Galk မှာ ကိုယ့်ကို ဘယ်သူတွေ block လုပ်ထားသလဲ... စမ်းသပ်နည်း. Gtalk မှာ ကိုယ် မ chat ချင်တဲ့/မကျေနပ်တဲ့ သူကို block လုပ်လို့ရတယ်ဆိုတာ အားလုံးသိပြီးသား ဖြစ်မှာပါ။ ကိုယ် block လုပ်ချင်တဲ့သူရဲ့ ID ပေါ်မှာ right-click လုပ်ပြီး block ကို ရွေးလိုက်ရုံပါပဲ။ ကိုယ့်ဘက်မှာ အဲဒီID ပျောက်သွားပြီး၊ သူ့ဘက်မှာတော့ ကိုယ်က offline ဖြစ်နေမှာပါ(သူများကိုသာ block လုပ်ချင်တာ...ကိုယ့်ကို block လုပ်တာကိုတော့ သိပ်ကျေနပ်တာမဟုတ်ဘူး။ ဟုတ်တယ်မဟုတ်လား..။ ) အဲဒီတော့ ကိုယ့်ကို block လုပ်ထား/မထားကို စစ်ကြည့်လို့ရပါတယ်။ ပထမဆုံး ကိုယ်သိချင်တဲ့သူကို ရွေးပါ..ပြီး.. 'Send voicemail' button ကိုနှိပ်ပြီး call လုပ်လိုက်ပါ။ (သူ့ကို offline အနေနဲ့ပဲမြင်ရမှာမို့ အဲဒီအချိန်မှာ 'Send voicemail' button ပဲပေါ်နေမှာပါ။) မိန်းကလေးသံနဲ့ 'The person you are trying to reach is unavailable. Please leave a message...' ဆိုတဲ့ အသံမျိုး ကြားရရင်တော့ ကိုယ့်ကို block လုပ်မထားပါဘူး။ တကယ့်ကို offline ဖြစ်နေတာပါ။ အဲလိုမဟုတ်ပဲ ခေါ်လိုက်တာနဲ့ကျ ကျသွားတယ်၊ ဘာသံမှလည်းမကြားရဘူးဆိုရင်တော့... စိတ်မကောင်းပါဘူး...သင့်ကို block လုပ်ထားတာပါ... ကဲ...ကိုယ့်ကို ဘယ်သူတွေ block လုပ်ထားသလဲသိချင်ရင် စမ်းကြည့်လိုက်ပါလား...။ သိလာပါလိမ့်မယ်....။
♫♪၀ါသနာတူMember ၀င်ထားကြတဲ့ မိတ်ဆွေများ♪♫
11/03/2012
Galk မှာ ကိုယ့်ကို ဘယ်သူတွေ block လုပ်ထားသလဲ... စမ်းသပ်နည်း.
Related Posts: Gtalk
- Gmail Gtalk အကြောင်းစုံလင်အောင်ရေးထားတဲ့ ဘာသာပြန်စာအုပ်
- Gtalk Background
- Gtalk Always Idel Free Download
- ဂျီတောပွားနည်း
- Gtalk မှာ မြန်မာစာမပေါ်ခြင်း ပြဿနာ ဖြေရှင်းနည်း
- Gtalk မှာ မြန်မာလို မပေါ်ပဲ စာရိုက်ရင် အတုံးလေးတွေပဲ ပေါ်နေလို့ စိတ်ညစ်နေတဲ့ သူတွေအတွက်
- ဂျီပုန်းများ သတိထားဖို့
- G-talk နဲ့Mobile ဖုန်းခေါ်မယ် .....
- Skype သုံးသူများအတွက်ပါ
- မိမိ Gtalk မှာ စာရိုက်နေပါသည် စာသားလေး ပေါ်စေချင်တဲ့ သူငယ်ချင်းတွေ အတွက်
0 comments:
Post a Comment
ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါတယ်. ♪♫#*♥winaung♥*#♫♪...၏
ဆိုဒ်လေးမှနွေးထွေးစွာကြိုဆိုပါ၏..သည်ဆိုဒ်လေးစတင်သည်ခုနုစ်
(03/october/2012)မှသည်ဆိုဒ်လေးသည်နည်းပညာများ
ဆာ့ဝဲလ်းများလေ့လာရှာဖွေရင်းစတင်စုဆောင်ထာသည်ဆိုဒ်လေးဖြစ်ပါသည်..
ကျွန်တော်လိုချင်တဲ့ချိန်မှာရှာရတာလွယ်ကူအောင်.သည်နေရာလေးမှာစုထာချင်းဖြစ်ပါသည်...
မိတ်ဆွေများလဲလိုချင်တာများခွင့်တောင်းစရာမလိုယူသွားနိုင်ပါသည် .....ရွှင်လန်းချမ်းမြေ့ပါစေ..