♫♪၀ါသနာတူMember ၀င်ထားကြတဲ့ မိတ်ဆွေများ♪♫

11/12/2012

Window 7 တင်ပုံတင်နည်းများ

Window 7 တင်ဖို့အတွက် ပထမဆုံးသိထားရမှာက ကွန်ပြူတာဟာ အောက်ပါအချက်တွေနဲ့ အနည်းဆုံးပြည့်စုံမှ ကောင်းမှာပါ။ ကိုတင်မယ့် window ဟာ 32-bit လား 64-bit လားသိရပါမယ်။

Windows 7 system requirements

  • 1 gigahertz (GHz) or faster 32-bit (x86) or 64-bit (x64) processor
  • 1 gigabyte (GB) RAM (32-bit) or 2 GB RAM (64-bit)
  • 16 GB available hard disk space (32-bit) or 20 GB (64-bit)
  • DirectX 9 graphics device with WDDM 1.0 or higher driver
အခုလိုပြည့်စုံရင် စက်ကို စပြီးဖွင့်ရပါမယ်။ စက်ဖွင့်ဖွင့်ချင်း setup ဆိုတဲ့နေရာမှာ ရေးထားတဲ့ ဥပမာ။ ။ Del, F2, F10 စတဲ့ key တွေနှိပ်ရပါမယ်။ ပြထားတာ Del key ဆိုလျှင် keyboard မှာရှိတဲ့ Del key ကို နှိပ်ရပါမယ်။ CMOS setting ထဲကို ၀င်တာပါ။ ပုံတွေက အင်တာနက်မှာ ရှာထားပြီးတင်ထားရတာဆိုတော့ ဖြတ်ညှပ်ကပ်လုပ်ထားရတာပါ။

ဒီ mother board မှာ press DEL to enter setup လို့ အောက်ဖက်နားမှာ ပြထားတာကို တွေ့ရပါလိမ့်မယ်။ ဒါဆိုရင် keyboard မှ Delete key ကို နှိပ်ရပါလိမ့်မယ်။ motherboard တစ်ခုနဲ့ တစ်ခုဟာမတူညီတဲ့ အတွက် ကိုယ့် motherboard ဟာ ဘယ် key နဲ့ CMOS setting ထဲဝင်ရမလဲဆိုတာ ကွန်ပြူတာဖွင့်ဖွင့်ချင်း ကြည့်ဖို့လိုပါတယ်။ အများစုကတော့ F2 နဲ့ Delete ပါပဲ။ Delete key ကိုနှိပ်လိုက်ရင် အောက်မှာပြထားတဲ့ ပုံသဏ္ဍန်မျိုး CMOS setting ထဲရောက်သွားပါလိမ့်မယ်။ mother board တစ်ခုနဲ့ တစ်ခု မတူလို့ ပုံသဏ္ဍန်ချင်းလည်း တူမှာ မဟုတ်ပါဖူး။ ရွေးချယ်ပြီးလုပ်ရမှာတော့ အောက်မှာပြထားတဲ့ပုံသဏ္ဍန်တွေပါပဲ။ ဥပမာ ပဲကြည့်ပြီးလိုက်လုပ်ကြည့်ပါ။
အခုလိုမျိုး မြင်ရရင် Standard CMOS features မှာ အနီရောင်နဲ့ ရွေးချယ်ထားတုန်းမှာ Enter ခေါက်လိုက်ပါ။ သတိပြုရမှာတော့ CMOS setting ထဲမှာ mouse သုံးလို့မရပါဘူး။ Key board နဲ့ ပဲ ခိုင်းစေလို့ ရပါတယ်။ Arrow key, + and - key, Enter key, Tab key များတို့ကို အများစုသုံးစွဲရပါမယ်။
Standard CMOS features မှာ Enter ခေါက်လိုက်တဲ့ အတွက် အခုလိုမျိုးမြင်ရပါလိမ့်မယ်။ အဲ့ဒီမှာ သတိထားကြည့်ရမှာက IDE primary master, IDE primary slave, Secondary primary master,Secondary primary slave တို့မှာ Hardisk နဲ့ CD/DVD ROM ကိုတွေ့ရပါလိမ့်မယ်။ တကယ်လို့ SATA Hardisk , SATA DVD ROM ဆိုလျှင် SATA Port တွေမှာ မြင်ရပါလိမ့်မယ်။ မမြင်ခဲ့ရင် ကြိုးများ ကို ပြန်စစ်ဆေးကြည့်သင့်ပါတယ်။ ကြိုးကောင်းနေရင်တော့ Hardisk ၊ DVD ROM တို့ ပျက်နေတာဖြစ်နိုင်ပါတယ်။ Hardisk ၊ DVD ROM တို့ ကိုတွေ့ရင်တော့ Keyboard မှာရှိတဲ့ Esc key ကို နှိပ်လိုက်ပါ။ ပြီးရင် Advanced BIOS Features ကို ၀င်ပါ။
အခုလိုမျိုးပေါ်လာရင် First boot Device မှာ CD ROM ကို ရွေးပါ။ Second Boot Device မှာ Hardisk ကိုရွေးပြီး။ Esc key ကိုနှိပ်ပါ။
Window 7 အခွေကို DVD drive ထဲထည့်ထားလိုက်ပါ။ Save & Exit Setup ကို ရွေးပြီး Enter ခေါက်ပါ။ F10 ကိုနှိပ်လည်း အတူတူပါပဲ။
yes ကို ရွေးပြီး Enter ခေါက်လိုက်ပါ။
အခုလိုမျိုးပေါ်လာရင် space bar (သို့) Enter ကို နှိပ်ပေးပါ။
အခုလိုမျိုးပေါ်လာပါလိမ့်မယ်။
window ကို Memory ထဲကူးထည့်နေပါတယ်။
အခုလိုမျိုးပေါ်လာရင် Next ကို နှိပ်ပါ။
Install now ကိုနှိပ်ပါ။
ခဏစောင့်ပါ။
I accept the license agreement ကို အမှတ်ခြစ်ပေးပါ။ Next ကိုရွေးပါ။
Custom advanced ကို ရွေးပါ။
ဒါဟာ ကိုယ် hardisk ကို ပြထားတာ hardisk ရဲ့ partation ခွဲဖို့ဒါမှမဟုတ် ရွေးချယ်ဖို့ အတွက် အောက်ညာဘက်နားမှာ ပြထားတဲ့ Drive option ကို ရွေးပါ။
အခုလိုမျိုးပေါ်လာရင် Partition ပိုင်းထားတဲ့  Hardisk အဟောင်းဆိုရင် partition C:, partition D: တို့ကို မြင်ရပါလိမ့်မယ်။

