♫♪၀ါသနာတူMember ၀င်ထားကြတဲ့ မိတ်ဆွေများ♪♫

1/01/2011

အမေ့အိမ်သို့ လွမ်းချင်း

အမေ...ကရုဏာအပြုံူးများနှင့်

အမြဲတမ်း အားပေးတတ်တယ်

ဘယ်အရာမဆိုမေတ္တာထားလို့

အပြုံ့းများနှင့်သွန်သင်ဆုံးမတတ်တဲ့

အနှိုင်းမဲ့မေတ္တာတော်ရှင်...ချစ်မေမေ

ငြီးငွေ့ဖို့ကောင်းတဲ့ မလေးမြေထဲ

ဆန်ကြမ်းထမင်း ချဉ်ရေဟင်းနဲ့

ဇာတ်လိုက်ကကြက်ဥ

မသေရုံတမယ် ၀မ်းရေးကျောင်းရင်း

အမေ့လက်ရာဟင်းလျာတွေကို

ရင်မှာအမြဲတမ်းတမိမိတယ်...အမ

အမေ့မေတ္တာကို..အေးရိတ်ခွာလို့

မလေးမြေထဲပူပန်မှုများစွာနဲ့

ကြမ်းတမ်းတဲ့...ဘ၀လမ်းကိုလျှောက်လှမ်းခဲ့တာ

ကာလလည်း မနည်းတော့ဘူး"

အမေ့အေးရိပ်ပြန်ချင်စိတ်က..

တားမရသော်လည်း..အံကိုကြိတ်ရင်း

ရည်မှန်းချက်တွေ ပြည့်တဲ့တစ်နေ့..

အမေ့အေးရိပ်ပြန်ခိုလှုံထို့ သားပြန်လာခဲ့ပါမယ်...

ချစ်မေမေ..................................." "
Read More
Share/Bookmark

ရွှေ မှာတမ်း

ဒီမြေပေါ် ခြေချကတည်းက

ချွေးဆိုတာ အဖော်အဖြစ်ပါလာခဲ့တာပါ

(ကံ)ကို မလွန်ဆန်နိုင်တဲ့အတွက်

အသက်စတေးခဲ့ရတာလည်း

ဒီမြေပေါ်မှာ.....

ရွှေတွေ ဘယ်လောက်များခဲ့ပြီလဲ။

ငါးပါးသီလကိုခါးဝတ်ပုဆိုးလိုမြဲရမယ်အစား

ဒုက္ခတွေပဲဖန်တစ်ရာမြဲနေကြရတယ်...

သုခဆိုတာဒုက္ခရဲ့မနက်ဖြန်ပဲလေ

တို့တတွေ...လာခြင်းကောင်းရင်

ပြန်ခြင်းလည်းကောင်းရမှာပါ

တို့မိဘ၊ တို့မိသားစုတွေအတွက်

ဒုက္ခကိုကြံ့ကြံ့ခံကြပါ"

နာကျင်မှုတွေနဲ့လဲကျနေရင်တောင်

အစွမ်းကုန်ကျုံးရုန်းထကြပါ.......

ရောင်နီဦးဆိုတာလက်တစ်ကမ်းအလိုမှာ

မုန်းတိုင်းပြီးရင် လေပြေပဲမို့

တိုက်စားခံရတဲ့ ကမ်းနားသစ်ပင် အဖြစ်ခံပါနဲ့..

ကောင်းသတင်းတွေဆိုတာ

ကောင်းချင်းတွေကပဲ သွယ်ဆောင်လာမှာမို့

ကျွန်တော်လေ....

လမ်းသစ်ရဲ့တစ်နေရာက

စေတနာဗရဗ္ဖနဲ့ မှာလိုက်ပါရစေ

ရွှေမြန်မာမလေးတို့ရေ..

မင်းတို့ပါးကသနက်ခါးပါးကွက်

ဘယ်သူဖျက်လို့မှ...

မပျက်စေနဲ့ နော်.................."'



