♫♪၀ါသနာတူMember ၀င်ထားကြတဲ့ မိတ်ဆွေများ♪♫

4/12/2013

ဆရာမျိုးဟန်ကို - 2013, April လ အတွက် အထူးဗေဒင် ဟောစတမ်း


ဆရာမျိုးဟန်ကို - 2013, April လ အတွက် ဗေဒင် ဟောစတမ်း

၁။ တနင်္ဂနွေ သားသမီးများ အတွက် 

ယခုလအတွင်း မိမိဖြစ်ချင်တာတွေ မျှော်လင့်တာတွေ တွေ့ရလိမ့်မယ်။ နေရာသစ် ရရှိမည်။ အလုပ်အကိုင်များတွင် အထက်လူကြီးနဲ့ ပက်သက်ပြီး အခက်ကြုံနေရမည်။ ငွေဝင်မည့် လမ်းစပေါ်မည်။ ငွေကြေးကိစ္စများတွေမှာ အဆင်ပြေနေမည်။ ငွေရဖို့ သေချာနေပြီ ငွေဝင်နေမည်။ ခရီးယာယီ တွေသွားမယ် ဆိုရင် မိမိရဲ့ အဖော်နဲ့ သွားပါ အကျိုးရှိပါသည်။ အချစ်ရေးမှာ ဆွတ်ပျံ့ဖွယ်ရာ အချစ်ဇတ်လမ်းလေး တွေ့ရမည်။ အိမ်ထောင်ရေးမှာ အခုအချိန်မှာ အတွဲညီနေမဲ့ အချိန်လေးပါပဲ။ ကျန်းမာရေး သင့်တင့်ညံ့မည် ခါးနာ ဒူးနာ ဖြစ်မည်။ ယတြာ = ကံကောင်းစေရန်အတွက် တနင်္ဂနွေနေ့ နံနက် ဘုရားတွင် ပန်း အနီရောင် ၇ ပွင့် လှူုဒါန်း၍ ဆုတောင်းလိုက်ပါ။ ဒီလအတွက် အကျိုးပေးသော ကံကောင်းသော ဂဏန်းများ ။ ။ ၄ ၆ ၈ ၀ 

၂။ တနင်္လာ သားသမီးများ အတွက် 

ယခုလအတွင်း ဆန္ဒတွေဟာ မပြည့်စုံသေးပါဘူး။ အထက်လူကြီးတွေနဲ့လည်း သိပ်ပြီးအဆင်မပြေသေးပါဘူး။ သွားမတွေ့ သင့်ပါ။ ဒီလအတွင်းမှာ စိတ်ညစ်ပြီး အလုပ်လုပ်နေရမည်။ စီးပွားရေးမှာ ခဏလေးတော့ စောင့်ရဦးမည်။ ငွေကြေးကိစ္စများကတော့ ချက်ချင်းလိုတဲ့ ငွေကိုချက်ချင်း ရှာလို့ မရဘူး။ ခဏစောင့်ရဦးမှာပါ။ မိမိ ဖြစ်ချင်တာ လုပ်ချင်တာများ စိတ်နှစ်ခွ ကိုယ်နှစ်ခွ ဖြစ်နေမည်။ သူတစ်ပါးအတွက်နဲ့ ရုတ်တစ်ရက် ငွေကုန်ကျမှုများ ရှိပါသည်။ ခရီးတွေက ရုတ်တစ်ရက် သွားလာခြင်း ရှောင်ပါ။ သူတစ်ပါးကိစ္စတွေနဲ့ အလုပ်ရှပ်နေမည်။ အချစ်ရေးမှာ အဆင်ပြေနေမည်။ အိမ်ထောင်ရေးကတော့ ခဏယာယီခွဲခွာ နေရမည်။ ကျန်းမာရေးမှာ အိပ်ရေးပျက်မည်။ ဗိုက်နာ ဗိုက်အောင့် ဖြစ်မည်။ ယတြာ = ကံကောင်းစေရန် အတွက် တနလာင်္နေ့ နံနက် ၉ နာရီ ၄၅ မီနစ်တွင် အဝါရောင်ခွက်ထဲတွင် နွားနို့ထည့်၍ နေအိမ်ဘုရားတွင် လှူဒါန်းပြီး ဆုတောင်းလိုက်ပါ။ အကျိုးပေး သောဂဏန်းများ ။ ။ ၉ ၆ ၄ ၂ 

