♫♪၀ါသနာတူMember ၀င်ထားကြတဲ့ မိတ်ဆွေများ♪♫

6/23/2013

မလေးရှား က DiGi လိုင်းသုံးတဲ့ သူငယ်ချင်းများ အတွက်ပါ (DiGi လိုင်းသုံးသူတိုင်း လုပ်ထားစေချင်ပါတယ်)


အားလုံး သိကြမှာဖြစ်သလို အားလုံးလည်း DiGi ကို ဝိုင်းပြီ မေတ္တာပို့နေကြမှာပါ.. ကိုယ်တိုင်လည်း ခံခဲ့ရဖူးတာ ဆိုတော့လေ...:D

 ဒီနေ့မှ ညီမလေး တစ်ယောက်က မေးတာနဲ့ တိုက်ဆိုင်နေလို့ လုပ်ပေးရင်း မသိသေးတဲ့ သူငယ်ချင်းများလည်း ဗဟုသုတ ရအောင် မျှဝေပေးလိုက်ပါတယ်...။

ဒီလိုပါ.... အရေးကြောင်းရှိလို့ တစ်စုံတစ်ယောက်ဆီကို ဖုန်းခေါ်ရင် (တူတူ တူတူ) နဲ့ ဖုန်းခေါ်နေမှာပါ.. (တူတူ တူတူ) ဆိုတဲ့ အသံ (၆) ကြိမ်မြောက်မှာ တဖက်လူက ဖုန်း ကိုင်ချင်ကိုင် မကိုင်ရင်တော့ DiGi အော်ပရေတာ က သိကြတဲ့ အတိုင်းပါပဲ အော်တိုမက်တစ် တစ်မိနစ်စာ (၁၈ ပြားလား ဘယ်လောက်လဲတော့ သေချာ မမှတ်မိပါဘူး) ဖြတ်လိုက်တာပါ...(၁၀) ကြိမ်ခေါ်လို့ တဖက်လူက ဖုန်းမကိုင်ခဲ့ရင် (၁၀) ကြိမ်လုံး  ဘာစကားတစ်ခွန်းမှ မပြောလိုက်ရပဲ ပိုက်ဆံကို မတရား ခေါင်းပုံ ဖြတ်တာပါ...။


 အဲ့ပြဿနာကို အောက်က နည်းလေးအတိုင်း ဖြေရှင်းပေးလိုက်ပါ... အားလုံး ပြီးသွားရင်တော့ ဖုန်းကို မကိုင်မချင်း ခေါ်ပေးမဲ့အပြင် တဖက်လူက ဖုန်းမကိုင်ခဲ့ရင်လည်း သူ့ဘာသာသူ လိုင်းကျသွားစေမှာပါ.... မလိုအပ်ပဲ ပိုက်ဆံ မဖြတ်တော့ပါဘူး..

ပထမဆုံး   *128*1*9*3*4*1#  ကိုနှိပ်ပြီး Call ခလုတ်နဲ့ ခေါ်လိုက်ပါ...  ခဏစောင့်ပါ..။
  Your Voicemail Service(s) has been deactivated. ဆိုတဲ့
SMS တစ်စောင် ရောက်လာပါမယ်..။

 နောက်တစ်ခါ...
*128*1*9*3*3*1#  ကိုနှိပ်ပြီး စောစောကလို Call ခလုတ်နဲ့ ခေါ်ပါ....။
Missed Call Alert Only Activation Successful.  ဆိုတဲ့ SMS  တစ်စောင် ရောက်လာပြီဆိုရင်တော့ အခြား ဖုန်းတစ်လုံးနဲ့ မိမိဖုန်းကို ခေါ်ကြည့်လိုက်ပါ ...


မျှဝေပေးတဲ့ သူငယ်ချင်းကို ကျေးဇူးပါ... ဒါပေမဲ့ မမှတ်မိတော့တဲ့ အတွက် Credit မပေးနိုင်တာကို နားလည်ပေးပါ...:)

0 comments:

Post a Comment

ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါတယ်. ♪♫#*♥winaung♥*#♫♪...၏

ဆိုဒ်လေးမှနွေးထွေးစွာကြိုဆိုပါ၏..သည်ဆိုဒ်လေးစတင်သည်ခုနုစ်

(03/october/2012)မှသည်ဆိုဒ်လေးသည်နည်းပညာများ

ဆာ့ဝဲလ်းများလေ့လာရှာဖွေရင်းစတင်စုဆောင်ထာသည်ဆိုဒ်လေးဖြစ်ပါသည်..

ကျွန်တော်လိုချင်တဲ့ချိန်မှာရှာရတာလွယ်ကူအောင်.သည်နေရာလေးမှာစုထာချင်းဖြစ်ပါသည်...

မိတ်ဆွေများလဲလိုချင်တာများခွင့်တောင်းစရာမလိုယူသွားနိုင်ပါသည် .....ရွှင်လန်းချမ်းမြေ့ပါစေ..

မိမိဘလော့ကို submit မှန်မှန် လုပ်ပေးခြင်းဖြင့် မိမိဘလော့ မြန်ဆန်မည်ရှင်းလင်းမည် မောက်တင်ပြီး ကျလာတဲ့ဘောက်ထဲမှာ မိမိဘလော့လိပ်စာ ထည့်ကာ Submit ကလစ်လိုက်ပါ ဒါဆို နောက်ဇယားတစ်ခုမှ သင့်အီးမေးကို ထည့်ပြီးSubmit လုပ်လိုက်ပါ

<<<အထူးဧည့် သည်တော်များ>>> Flag Counter

Share

Twitter Delicious Facebook Digg Stumbleupon Favorites