♫♪၀ါသနာတူMember ၀င်ထားကြတဲ့ မိတ်ဆွေများ♪♫

6/29/2010

ဖျက်ပိုး





ဖျက်ပိုး      





ဟိုတခါကကျုပ်ချစ်သူရဲ့အကြောင်း


တစေတစောင်းပြောပါရစေ


နှောင့်နောင်နှစ်မငယ်များ


သတိထားစေချင်တဲ့စေတနာအရင်းခံနဲ့ပါ


“အဖြစ်ကဒီလိုခင်ဗျ…“


အစရဲ့အစမှာပေါ့


ကျုပ်တို့ဘ၀ရှေ့ရေး


အေးစေးစွာလျှောက်လှမ်းနိုင်ဖို့


ငွေရှာရန်စွန့်စား


မလေးရှားကိုရောက်ခဲ့ပါတယ်


ချစ်သူရဲ့အမှာစကားများ


ကျုပ်အလေးထားပြီး


ကောင်စွာဆောက်တည်နေထိုင်ခဲ့ပါတယ်


အရက်..ဖဲမိန်းမကိစ္စ


ကျုပ်ဘ၀မှာရှိကိုမရှိခဲ့ပါဘူးဗျာ


ဒီလိုနဲ့တစ်နှစ်အကြာ


ချစ်သက်လျာကပူဆာလာတယ်


မောင်တစ်ထမ်း..မယ်တစ်ရွက်


ခြေဖ၀ါးထက်လိုက်ပါယှဉ်


သူလည်းကြိုးစားကာရှာချင်လို့


မလေးရှားကိုလိုက်လာဖို့ဆိုပါတယ်


ကျုပ်ရဲ့တားမြစ်စကား


မြောင်းထဲမှာထားပြီး


သူရောက်ရှိလာခဲ့တယ်


မလေးရှားရောက်ပြီးဘယ်မကြာ


တစ်လသာသာမှာပဲ


သူရဲ့အသဲတစ်ခြမ်းလို့ဆိုခဲ့ကျုပ်ကို


မေတ္တာကြိုးတံတားပြတ်စဲကာသွားလေရဲ့ဗျာ


နှစ်လအကြာမှာတော့


အဿပြာရွှင်တဲ့အသစ်လင်


ရွှေထုပ်အစစ်ထင်ပြီး


ကုပ်ကုပ်ပင်လိုက်သွားလေရဲ့


ဒီရှေမြန်မာနဲ့ဘာကြာလိပ်မတုန်း


မလေးအဘန်းရဲ့စကားလုံးအောက်


သူစုန်းစုန်းမြုပ်ရောက်ရှိကာသွားပြန်ရော


မလေးသားမှ…မလေးသား


ဒီမြန်မာတွေအလကားလို့


သူစိတ်ထဲစွဲမြဲကာထာလေရဲ့


လေးငါးလအကြာ


မလေးသားကခွာသွားတော့


ရွှေမြန်မာများအနား


ရှက်ကြောပြတ်ကာနားပြန်ရဲ့


(မကြာပါဘူးဗျာ…)


အခုတော့တစ်ပင်ထူ


ငွေအဿပြာလှူနိုင်တဲ့


နီပေါလူကိုမှ..လင်အဖြစ်ယူပြန်မတဲ့ဗျာ


(ကဲ……ကြား………ကြားလို့မှကောင်းသေးရဲ့….လား)


ငွေသာအဓိကငွေပသာပဓါနနဲ့


တန်းဖိုးမဲ့ဂုဏ်သိက္ခာ


စိတ်ဓါတ်ကင်ဆာခံစားနေရတဲ့မင်းကို


တစ်ခုတော့တောင်းဆိုချင်ပါရဲ့


ဘယ်သူမေးမေးမင်းဖြေပေးပါ


ု(ကျွန်မမြန်မာမဟုပ်ပါဘူးလို့…“

3 comments:

မညာနဲ့နော်

အလေးအနက်မရှိသူတွေ အတွက်ကတော့ အစကတည်းက မြန်မာ လို့ ကိုယ့်ကိုယ်ကိုယ် ထင်မှာမဟုတ်ပါဘူး။

ဟုတ်ရဲ့လား ရှင် တကယ်အဖြစ်အပျက်လား ..

Post a Comment

ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါတယ်. ♪♫#*♥winaung♥*#♫♪...၏

ဆိုဒ်လေးမှနွေးထွေးစွာကြိုဆိုပါ၏..သည်ဆိုဒ်လေးစတင်သည်ခုနုစ်

(03/october/2012)မှသည်ဆိုဒ်လေးသည်နည်းပညာများ

ဆာ့ဝဲလ်းများလေ့လာရှာဖွေရင်းစတင်စုဆောင်ထာသည်ဆိုဒ်လေးဖြစ်ပါသည်..

ကျွန်တော်လိုချင်တဲ့ချိန်မှာရှာရတာလွယ်ကူအောင်.သည်နေရာလေးမှာစုထာချင်းဖြစ်ပါသည်...

မိတ်ဆွေများလဲလိုချင်တာများခွင့်တောင်းစရာမလိုယူသွားနိုင်ပါသည် .....ရွှင်လန်းချမ်းမြေ့ပါစေ..

မိမိဘလော့ကို submit မှန်မှန် လုပ်ပေးခြင်းဖြင့် မိမိဘလော့ မြန်ဆန်မည်ရှင်းလင်းမည် မောက်တင်ပြီး ကျလာတဲ့ဘောက်ထဲမှာ မိမိဘလော့လိပ်စာ ထည့်ကာ Submit ကလစ်လိုက်ပါ ဒါဆို နောက်ဇယားတစ်ခုမှ သင့်အီးမေးကို ထည့်ပြီးSubmit လုပ်လိုက်ပါ

<<<အထူးဧည့် သည်တော်များ>>> Flag Counter

Share

Twitter Delicious Facebook Digg Stumbleupon Favorites