အို...အဖေ
အဖေပေးတဲ့သွေး
နီရဲသေးပါတယ်
ဘယ်လိုပင်ရေတွေရောရော
အဖေသဘောဆန္ဒကို
မြေ၀ယ်မကျနားထောင်
မမှားအောင်ပြင်ဆင်
တရားနဲ့ဘောင်ဝင်သော
ပြည်သူ့သဘောရင်နှင့်ချည်
အချုပ်အခြားညီဥပဒေကိုသာ
ရွေးချယ်ပါမည်အဖေ
အို...အဖေ
ဒေ၀ဒတ်ဥာဏ်လူတစ်စုက
အသေသက်ရန်ကြံစည်စေဦးတော့
ပြည်သူ့အတွက်ရင်တော့ခံ
ဆန္ဒမှန်ဖော်ထုပ်လူကိုပင်ချုပ်ပါစေ
ကျူငုတ်ကိုတွန်းလှန်ရန်
အဆင်သင့်ပါအဖေ
အို...အဖေပြည်သူမုန်းတဲ့စစ်အာဏာကို
အမြစ်ပါမကျန်ဆွဲနှုတ်
ဦးခေါင်းဖြုတ်မြစ်မှာမျှော
မသမာသည့်မနောရှင်တွေ
အာဏာပါအသောနှင်လိုက်မည်
မျောချင်ရာမျောပါစေတော့
အို...အဖေ
မြင်လှည့်စမ်းပါ
ဘ၀ကြမ်းတမ်းမမောပန်းဘဲ
ပြည်သူ့အတွက်ကိုကြိုးပန်းလို၍
မနက်ဖြန်ဆိုတာရှိနေတိုင်း
အဖေသမိုင်းဂုဏ်ကိုဖော်
အဖေနိုင်ငံတော်လှပစေရမည်
အဖေသွေးသည်နီရဲမြဲ့ပါအဖေ
မျိုးကျော်...(သက္ကယ်ကျင်း)









***********************************





















2 comments:
လာရောက်ခံစားခဲ့ပါ၏ ။
လာရောက်ဖတ်ရှု၊ ခံစား သွားပါတယ် သူငယ်ချင်းရေ...!
လေးစားလျှက်...!
Post a Comment
ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါတယ်. ♪♫#*♥winaung♥*#♫♪...၏
ဆိုဒ်လေးမှနွေးထွေးစွာကြိုဆိုပါ၏..သည်ဆိုဒ်လေးစတင်သည်ခုနုစ်
(03/october/2012)မှသည်ဆိုဒ်လေးသည်နည်းပညာများ
ဆာ့ဝဲလ်းများလေ့လာရှာဖွေရင်းစတင်စုဆောင်ထာသည်ဆိုဒ်လေးဖြစ်ပါသည်..
ကျွန်တော်လိုချင်တဲ့ချိန်မှာရှာရတာလွယ်ကူအောင်.သည်နေရာလေးမှာစုထာချင်းဖြစ်ပါသည်...
မိတ်ဆွေများလဲလိုချင်တာများခွင့်တောင်းစရာမလိုယူသွားနိုင်ပါသည် .....ရွှင်လန်းချမ်းမြေ့ပါစေ..