♫♪၀ါသနာတူMember ၀င်ထားကြတဲ့ မိတ်ဆွေများ♪♫

8/01/2010

အိမ်အပြန်

သက္ကရာဇ်ခုနှစ်
ထုဆစ်တဲ့ရာသီသံရာ
ဒီဇင်ဘာဆိုတာရောက်ခဲ့ပြီ
ခေတ်တစ်ခေတ်ရဲ့အဆိုးကောင်းတွေနဲ့
အသစ်တွေအမျိုးမျိုးပြောင်းလဲနေချိန်မှာ
အသစ်တွေကရောတိမ်းစောင်းသွားပြီလား
ဘယ်အ၇ာတွေများအပြစ်ဖြစ်ခဲ့လို့လဲ
ဝေခွဲရန်မစဉ်းစားချင်မိ
သတိမရှိခဲ့ချေပြီ

ဇန်န၀ါရီတဲ့
အမှန်တရားသည်ဘယ်လိုပဲ
ဖန်တရာတေ၏လို့ပြေား''ပြေား
စောဒကတက်တဲ့လူတွေဘေးဖယ်
သွေးစက်တွေတစ်စက်ချင်းရွေးချယ်ကာ
ချွေးစက်တွေဖွဲစကွဲလို
အလဟဿမဖြစ်စေဘဲ
အတွေးကျယ်ရေးချယ်ဆန်းစစ်လို့
ဟို.....အရှေ့ဆီကပန်းခင်းတစ်ခုရောက်ဖို့
ပိတောက်ပွင့်သစ်တို့နဲ့အတူလင်းကျင်းလို့
ရွှေဝါရောင်နှစ်ကူးရန်....တို့တစ်တွေ
အတောင်ပံဖြန့်ပြန်ခဲ့ပြီ.....


                                                                                  (ကြိုးကြာနီ)
Read More
Share/Bookmark

စည်းလုံးကြဟေ့ ရွှေမြန်မာ

ဒီချိန်ခါ ''ဒို့''ခေတ်ရောက်ပြီ..
ဇာတိမြေဒို့တွေခွဲခွာ
တိုင်းခြားပြည်မှာစီးပွားရှာဖို့
သမီးသားကြင်ရာနှင့်
နှစ်ဖြာမိခင်ထားကာပင်
အလွမ်းသခင်ရင်နှင့်ခဲ့ရလေပြီ
စကားကနားမလည်
မှားတယ်မှန်တယ်ဒို့မသိ
''မလေးရှား''အမည်ရှိတဲ့
သည်တိုင်းပြည်ကို
''ဓန''လှိုင်းရိုက်ခတ်သံကြောင့်
''ယခု''မဆိုင်းရောက်ခဲ့လေပြီ
ကျွဲးနွား လှည်းအရင်းနှီးလုပ်လို့
အမေ့နားတောင်းလည်းပြုတ်ခဲ့လေပြီ
ယာမြေကိုအပေါင်ခ့
''အမောင်''မကြံတတ်လေတော့
ဗီဇာလက်မှတ်အမြန်ဖြတ်ခဲ့သည်
ရောက်ခဲ့ပါပြီသီတိုင်းပြည်သို့
အလုပ်လည်းဝင်စိတ်မရွှင်ပါ
Basic ကဆယ့်ရှစ်ကျပ်
OT ပြတ်လစဉ်
အထင်နှင့်အမြင်တကွဲတပြား
အေးဂျင်းကရောင်းစားသွားတော့
ဒို့တတွေနားကားခဲ့ရလေပြီ
အို....ဒါတွေမပြေားတော့ပါဘူး
ရွှေမြန်မာ ဒို့လူထုတို့
ရွှေအကြင်နာရင်မှာပွေ့ဖက်
ရွှေစိတ်ဓာတ်နှင့်ကူညီ
တူညီသောလက်တို့နှင့်ရည်ရွယ်ချက်တွေဆီ..
ထင်စည်းသည်မကျိုးနိုင်သလိုပ
''စည်းလုံးကြဟေ့ရွှေမြန်မာ''
နေအ၀င်မှာရွှေပဒေသာပင်စိုက်နိုင်ပါမှ
ရွှေနိုင်ငံဇာတိခရီး
ရွှေလေရင်ကြီးနှင့်ပြန်ကြမယ်.....



