ်ခုချင်းလိုက်ရွေးနေစရာမလိုပဲ ဘယ်ဖက်အစွန်းမှာရှိတဲ့ အကွက်လေးကို အမှန်ခြစ်တပ်ပေးလိုက်တာနဲ့ Post အားလုံးကို ရွေးပေးပြီးသား ဖြစ်သွားပါမယ် ..

ကဲ .. Post တစ်ခုရဲ့ Label ကိုဖြုတ်ချင်လို့ အဲဒီ Post ကို အမှန်ခြစ်တပ်ပေးလိုက်တာပဲ ဖြစ်ဖြစ် Label တစ်ခုလုံးကို ဖြုတ်ပစ်ချင်လို့ Post သက်ဆိုင်ရာ Label ရဲ့ Post အားလုံးကို ရွေးလိုက်တာပဲဖြစ်ဖြစ် ပြီးသွားပြီဆိုရင်တော့ အပေါ်ဆုံး Tool တွေထဲက Label တပ်တဲ့ ပုံလေးကိုနှိပ်ပေးလိုက်ရင် ကိုယ်ပေးထားတဲ့ Label တွေအားလုံးကျလာပါမယ် .. အောက်မှာပုံနဲ့ ပြထားပါတယ် .. အဲဒီထဲမှာ ကျွန်တော်က Phone ဆိုင်ရာဆိုတဲ့ Label ကိုဖြုတ်ဖို့ ရွေးထားတာဖြစ်ပါတယ်


အဲဒီလိုကျလာတဲ့ Label တွေထဲမှ ကိုယ်ဖျက်ဖို့ရွေးထားတဲ့ Label ကို ရွေးပြီး ကလစ်လိုက်ရင် အဲဒီ Label ဟာ ကိုယ်ရွေးခြယ်ထားတဲ့ Post ကနေဖျက်ပြီးသားဖြစ်သွားပါလိမ့်မယ် ..
အဲ .. အဲဒီ Label နဲ့ချိတ်ထားတဲ့ Post အားလုံးကို ရွေးထားခဲ့တယ်ဆိုရင်တော့ အဲဒီ Label ဟာ ကျွန်တော်တို့ရဲ့ ဘလော့ကနေ လုံးဝ ဖျက်ထုတ်ပြီးသားဖြစ်သွားပါတယ် ..
Label ပြောင်းချင်ရင်လည်း Edit Post ကိုသွားစရာမလိုပဲ အပေါ်ကနည်းအတိုင်း လက်ရှိ Label ကိုဖျက် .. နောက်ထပ် အပေါ်က အဆင့်တွေအတိုင်းပြန်လုပ်ပြီး ကျလာတဲ့ Label တွေရဲ့ အပေါ်ဆုံးမှာရှိနေတဲ့ New Label ကို ရွေးလိုက်တာနဲ့ Label အမည်ပေးစရာ Box တစ်ခုကျလာပါမယ် ..
အဲဒီထဲမှာ ကိုပေးချင်တဲ့ Label ကိုရိုက်ထည့်ပြီး OK ပေးလိုက်ရုံပါပဲ ..
အားလုံးအဆင်ပြေကြပါစေဗျာ

နည်းပညာလေ့လာနေတဲ့ သူငယ်ချင်းအားလုံးကို လေးစားခင်မင်လျှက်
အိုင်တီမုဆိုး

0 comments:

Post a Comment

ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါတယ်. ♪♫#*♥winaung♥*#♫♪...၏

ဆိုဒ်လေးမှနွေးထွေးစွာကြိုဆိုပါ၏..သည်ဆိုဒ်လေးစတင်သည်ခုနုစ်

(03/october/2012)မှသည်ဆိုဒ်လေးသည်နည်းပညာများ

ဆာ့ဝဲလ်းများလေ့လာရှာဖွေရင်းစတင်စုဆောင်ထာသည်ဆိုဒ်လေးဖြစ်ပါသည်..

ကျွန်တော်လိုချင်တဲ့ချိန်မှာရှာရတာလွယ်ကူအောင်.သည်နေရာလေးမှာစုထာချင်းဖြစ်ပါသည်...

မိတ်ဆွေများလဲလိုချင်တာများခွင့်တောင်းစရာမလိုယူသွားနိုင်ပါသည် .....ရွှင်လန်းချမ်းမြေ့ပါစေ..

မိမိဘလော့ကို submit မှန်မှန် လုပ်ပေးခြင်းဖြင့် မိမိဘလော့ မြန်ဆန်မည်ရှင်းလင်းမည် မောက်တင်ပြီး ကျလာတဲ့ဘောက်ထဲမှာ မိမိဘလော့လိပ်စာ ထည့်ကာ Submit ကလစ်လိုက်ပါ ဒါဆို နောက်ဇယားတစ်ခုမှ သင့်အီးမေးကို ထည့်ပြီးSubmit လုပ်လိုက်ပါ

<<<အထူးဧည့် သည်တော်များ>>> Flag Counter

Share

Twitter Delicious Facebook Digg Stumbleupon Favorites