♫♪၀ါသနာတူMember ၀င်ထားကြတဲ့ မိတ်ဆွေများ♪♫

11/09/2012

TeamViewer အသုံးပြုနည်း

nl TeamViewer 7.0.13936 Free + Portable id



Aungkhinsoe: TeamViewer ဆော့ဝဲလ် အသုံးပြုပုံလေးသိချင်လို့ရှင်းပြပေးပါခင်ဗျာ။

TeamViewer အသုံးပြုနည်းလေးကို မသိသေးသူများအတွက် မျှဝေပေးလိုက်ပါတယ်... ဒါပေမဲ့ ကျနော် Software တိုင်းကို တခုချင်း လိုက်ပြီး မစမ်းအားပါဘူး... ဒါလေးကတော့ တိုက်ဆိုင်နေလို့ မျှဝေလိုက်တာပါ ... Software ဆိုတာကတော့ ကိုယ်တိုင် ဒေါင်းယူ ကလိကြည့်မှသိရတာမျိုးပါ..။ပြီးတော့ Software တိုင်းကလဲ ဒီ ဆော့ဝဲလ် ဟာ ဘာအတွက် အသုံးပြုတယ်,ဘယ်လို Install ရတယ် ဆိုတာတွေကို သက်ဆိုင်ရာ Software Home Page တွေမှာ ပုံ နဲ့ သော်လည်းကောင်း Video နဲ့သော်လည်းကောင်း ပြထားပေးတတ်ကြပါတယ် ..။

 ပြီးတော့ ဒီလိုမျိုး ပို့စ် တစ်ပုဒ်ရေးဖို့ဆိုတာလည်း လိုအပ်တဲ့ Software ရှာရ Screenshot ယူရ ကိုယ်တိုင် စမ်းသပ်ရနဲ့ အချိန်တွေအများကြီးပေးရပါတယ် ...။ ဆိုတော့ ... ဝမ်းနှုတ်ဆေးချည်းပဲ အားကိုးလို့မရပါဘူး ကိုယ်တိုင်ကလဲ ညှစ်အားလေးသုံးပေးပါမှ အဆင်ပြေမှာပါ....:D ..  ကဲ.....ကိုယ်တိုင်လေ့လာပြီး သင်ယူတတ်မြောက်နိုင်ကြပါစေဗျားးးး... ^_^

Install လုပ်နည်းလေးပါ တခါထဲ ရေးပေးလိုက်ပါတယ်.. အောက်မှာ တင်ပေးထားတဲ့ TeamViewer ဆော့ဝဲလ် ကို ဒေါင်းယူလိုက်ပါ...။ ဒေါင်းယူလို့ ရလာတဲ့ TeamViewerPortable.exe ဖိုင်လ်လေးကို Double Click နဲ့
Install ပေးလိုက်ပါ..။

ပုံထဲကအတိုင်း နံပါတ် အစဉ်လိုက် နှိပ်ပေးပြီး Install လိုက်ပါ..။

Desktop ပေါ်မှာရောက်လာတဲ့ (1) TeamViewer ဖိုလ်ဒါလေးကို ဖွင့်ပါ ..
(2) TeamViewerPortable ကို နှိပ်ပြီး ဖွင့်လိုက်ပါ..။

နံပါတ် (1) က ကိုယ်ပိုင် ID  နဲ့   Password ဖြစ်ပါတယ်..။
နံပါတ် (2) က တော့ ကိုယ်ဝင်ကိုင်ပေးမဲ့ သူငယ်ချင်း ကွန်ပြူတာ ရဲ့ ID ကို ထည့်ပေးရမှာပါ..
တကယ်လို့ ကိုယ့်ကွန်ပြူတာကို ဝင်ကိုင်စေချင်ရင်တော့ နံပါတ် (1) က ID  နဲ့ Password ကို
Gtalk ကနေ ဒါမှမဟုတ် တနေရာရာကနေ သူငယ်ချင်းဆီကို ရောက်အောင် ပို့ပေးလိုက်ပါ.. တခြားဖက်က သူငယ်ချင်းကလည်း ရလာတဲ့ ID , Password တွေကို အပ်ါကလို သက်ဆိုင်ရာ နေရာလေးတွေမှာ ထည့်ပေးလိုက်ပါ..။ နံပါတ် (3) ကိုဆက် နှိပ်ပါ ...။

နံပါတ် (1) မှာ Password ကို ထည့်ပေးပါ...။ နံပါတ် (2) Log On ကို နှိပ်ပြီး ကွန်ပြူတာ တစ်လုံးနဲ့ တစ်လုံး
ဘယ်လောက်ဝေးဝေး Internet ကွန်နက်ရှင် ရှိရုံနဲ့ သူ့ကွန်ပြူတာ ကိုယ့်ကွန်ပြူတာကို လှမ်းကိုင်လို့ ရသွားပါပြီ ...
အခြားလိုအပ်တဲ့ ဖိုင်လ် တွေ Software တွေကိုလည်း Share လုပ်နိုင်ပါသေးတယ်...။

အာလုံး အဆင်ပြေကြပါစေဗျားးးး

ဝင်းကမ္ဘာကျော် (နည်းပညာမှတ်တမ်း)

0 comments:

Post a Comment

ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါတယ်. ♪♫#*♥winaung♥*#♫♪...၏

ဆိုဒ်လေးမှနွေးထွေးစွာကြိုဆိုပါ၏..သည်ဆိုဒ်လေးစတင်သည်ခုနုစ်

(03/october/2012)မှသည်ဆိုဒ်လေးသည်နည်းပညာများ

ဆာ့ဝဲလ်းများလေ့လာရှာဖွေရင်းစတင်စုဆောင်ထာသည်ဆိုဒ်လေးဖြစ်ပါသည်..

ကျွန်တော်လိုချင်တဲ့ချိန်မှာရှာရတာလွယ်ကူအောင်.သည်နေရာလေးမှာစုထာချင်းဖြစ်ပါသည်...

မိတ်ဆွေများလဲလိုချင်တာများခွင့်တောင်းစရာမလိုယူသွားနိုင်ပါသည် .....ရွှင်လန်းချမ်းမြေ့ပါစေ..

မိမိဘလော့ကို submit မှန်မှန် လုပ်ပေးခြင်းဖြင့် မိမိဘလော့ မြန်ဆန်မည်ရှင်းလင်းမည် မောက်တင်ပြီး ကျလာတဲ့ဘောက်ထဲမှာ မိမိဘလော့လိပ်စာ ထည့်ကာ Submit ကလစ်လိုက်ပါ ဒါဆို နောက်ဇယားတစ်ခုမှ သင့်အီးမေးကို ထည့်ပြီးSubmit လုပ်လိုက်ပါ

<<<အထူးဧည့် သည်တော်များ>>> Flag Counter

Share

Twitter Delicious Facebook Digg Stumbleupon Favorites