မျိုးကျော်(သက္ကယ်ကျင်း)
Read More
Share/Bookmark

ဥယှဉ်မှူး၏ ပန်းပျိုးလက်

မာတာပီတမိနှင့်အဖကို
တုနှိုင်းယှဉ်စရာဘယ်အရာမှ
ဤအနန္တမှာရှာမရလေဘူး
ကမ္ဘာအစမှသည်သုဉ်သည်အထိ
ကျောက်စက်ရေပမာမိမေတ္တာကို
အရောင်တွေပြောင်းသဏဏ္ဍာန်ပြောင်းနှင့်
အဟောင်းတို့နေရာအသစ်တွေပြောင်းနှစ်
အဟာင်းတို့နေရာအသစ်တွေတိုး
ခေတ်မှိစွာတိုးတက်နေရာရုပ်ဝါဒ
သိက္ခာကျစရာစိတ်ဒတ်တွေဖြင့်
ကာမနွံမှာနစ်လို့နစ်
တဏှာကြေားမှာမျောတိုင်းမျော
ဖုံးမနိုင်းဖိမရအပူလုံးကြွတော့
လက်သိပ်ထိုးထည့်ဝကွက်အပ်တာ
လက်သယ်ဆိုသလား
သားဖွားလားပဲး
သူတစ်ပါးအသက်ကိုသက်ခြင်းမှရောင်ကျဉ်ပါ၏
ဆိုလိုက်တဲ့ကတိတွေဖြင့်
ကိုယ်ရင်သွေးကိုမှသက်တဲ့အမိ
အနာဂတ်ကိုသေစေတဲ့အဖေ
လေားကတံတခါးဝခြေချမှာ
မောင်းထုတ်ခံရနီထွေးနီတာကလေးငယ်သာ
စကာပြေားတက်ခဲ့ရင်
......................................
ကိုယ့်အပြစ်ကိုဖုံးကိုယ့်အနှားကိုမရှာ
ဟိရိသြတ္တပ္ပတရာအသက်တစ်ချောင်းကိုစတေး
ရင်သွေးဆိုတာမေ့ထားလေရဲ့
အနာဂတ်၏မိခင်အပေါင်းမိခင်လောင်းတိုင်း
ပုခက်လဲးမလွှဲချင်နေ
သားချေားတေးလည်းမဆိုးချင်ထား
မွန်မြတ်စိတ်ဝင်မေတ္တာရှင်သာဖြစ်ကြပါစေ
အစဉ်ညွတ်တွားဦးထိပ်ထား၏
မိခင်အလောင်းမှမိခင်အပေါင်းနှင့်
မွေးကျေးဇူးရှင်မွေးမိခင်၏
မိဘကျေးဇူးဤတထူးအား
ဆပ်ခွင့်ရစေကြုံရစေသားကြုံစေသား..



နေပိုင်(T.Y.G)
Read More
Share/Bookmark

မမေ့သေးဘူး

နိုင်ငံခြားမှာအနေကြာခဲ့ပေမယ့်
F0reigner ကိုအထင်မကြီးခဲ့ဘူး
ရေမြေခြားလည်းပဲး
မွေးရပ်ဇာတိကိုမမေ့သေးဘူး
Pizzaတွေဘယ်လောက်ကောင်းကောင်း
ဒီအရာတွေကို ကိုယ်မကြိုက်ခဲ့ဘူး
C0I0urအနံ့မမွှေးကြိုင်တွေကင်းပြီး
တစ်သက်စွဲကျန်မယ့်လက်ဖက်ကိုပဲကြိုက်တယ်
ဆိုဖာခုံကြီးပေါ်မှာထိုင်ခဲ့ရပေမယ့်
ရွာကကောက်ရိုးပုံလောက်ဇိမ်မရှိဘူး
အရှိန်အ၀ါကြီးတဲ့လူ့အသိုင်းအ၀ိုင်းထဲမှာနေရပေမယ့်
အတော်အတန်လူသူကင်းတဲ့
လယ်ကွင်းထဲးမှာနေရတာကိုတမ်းတမိပါတယ်
Rawang ရေတံခွန်အလှကိုမမီခဲ့ဘူး
ဂျင်းဘောင်းဘိဝတ်နေရပေမယ့် ယောထမီကိုပဲနှစ်သက်တယ်
အဆောင်ရောင်တွေများတဲ့တက္ကသိုလ်ကြီးမှာတက်ခဲ့ရပေမယ့်လည်း
Rc-2 ကိုမြင်ယောင်ဆဲပဲ
အလှမ်းဝေးနေပေမယ့် အလွမ်းများကို ရင်မှာပိုက်ရင်း
မွေးရပ်မြေကို မမေ့သေးဘူး.....




ဂျိန်းဖောသူ
Read More
Share/Bookmark

မိမိဘလော့ကို submit မှန်မှန် လုပ်ပေးခြင်းဖြင့် မိမိဘလော့ မြန်ဆန်မည်ရှင်းလင်းမည် မောက်တင်ပြီး ကျလာတဲ့ဘောက်ထဲမှာ မိမိဘလော့လိပ်စာ ထည့်ကာ Submit ကလစ်လိုက်ပါ ဒါဆို နောက်ဇယားတစ်ခုမှ သင့်အီးမေးကို ထည့်ပြီးSubmit လုပ်လိုက်ပါ

<<<အထူးဧည့် သည်တော်များ>>> Flag Counter

Share

Twitter Delicious Facebook Digg Stumbleupon Favorites