၃။ အင်္ဂါ သားသမီးများ အတွက် 

ယခုအတွင်း မိမိရဲ့ စိတ်ကူးလေးတွေဟာ အချိန်တွေ အရမ်းကြာမှ ဆန္ဒလေးတွေ ပြည့်စုံလာမယ်။ အလုပ်အတွက်နဲ့ စီးပွားရေးအတွက်နဲ့ ပုံမှန်လေးပြုလုပ်သင့်သော အချိန်လေးပါပဲ။ အထက်လူကြီးတွေနဲ့ စကားပြောဆိုတာတို့ လုပ်ကိုင်တာတို့ အဆင်ပြေပါသည်။ အလုပ်အကိုင် စီးပွားရေး ငွေကြေးကိစ္စများ ပုံမှန်လေးပါပဲ။ တဖြည်းဖြည်း ပြည့်စုံလာမှာပါ။ စိတ်မညစ်ပါနဲ့ ခရီးကိစ္စများ သွားလာမှုများ သွားလိုက်ပါ။ အဆင်ပြေပါသည်။ စက်ပစ္စည်းဝင်မည်။ ထိခိုက်မိဖြစ်မည်။ အချစ်ရေးမှာ ရည်ရွယ်နေပေမဲ့ အဆင်မပြေပါဘူး။ အိမ်ထောင်ရေးမှာတော့ လိုက်ဖက်ညီနေပါတယ်။ ယခုလအတွင်း ကျန်းမာရေးမှာ အိပ်ရေးပျက်တာတို့ စိတ်ပင်ပန်းတာတို့ ဖြစ်နေမည်။ ယတြာ = ကံကောင်းစေရန် အတွက် အင်္ဂါနေ့ နံနက် ၉ နာရီ ၄၅ မီနစ် မိမိနေအိမ် ဘုရားတွင် ပန်းသီး ၈လုံး ကပ်လှူ၍ ဆုတောင်းလိုက်ပါ။ အကျိုးပေးသော ဂဏန်းများ ။ ။ ၇ ၅ ၃ ၁ 

၎။ ဗုဒ္ဓ္ဓဟူး သားသမီးများ အတွက် 

ယခုလ အတွင်းမှာ ရည်ရွယ်တာလေးတွေ အောင်မြင်နေမည်။ အလုပ်ကိစ္စများ စီးပွားရေးကိစ္စတွေမှာတော့ အဆင်ပြေလာမည်။ အထက်လူကြီးနဲ့ အတူတူပြုလုပ် ဆောင်ရွက်တာတွေ သိပ်အဆင်မပြေဘူး ဖြစ်နေပါသည်။ အလုပ်ထဲ စိတ်မပျော်ပဲ အလုပ်လုပ်နေရမည်။ လူတစ်ခြား စိတ်တစ်ခြား ဖြစ်နေတာပါ။ ငွေကြေးကိစ္စတွေမှာ အဆင်မပြေသေးပါဘူး။ မရခင်ကကုန်ကုန်နေလို့ စိတ်ညစ်နေရမည်။ ငွေကတော့ ဝင်လာမှာပါ။ ခရီးကိစ္စများ သွားလာမှု အဆင်မပြေသေးပါဘူး။ အလှူကိစ္စများ ၊ မင်္ဂလာကိစ္စများ ဖြစ်မည်။ ယခုလ အချစ်ရေးကိစ္စများ လွမ်းနေရမည်။ အိမ်ထောင်ရေးကတော့ ရန်ဖြစ်နေမည့် အချိန်လေးပါ။ ကျန်းမာရေး ကိစ္စများ ဦးခေါင်းပိုင်း ကျန်းမာရေးညံ့မည်။ ခေါင်းမူးတာတို့ ဖြစ်မည်။ ယတြာ = ကံကောင်းစေရန် အတွက် ဗုဒ္ဓ္ဓဟူးနေ့ နံနက် ၉ နာရီ ၄၅ မီနစ် မိမိနေအိမ် ဘုရားတွင် လိမ္မော်သီး ၄လုံးကို ကပ်လှူ၍လိုရာ ဆုတောင်းလိုက်ပါ။ အကျိုးပေးသောဂဏန်း ။ ။ ၈ ၆ ၅ ၃ 