 အဲ့ဒီအခါမှာ ကိုယ်တင်ချင်တဲ့ C: ကို ရွေးပြီးတင်လိုက်ရုံပါပဲ။ D: ဟာ များသောအားဖြင့် သိမ်းထားတဲ့ Data တွေထားတဲ့ နေရာဖြစ်တဲ့ အတွက်ကြောင့် အဲ့ဒီ Partition အပိုင်းကို သွားမလုပ်ဖို့ လိုပါတယ်။ အခု မြင်နေရတဲ့ ပုံသဏ္ဍန်က Partition မပိုင်းရသေးတဲ့ Hardisk အသစ်တစ်လုံးပုံသဏ္ဍန်ပါ။ အကယ်၍ partition တွေကို ဖျက်ပြစ်လိုက်ရင်လည်း ဒီလိုပုံသဏ္ဍန်မြင်ရပါလိမ့်မယ်။ အောက်ညာဘက်နားမှာ ရှိတဲ့ New ကို နှိပ်လိုက်ပြီး Partition ကို ကိုယ်လိုသလောက်ခွဲလို့ ရပါတယ်။ MB နဲ့ ပြမှာမှိုလို့ 3000MB ဆို 3GB လို့ သိရပါလိမ့်မယ်။

အခုလိုမျိုး create လုပ်ခဲ့ရင် အပေါ်က အပိုင်းက Window က သတ်သတ် ဖယ်ထားတဲ့ အပိုင်းပါ။ ဒီအပိုင်းက window 7 ကို repair ပြန်လုပ်ရမှာ အသုံးဝင်ပါတယ် ကိုကသွားပိုင်းပေးစရာမလိုပါ။ create လုပ်ရင် သူကမေးပါတယ် ကိုယ်က Yes ကို ရွေးပေးရုံပါပဲ။ ပြီးရင် ဒုတိယနေရာမှာ ရှိတဲ့ C: ကိုရွေးပြီး Format ကို နှိပ်လိုက်ရုံပါပဲ။ Format ပြီးသွားရင် Next ကို နှိပ်ပေးလိုက်ပါ။
အခုလိုမျိုးပေါ်လာရင် ဘာမှ လုပ်စရာမလိုပါဖူး ခဏစောင့်ပါ။ ၁၅ မိနစ်လောက်တော့ ကြာပါလိမ့်မယ်။
Restart ကျသွားပါလိမ့်မယ်။ ပြန်တက်လာရင် key board က key တစ်ခုခုကို သွားမနှိပ်ဖို့ လိုပါတယ်။ သွားနှိပ်မိရင် အစကို ပြန်ရောက်သွားပါလိမ့်မယ်။
အခုလိုပုံသဏ္ဍန်မျိုးပေါ်လာပါလိမ့်မယ်။

ခဏစောင့်နေပါ။
ခဏစောင့်နေပါ။ခဏစောင့်နေပါ။
ကိုယ်သုံးမယ့်နာမ်မယ်ကို ထည့်လိုက်ပါ။
ကိုယ့်ကွန်ပြူတာမှာ Password ခံပြီးသုံးချင်ရင်တော့ Password ထည့်ပါ။ password မထည့်ချင်လျှင် next နှိပ်ပြီး ကျော်သွားလို့ ရပါတယ်။
အခုလိုမျိုး တွေ့ရင် အောက်ဘက်နားမှာတွေ့တဲ့ Automatically activate when I am online ကို ရွေးပါ။ serial no ရှိတဲ့ လူတွေက ရိုက်ထည့်လိုက်ရုံပါပဲ။ အောက်ဖက်က Ask me later ကို ရွေးလိုက်ပါ။

