ဒီမြေပေါ် ခြေချကတည်းက
ချွေးဆိုတာ အဖော်အဖြစ်ပါလာခဲ့တာပါ
(ကံ)ကို မလွန်ဆန်နိုင်တဲ့အတွက်
အသက်စတေးခဲ့ရတာလည်း
ဒီမြေပေါ်မှာ.....
ရွှေတွေ ဘယ်လောက်များခဲ့ပြီလဲ။
ငါးပါးသီလကိုခါးဝတ်ပုဆိုးလိုမြဲရမယ်အစား
ဒုက္ခတွေပဲဖန်တစ်ရာမြဲနေကြရတယ်...
သုခဆိုတာဒုက္ခရဲ့မနက်ဖြန်ပဲလေ
တို့တတွေ...လာခြင်းကောင်းရင်
ပြန်ခြင်းလည်းကောင်းရမှာပါ
တို့မိဘ၊ တို့မိသားစုတွေအတွက်
ဒုက္ခကိုကြံ့ကြံ့ခံကြပါ"
နာကျင်မှုတွေနဲ့လဲကျနေရင်တောင်
အစွမ်းကုန်ကျုံးရုန်းထကြပါ.......
ရောင်နီဦးဆိုတာလက်တစ်ကမ်းအလိုမှာ
မုန်းတိုင်းပြီးရင် လေပြေပဲမို့
တိုက်စားခံရတဲ့ ကမ်းနားသစ်ပင် အဖြစ်ခံပါနဲ့..
ကောင်းသတင်းတွေဆိုတာ
ကောင်းချင်းတွေကပဲ သွယ်ဆောင်လာမှာမို့
ကျွန်တော်လေ....
လမ်းသစ်ရဲ့တစ်နေရာက
စေတနာဗရဗ္ဖနဲ့ မှာလိုက်ပါရစေ
ရွှေမြန်မာမလေးတို့ရေ..
မင်းတို့ပါးကသနက်ခါးပါးကွက်
ဘယ်သူဖျက်လို့မှ...
မပျက်စေနဲ့ နော်.................."'
လှိုင်ရဲအောင်
♫♪၀ါသနာတူMember ၀င်ထားကြတဲ့ မိတ်ဆွေများ♪♫
1/01/2011
ရွှေ မှာတမ်း
Related Posts: ဘလော့များ
- အမေ့အိမ်သို့ လွမ်းချင်း
- ရွှေ မှာတမ်း
- ဘ၀နဲ့ အခွင့်အရေး
- အချစ်မှာ...
- မိန်းမတွေ အလိုချင်ဆုံးအရာ
- ဒဏ္ဍာရီထဲက မိန်းမပျို (သို့ ) ရေသူမ(Mermaid)
- Google ကို မြန်မာဘာသာဖြင့် ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း
- မလေးရှားရောက် အရက်သောက်တတ်သူ မြန်မာများအတွက် အထူးသတင်း
- Facebook ပိတ်တော့မည်ဟု Facebook စာမျက်တိုင်းမှပျံနှံနေ..
- အနမ်းဆိုသည်မှာ
0 comments:
Post a Comment
ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါတယ်. ♪♫#*♥winaung♥*#♫♪...၏
ဆိုဒ်လေးမှနွေးထွေးစွာကြိုဆိုပါ၏..သည်ဆိုဒ်လေးစတင်သည်ခုနုစ်
(03/october/2012)မှသည်ဆိုဒ်လေးသည်နည်းပညာများ
ဆာ့ဝဲလ်းများလေ့လာရှာဖွေရင်းစတင်စုဆောင်ထာသည်ဆိုဒ်လေးဖြစ်ပါသည်..
ကျွန်တော်လိုချင်တဲ့ချိန်မှာရှာရတာလွယ်ကူအောင်.သည်နေရာလေးမှာစုထာချင်းဖြစ်ပါသည်...
မိတ်ဆွေများလဲလိုချင်တာများခွင့်တောင်းစရာမလိုယူသွားနိုင်ပါသည် .....ရွှင်လန်းချမ်းမြေ့ပါစေ..