၅။ ကြာသပတေး သားသမီးများ အတွက် 

ယခုလအတွင်း အလုပ်အကိုင်ကိစ္စများ ပြန်လည် အဆင်ပြေလာမည်။ အလုပ်ကိစ္စများ အနည်းငယ် အဆင်မပြေဖြစ်နေမည်။ စီးပွားရေး လုပ်ငန်များ ယခု အချိန်တွင် ထပ်မံတိုးချဲ့ရန်အတွက် အဆင်မပြေသေးပါ။ ငွေကြေးကိစ္စများ စီးပွားရေးများ အဆင်ပြေလာမည်။ စမ်တူ လုပ်ငန်းများ ပြုလုပ်ရမည်။ မိမိ၏ သူငယ်ချင်းများ မိတ်ဆွေများနှင့် အနည်းငယ် စကားများရမည်။ အလုပ်နေရာ နေရာကောင်းရမည်။ အိမ်ပြောင်းရမည် ပြင်ဆင်ရမည်။ ဘာသာရေးကိစ္စများ ပြုလုပ်ရမည်။ ပညာရေး ကြိုးစားနေရသော အချိန်လေး ဖြစ်ပါသည်။ ယခုလအတွင်း အချစ်ရေးကိစ္စများ ချစ်သူနဲ့ဝေးကွာနေရသူများ ပြန်လည်ဆုံတွေ့ရမည်။ အဆင်ပြေပါသည်။ အိမ်ထောင်ရေးကိစ္စများ အဆင်ပြေနေသော အချိန်လေးပါ။ ယခုလ အတွင်း ကျန်းမာရေးကိစ္စများ စိတ်ပင်ပန်း ၊ ကိုယ်ပင်ပန်း ဖြစ်နေမည်။ ယတြာ = ကံကောင်းစေရန်အတွက် ကြာသပတေးနေ့ ၉ နာရီ ၄၅ မီနစ် မိမိနေအိမ်ရှိ ဘုရားတွင် ပေါက်ဆီ ၅လုံး ကပ်လှူ၍ လိုရာဆုတောင်းလိုက်ပါ။ အကျိုးပေးသောဂဏန်းများ ။ ။ ၈ ၅ ၃ ၀ 

၆။ သောကြာ သားသမီးများ အတွက် 

ယခုလအတွင်း စိတ်ပင်ပန်း ၊ ကိုယ်ပင်ပန်း ဖြစ်နေမည်။ အလုပ်အကိုင်ကိစ္စများ အဆင်ပြေပါသည်။ အလုပ်ကိစ္စများထက် လူမှုရေး ကိစ္စများနေမည်။ သူတစ်ပါး ကိစ္စများတွက် မိမိ ပါဝင်နေရမည်။ လုပ်ဖော် ကိုင်ဖက်များနှင့် စိတ်နေသဘောထား ကွဲလွဲနေမည်။ ငွေကြေးကိစ္စများ ယခုလအတွင်း ငွေကြေးကိစ္စများ အဆင်ပြေပါသည်။ ရလိုက် ကုန်လိုက် ဖြစ်နေပြီး လူမှုရေး ကိစ္စများ အတွက်နဲ့ ငွေအကုန်အကျ များနေမည်။ မိသားစုအတွင်း စီးပွားရေး တိုးတက်လာမည်။ အင်္ဂါနံ ပစ္စည်းများ ဝင်မည်။ ပညာရေး ကြိုးစားနေမည့် အချိန်လေးပါ။ ကူညီသင်ပြပေးသူ ပေါ်မည်။ ကျန်းမာရေး ကိစ္စများ မျက်စီအားနည်းမည် အိပ်ရေးပျက်မည်။ အချစ်ရေးမှာ ချစ်သူနဲ့ ပျော်ရွှင်ကြည်နူးနေရသော အချိန်လေး ဖြစ်သည်။ ယခု အတွင်း အိမ်ထောင်ရေးကိစ္စများမှာ ရန်စကားများနေရသော အချိန်လေးပါ။ ယတြာ = သောကြာနေ့ နံနက် ၉ နာရီ ၄၅ မိနစ် နေအိမ်ဘုရားတွင် သရက်သီး ၃လုံး ကပ်လှူ၍ ကံကောင်းလာစေရန်အတွက် ဆုတောင်းပါ။ အကျိုးပေးသော ဂဏန်းများ ။ ။ ၇ ၆ ၅ ၈ 