လှိုင်ရဲအောင်
Read More
Share/Bookmark

ဘ၀နဲ့ အခွင့်အရေး


တစ်ခါပဲဖြစ်ခွင့်ရတဲ့ ဘ၀မှာ လုပ်ခွင့်ရတဲ့ အခွင့်အရေးဟာလဲ တစ်ခါပဲရှိတယ်။



တစ်ခါပဲဖြစ်ခွင့်ရတဲ့ ဘ၀မှာ လုပ်ခွင့်ရတဲ့ အခွင့်အရေးဟာလဲ တစ်ခါပဲရှိတယ်။

ကိုယ်တကယ်ချစ်တဲ့ လူနဲ့ဆုံတဲ့အခါ သူနဲ့တစ်သက်သာ လက်တွဲနိုင်ဖို့ ကြိုးစားပါ။

သူမရှိတော့ရင် အရာအားလုံးက နှောင်းသွားလိမ့်မယ်။



ကိုယ်ယုံကြည်ရတဲ့ သူငယ်ချင်းနဲ့ ဆုံတဲ့အခါ သင့်မြတ်အောင်

နေထိုင်နိုင်ဖို့ ကြိုးစားပါ။

ဘ၀တစ်လျှောက်မှာ ကိုယ်နဲ့သဘောထားချင်း တိုက်ဆိုင်သူနဲ့ ဆုံဖို့ဆိုတာ မလွယ်လှဘူး။



ကိုယ့်ဘ၀ကို ကူညီတဲ့လူနဲ့ ဆုံတဲ့အခါ သူ့ကျေးဇူးကို မှတ်ထားပါ။

သူဟာ ကိုယ့်ဘ၀ကို လှည့်ပြောင်းပေးခဲ့သူ ဖြစ်လို့ပါပဲ။



ကိုယ်ချစ်ခဲ့ဖူးတဲ့လူနဲ့ ဆုံတဲ့အခါ ပြုံးပြပြီး ကျေးဇူးတင်ကြောင်းပြောပါ။

သူ့ကြောင့် အချစ်ကို ပိုနားလည်စေခဲ့လို့ပါပဲ။



ကိုယ်မုန်းခဲ့ဖူးတဲ့လူနဲ့ ဆုံတဲ့အခါ ပြုံးပြပြီး နှုတ်ဆက်လိုက်ပါ။

သူ့ကြောင့် ကိုယ်ပိုကြံ့ခိုင်ခဲ့လို့ပါပဲ။



ကိုယ်နဲ့အတူနေနေတဲ့၊ ကိုယ့်ကို အဖော်ပြုနေသူကို လုံးဝကျေးဇူးတင်ပါ။

သူ့ကြောင့် ပျော်ရွှင်ကြည်နှုးမှုနဲ့ ချစ်ခြင်းမေတ္တာတွေကို ကိုယ်ရနေလို့ပါပဲ။



ကိုယ့်ကို သစ္စာဖောက်သွားသူနဲ့ ဆုံတဲ့အခါ ခေါ်ပြောနှုတ်ဆက်ပါ။

သူ့ကြောင့် လောကကြီးအကြောင်းကို ကိုယ်နားလည်ခဲ့လို့ပါပဲ။



ကိုယ်တိတ်တခိုးချစ်ခဲ့ဖူးသူနဲ့ ဆုံတဲ့အခါ သူပျော်ရွှင်ဖို့ တောင်းဆုပြုပါ။

သူ့ကို ကိုယ်ချစ်ခဲ့စဉ်က သူပျော်နေတာကိုပဲ ကိုယ်မြင်ချင်ခဲ့လို့ပါ။



ကိုယ့်ကို ထားခဲ့တဲ့လူနဲ့ ဆုံတဲ့အခါ ကျေးဇူးတင်ကြောင်းပြောပါ။

ကိုယ့်ဘ၀မှာ အမှတ်တရ အတိတ်ခြေရာလေးတွေ ထင်ကျန်အောင် သူ နင်းလျှောက်ခဲ့လို့ပါပဲ။



တစ်ခါပဲဖြစ်ခွင့်ရတဲ့ ဘ၀မှာ လုပ်ခွင့်ရတဲ့ အခွင့်အရေးဟာလဲ တစ်ခါပဲရှိတယ်။
Read More
Share/Bookmark

မိမိဘလော့ကို submit မှန်မှန် လုပ်ပေးခြင်းဖြင့် မိမိဘလော့ မြန်ဆန်မည်ရှင်းလင်းမည် မောက်တင်ပြီး ကျလာတဲ့ဘောက်ထဲမှာ မိမိဘလော့လိပ်စာ ထည့်ကာ Submit ကလစ်လိုက်ပါ ဒါဆို နောက်ဇယားတစ်ခုမှ သင့်အီးမေးကို ထည့်ပြီးSubmit လုပ်လိုက်ပါ

<<<အထူးဧည့် သည်တော်များ>>> Flag Counter

Share

Twitter Delicious Facebook Digg Stumbleupon Favorites