အပေါ်ကမြှားကိုဖွင့်ပြီး GMT + 6:30 Rangoon ကို ရွေးလိုက်ပါ။

public network ကို ရွေးလိုက်ပါ။
welcome screen တက်လာပြီးလျှင် အောက်မှာပြထားတဲ့ အတိုင်း window 7 ရဲ့ မြင်ကွင်းကို မြင်ရပါလိမ့်မယ်။


ဒီ Window ဟာ Serial no မထည့်ခဲ့တဲ့အတွက် အောက်မှာပြထားတဲ့ ပုံသဏ္ဍန်ကို ဆက်လုပ်ရပါလိမ့်မယ်။ Window 7 Genuine ဖြည်တဲ့ software လေးနဲ့ အသုံးပြုပုံလေးကို ရေးပေးလိုက်ပါတယ်။ ကိုယ့်မှာရှိတဲ့ antivirus software နဲ့ Window Firewall ကို ပိတ်ထားဖို့တော့လိုပါတယ်။
Window Firewall ပိတ်ပုံပိတ်နည်းကတော့ mynetwork place ကို right click နှိပ် properties ကို ရွေးပါ။
အခုလိုပုံသဏ္ဍန်မျိုးမြင်ရပါလိမ့်မယ်။
Turn Firewall on/off ကျွန်တော်ဝိုင်းပြထားတဲ့နေရာကို နှိပ်ပါ။ ညာဘက် box မှာ အောက်မှာပြထားတဲ့ အတိုင်းရွေးပါ။
ok နှိပ်ပါ။
အခုပေးထားတဲ့ winrar file လေးကို ဖြည်လိုက်ပါ။
7Loader ကိုနှစ်ချက်နှိပ်ပါ။
အခုလိုမျိုးပေါ်လာရင် Remove OEM info ကို နှိပ်ပါ။ ခဏစောင့်ပါ။ OEM info remove finish စာတန်းပေါ်လာပါလိမ့်မယ်။
OK နှိပ်လိုက်ပါ။

Install 7Loader ကိုနှိပ်ပြီး အခုလိုမျိုးပြရင် OK နှိပ်လိုက်ပါ။ ခဏစောင့်နေပါ။ restart ကျသွားပါလိမ့်မယ်။ ပြန်ပြီး Window တက်လာရင် my computer ကို Right click နှိပ်ပြီး Properties ကြည့်လိုက်ရင် အောက်မှာ ပြထားသလို Window is activate လို့ ပြပါလိမ့်မယ်။ ဒါဆိုရင် အဆင်ပြေသွားပါပြီ။
Window 7 Crack file လေးကို ဒီမှာ ဒေါင်းလိုက်ပါအုံး။
Window တွေဟာ driver သိမှ အသံထွက်တာတို့ DVD ကြည့်လို့ရတာတို့ လုပ်လို့ ရမှာပါ။ စာရွက် ထုတ်ဖို့ printer driver တင်ပေးရတာတို့ လုပ်ရမှာပါ။ ကျွန်တော်နောက်တစ်ခါတင်လျှင် driver တင်ပုံတင်နည်းလေး ရေးပေးပါ့မယ်။ သိသလောက်လေးပေါ့။
 

0 comments:

Post a Comment

ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါတယ်. ♪♫#*♥winaung♥*#♫♪...၏

ဆိုဒ်လေးမှနွေးထွေးစွာကြိုဆိုပါ၏..သည်ဆိုဒ်လေးစတင်သည်ခုနုစ်

(03/october/2012)မှသည်ဆိုဒ်လေးသည်နည်းပညာများ

ဆာ့ဝဲလ်းများလေ့လာရှာဖွေရင်းစတင်စုဆောင်ထာသည်ဆိုဒ်လေးဖြစ်ပါသည်..

ကျွန်တော်လိုချင်တဲ့ချိန်မှာရှာရတာလွယ်ကူအောင်.သည်နေရာလေးမှာစုထာချင်းဖြစ်ပါသည်...

မိတ်ဆွေများလဲလိုချင်တာများခွင့်တောင်းစရာမလိုယူသွားနိုင်ပါသည် .....ရွှင်လန်းချမ်းမြေ့ပါစေ..

မိမိဘလော့ကို submit မှန်မှန် လုပ်ပေးခြင်းဖြင့် မိမိဘလော့ မြန်ဆန်မည်ရှင်းလင်းမည် မောက်တင်ပြီး ကျလာတဲ့ဘောက်ထဲမှာ မိမိဘလော့လိပ်စာ ထည့်ကာ Submit ကလစ်လိုက်ပါ ဒါဆို နောက်ဇယားတစ်ခုမှ သင့်အီးမေးကို ထည့်ပြီးSubmit လုပ်လိုက်ပါ

<<<အထူးဧည့် သည်တော်များ>>> Flag Counter

Share

Twitter Delicious Facebook Digg Stumbleupon Favorites