၇။ စနေသား သမီးများ အတွက် 

ယခုလ အတွင်း အလုပ်အကိုင်ကိစ္စများ အဆင်ပြေလာမည်။ အလုပ်ကိစ္စများ ရုတ်တစ်ရက် ခဏလေး ရပ်တန့်ပြီး ပုံမှန်ပြန်၍ လည်ပတ်လာမည်။ အထက်လူကြီးနဲ့ ပူးတွဲ လုပ်ဆောင်ရမည်။ ငွေဝင်လာမည်။ ငွေကြေးကိစ္စများ စီးပွားရေးများ အဆင်ပြေလာမည်။ ငွေဝင်မည်။ ငွေ ကံကောင်းလာမည်။ တွဲဖက် အလုပ်ကိစ္စများ လုပ်ကိုင်ရမည်။ ခရီးထွက်ရမည်။ ကောင်းသော ခရီးဖြစ်ပါသည်။ မိသားစုတွင်း ဝေးကွာနေသော သူများနဲ့ ဆုံတွေ့ရမည်။ ပညာရေး ကြီုးစားမှု အားနည်းနေမည်။ ယခု အချစ်ရေးကိစ္စများ ချစ်သူနဲ့ ခဏတာ ဝေးနေရမည်။ အဆင်ပြေပါသည်။ အိမ်ထောင်ရေးကိစ္စများ စကားများနေရပေမဲ့ အဆင်ပြေပါသည်။ ယခုလ အတွင်း ကျန်းမာရေးမှာ အိပ်ရေးပျက် ဖြစ်နေမည်။ ယတြာ = စနေနေ့ နံနက် ၉ နာရီ ၄၅ မိနစ်တွင် ထန်းလျက် ၁၀ခဲကို မိမိ နေအိမ်ဘုရားတွင် ကပ်လှူ၍ ကံကောင်းလာစေရန် အတွက် ဆုတောင်းလိုက်ပါ။ ဒီလအတွက် အကျိုးပေးသောဂဏန်းများ ။ ။ ၅ ၂ ၈ ၀ 

(အဘ ဆရာကြီး မင်းသိင်္ခ ၏ တပည့် - ဆရာမျိုးဟန်ကို - ကေအယ် ၊ ကိုတာရာယာ ၊ ဖုန်း- ၀၁၇ ၂၂၆၀ ၇၁၅ )
 
ယခုလအတွင်း မိမိရဲ့ဘဝလေး များလည်း (၁၁) မီးငြိမ်း၍ အေးချမ်းပါစေ။ 

အဘ ဆရာကြီး မင်းသိင်္ခ ၏ တပည့် - ဆရာမျိုးဟန်ကို - Kuala Lumpur Malaysia - Website : http://myohanko1.blogspot.com/ - E-mail : myohankonew@gmail.com - Ph; 017, 226 0715 - စေတနာ မှန်၍ စိတ်ကောင်း ထားတတ် သူတိုင်း ကံကောင်း ကြပါစေ။
 by

0 comments:

Post a Comment

ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါတယ်. ♪♫#*♥winaung♥*#♫♪...၏

ဆိုဒ်လေးမှနွေးထွေးစွာကြိုဆိုပါ၏..သည်ဆိုဒ်လေးစတင်သည်ခုနုစ်

(03/october/2012)မှသည်ဆိုဒ်လေးသည်နည်းပညာများ

ဆာ့ဝဲလ်းများလေ့လာရှာဖွေရင်းစတင်စုဆောင်ထာသည်ဆိုဒ်လေးဖြစ်ပါသည်..

ကျွန်တော်လိုချင်တဲ့ချိန်မှာရှာရတာလွယ်ကူအောင်.သည်နေရာလေးမှာစုထာချင်းဖြစ်ပါသည်...

မိတ်ဆွေများလဲလိုချင်တာများခွင့်တောင်းစရာမလိုယူသွားနိုင်ပါသည် .....ရွှင်လန်းချမ်းမြေ့ပါစေ..

မိမိဘလော့ကို submit မှန်မှန် လုပ်ပေးခြင်းဖြင့် မိမိဘလော့ မြန်ဆန်မည်ရှင်းလင်းမည် မောက်တင်ပြီး ကျလာတဲ့ဘောက်ထဲမှာ မိမိဘလော့လိပ်စာ ထည့်ကာ Submit ကလစ်လိုက်ပါ ဒါဆို နောက်ဇယားတစ်ခုမှ သင့်အီးမေးကို ထည့်ပြီးSubmit လုပ်လိုက်ပါ

<<<အထူးဧည့် သည်တော်များ>>> Flag Counter

Share

Twitter Delicious Facebook Digg Stumbleupon Favorites